အဓိဋ္ဌာန်ဗေဒင်

အဓိဋ္ဌာန်ဗေဒင်
ဒီနည်းကတော့အချိန်အနည်းငယ်ပေးပြီး စီစဉ်လုပ်ကိုင်ပြီးမှ အဓိဋ္ဌာန်နဲ့ ကံစမ်းရပါတယ်။ ဥပမာ - အရေးကြီးတဲ့ကိစ္စတစ်ခု၊ နှစ်ခု စသဖြင့် ရှိတယ်ဆိုကြပါစို့။ အဲဒီအခါမှာ ပန်းအိုးငယ်တစ်ခု (အသစ်)ကို ရှာပါ။ ဒီအိုးထဲမှာ တံခွန်၊ ကုက္ကား၊ ထီးအဖြူ အနီ၊ အမွှေးတိုင်၊ ဝါဆိုဖယောင်းတိုင်၊ပန်းအဖြူ၊ ပန်းအနီ၊ ပန်းအဝါတို့ကို စုထည့်ထားပါ။
ပြီးရင်အဓိဋ္ဌာန်နဲ့ ဗေဒင်မေးချင်သူက ဘုရားရှေ့မှာ အနည်းဆုံး ငါးပါးသီလ ဆောက်တည်ခံယူပါ။ အဲဒီနောက်(၁၀) မိနစ်ခန့် မိမိစိပ်နေကျ ဂုဏ်တော်အနက် တစ်ခုခုကို စိပ်ပါ။ ဒါမှမဟုတ် (၁၅) မိနစ်ခန့်ဂုဏ်တော်အနက် တစ်ခုခုကို စိပ်ပါ။ ဒါမှမဟုတ် (၁၅) မိနစ်ခန့် တရားထိုင်ပါ။ အားလုံးပြီးစီးရင်စောစောကပြင်ထားတဲ့ ပန်းအိုးထဲမှ ထီး၊ ပန်း စတဲ့ လှူဖွယ်ပစ္စည်းများကို မျက်စိမှိတ်ပြီးကံစမ်းနှိုက်ယူပါ။
ပစ္စည်းအလိုက်အဟောများကို အောက်မှာ ဖော်ပြပေးထားပါတယ်။
(၁)ထီး (အဖြူ)
ပြုဖွယ်ကိစ္စများ၊အနှောင့်အယှက်မရှိ လုပ်ကိုင်အောင်မြင်မယ်။ စိတ်ကို ဖြူဖြူစင်စင်ထားလို့လည်း သတိပေးရာကျတယ်။ကိစ္စ၊ ပြဿနာရပ် မရှင်းမချင်း၊ အထူးအဓိဋ္ဌာန်ပြုတဲ့ အနေနဲ့ သက်သတ်လွတ်စား၊ ပုတီးစိပ်၊တရားထိုင်ပေးပါ။ လိုအင်ဆန္ဒများ ပြည့်ဝပါလိမ့်မယ်။
(၂)ထီး (အနီ)
ပထမပိုင်းမှာသောကနဲ့ ရင်ဆိုင်ရပါမယ်။ မိမိက အစစအရာရာ ဆင်ခြင်ပြီး နေထိုင်၊ လုပ်ကိုင်၊ ပြောဆိုပါမှလည်းကြီးတဲ့အမှု ငယ်မယ်။ ငယ်တဲ့အမှု ပ,ပျောက်မယ်။ ရန်ရှိနေသေးတဲ့ ကာလ ဖြစ်တယ်။ သတိဝီရယ အထူးရှိပါလေ။
(၃)အမွှေးတိုင်
ထင်သလိုမဟုတ်ဘဲရင်ဆိုင်ဖြေရှင်းလိုက်တိုင်း အတိုက်အခံမရှိ ကြုံရမယ်။ ဆိုးမလိုလိုနဲ့ ပိုပြီးကောင်းလာမယ်။ဒါပေမဲ့ အချိန်ကာလတော့ ကြာမယ်။ ရေရှည်လုပ်ရတာမျိုး ဖြစ်မယ်။ စီးပွားရေးအတွက် ပူစရာမရှိပါ။ ကျန်းမာရေး အတော်အတန် ချို့တဲ့မယ်။
(၄)ဝါဆိုဖယောင်းတိုင်
လုပ်တဲ့အလုပ်တိုင်းမှာ ဦးစီးခေါင်းဆောင်ဖြစ်မယ်။ ဝါဆိုတိုင်ဟာ အဝါဆိုရင် အလှူတစ်ခု ပေးရဖို့ရှိတယ်။ အနီဆိုရင် စနေသားသမီးရဲ့ အနှောင့်အယှက်ဝင်မယ်။ စိုးရိမ်ဖို့တော့ မရှိပါ။ နေ့စဉ်ဘုရားမှန်မှန် ရှိခိုးပြီး အမျှအတန်းဝေ၊ မေတ္တာပို့ပါ။ ကျန်းမာရေးကအစ စီးပွားရေးအထိပြည့်ဝကောင်းမွန်နေပါလိမ့်မယ်။
(၅)ပန်း (အဖြူ)
အဆင်မပြေမှုအသေးအဖွဲ၊ ရန် အသေးအဖွဲကလေးတွေက လွဲပြီး သောကဖိစီးရလောက်အောင် ပြဿနာကြီးများ မရှိပါ။လူတိုင်း မလွှဲမရှောင်သာတဲ့ ကိစ္စမျိုးကို ဒုက္ခလို့ မသတ်မှတ်။ မငြီးထူးရင် နေပျော်တဲ့ဘဝအဆင့်အတန်းမျိုးနဲ့ နေသွားရပါလိမ့်မယ်။ ပိုပြီး အဆင်ပြေချင်ရင် သူတစ်ပါး စိတ်မချမ်းမသာဖြစ်မယ့် အပြုအမူ လုပ်ရပ်မျိုးကို အထူးရှောင်ပါ။
(၆)ပန်း (အနီ)
မိမိကကောင်းအောင်နေပါလျက်နဲ့ မနာလိုသူတချို့က အတွန်းအထိုး၊ အတိုက်အခံများ ပြုကြလိမ့်မယ်။စိတ် အနှောင့်အယှက် အတော်အတန် ဖြစ်ရုံကလွဲပြီး မိမိနစ်နာရလောက်အောင် ဆိုးဆိုးရွားရွားမဖြစ်ပါ။ ဒီနေ့ကစပြီး ပန်းအနီကိုးပွင့်ကို စနေဂြိုဟ်တိုင်တွင် (၃) ရက်တိတိ လှူပေးပါ။မိမိလက်ထိပ်ကလေးကို အပ်နဲ့ သွေးထွက်အောင် ဖောက်လိုက်ပါ။ သွေးထွက်သံယိုမှုရှိဖို့ အလားအလာရှိနေတဲ့အတွက် ယတြာပြုတာ ဖြစ်ပါတယ်။ တခြား ကြီးကြီးကျယ်ကျယ် ဘေးအန္တရာယ် မရှိပါ။ စီးပွားရေး၊ကျန်းမာရေး သင့်ပါတယ်။
(၇)ပန်း (အဝါ)
အဝါရင့်ဆိုရင်ဒီရက်ပိုင်းအတွင်း အလိုလိုနေရင်း စိတ်မကြည်မလင် ဖြစ်နေမယ်။ လောကကြီးကို မကောင်းတဲ့ဘက်ကချည်း မြင်နေမိမယ်။ ဒီရက်ပိုင်းမှာ စိတ်ကို အထူးထိန်းပြီး နေဖို့ လိုပါမယ်။
အဝါနုဆိုရင်စိတ်ကြည်လင်နေမယ်။ ဘဝမှာ မျှော်လင့်ချက် အများကြီးနဲ့ သွားနေမိမယ်။ အစစအရာရာ အဆင်ပြေအောင်မြင်လိမ့်မယ် ဆိုတဲ့ အထင်နဲ့ တက်ကြွတဲ့ လုပ်ရပ်တွေကြောင့် ခုအတောအတွင်း အဆင်ပြေအောင်မြင်မှုတွေ ပိုရမယ်။
မိသားစုအားလုံးလည်းညီညွတ်ပျော်ရွှင်နေကြမယ်။ ကျောင်းနေသူ အားလုံးလည်း စာမေးပွဲ အောင်ကြမယ်။ သာမန် ဖျားနာမှုကလေးများကလွဲပြီး ကျန်းမာရေး မညံ့ပါ။ မျှော်လင့်သလို ဖြစ်လာဖို့များတဲ့ နှစ်တစ်နှစ်လို့တောင်ဆိုနိုင်ပါတယ်။
မှတ်ချက်။ ။ ဒီသီးသန့်အဓိဋ္ဌာန်ဗေဒင်ကို ယုံယုံကြည်ကြည်နဲ့ကံစမ်းမေးမြန်းပါက ဒိဋ္ဌမှန်ကန်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆရာဒဂုန် ပြောပြသည့် နည်းစနစ်ကို အဓိဋ္ဌာန်ဗေဒင် လေ့လာသူများ သိရှိနိုင်ရန် အလို့ငှာ ပြန်လည် မျှဝေ ဖော်ပြအပ်ပါသည်။