သပြေသုံးခက် စီးပွားတက် ယတြာ

သပြေသုံးခက် စီးပွားတက် ယတြာ
==========================
သပြေဟု အမည်ရှိသည့် အညွန့်သည် လူသားတို့အားအထူးအကျိုးပေးသည်။ အရာရာအောင်စေတက်သော သလောရှိခြင်းကြောင့်အောင်သပြေဟုလည်း ခေါ်ကြသည်။ ကပ္ပလင်္ကာရကျမ်း အရ ဤကမ္ဘာမြေပေါ်တွင် ပထမဆုံး ပေါက်သောအပင်မှာ သပြေဟုဆိုထားပါသည်။
မြန်မာ့ရိုးရာ လောကီအလိုအရ သပြေသည် သောမဓါတ် သောကြာနှင့် ကြာသပတေးနံပေါင်းထားခြင်းဖြစ်ပါသည်။ သောကြာ ၆+ ကြာသပတေး ၅ ပေါင်းသော် ၁၁ရ၏။ အပူ ၁၁ မီးကို ငြိမ်းစေတက်သော သဘောရှိသည်ဟုအယူအဆလည်းရှိပါသေးသည်။ သောကြာဂြိုဟ်သက် ၂၁ + ကြာသပတေးဂြိုဟ်သက် ၁၉ ပေါင်းသော် ၄၀ရ၏။ ၄၀ ဟူသောဂဏန်းကို လောကီအလိုအရ စကားရပ်အရ လေးနေသောအရာကို ဆယ်သည်။ အဆင်ပြေစေသည်။ ကယ်ဆယ်သည်ဟုလည်း နိမိတ်ဆောင်ပါသည်။ တခြား သဘောတွေလည်းအများကြီးရှိပါသေးတယ်။
သပြေ၃ခက် နှင့် သက်ဆိုင်ရာနေ့သားအလိုက် ချည်ပဲလိုတာကြောင့် ဘယ်သူပဲ ဖြစ်ဖြစ် ဆောင်ရွက်လို့ လွယ်ကူပါတယ်။
၁။ တနင်္ဂနွေ သားသမီးများ သပြေ ၃ညွန့်ကို အနီရောင် သိုးမွှေးကြိုး (သို့ )အနီရောင် အပ်ချည်နှင့် ချည်ပြီး စနေနေ့ နံနက် ၁၁း၄၅ အချိန်တွင် အိမ်ဘုရားတွင်လှူပါ။
၂။ တနင်္လာသားသမီးများ သပြေ ၃ညွန့်ကို အဖြူရောင် သိုးမွှေးကြိုး (သို့ ) အဖြူရောင်အပ်ချည်နှင့် ချည်ပြီး ကြာသပတေးနေ့ နေ့လယ် ၁၂း၄၅ အချိန်တွင် အိမ် ဘုရားတွင်ကပ်လှူပါ။
၃။ အင်္ဂါ သားသမီးများ သပြေ ၃ညွန့်ကို ရွှေရောင်ကြိုးနှင့် ချည်ပြီး ဗုဒ္ဓဟူးနေ့ ညနေ ၃း၄၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။
၄။ ဗုဒ္ဓဟူး သားသမီးများ သပြေ ၃ညွန့်ကို အစိမ်းရောင် သိုးမွှေးကြိုး (သို့) အစိမ်းရောင် အပ်ချည်နှင့် ချည်ပြီး သောကြာနေ့နံနက် ၉း၄၅အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။
၅။ ရာဟုသားသမီးများ သပြေ ၃ညွန့်ကို နက်ပြာရောင် သိုးမွှေး (သို့ ) နက်ပြာရောင် အပ်ချည်နှင့် ချည်ပြီး အင်္ဂါနေ့ နံနက် ၉း၄၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။
၆။ ကြာသပတေးသားသမီးများ သပြေ ၃ညွန့်ကို အဝါရောင် သိုးမွှေးကြိုး (သို့ ) အဝါရောင် အပ်ချည်နှင့် ချည်ပြီး တနင်္လာနေ့ နံနက် ၈း၁၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။
၇။ သောကြာသားသမီးများ သပြေ ၃ညွန့်ကို အပြာရောင် သိုးမွှေးကြိုး (သို့ ) အပြာရောင် အပ်ချည်နှင့် ချည်ပြီး ဗုဒ္ဓဟူးနေ့ နံနက်၁၁း၁၅ အချိန်တွင် ဘုရားကပ်လှူပါ။
၈။ စနေသားသမီးများ သပြေ ၃ညွန့်ကို အနက်ရောင် သိုးမွှေး (သို့ ) အနက်ရောင် အပ်ချည်နှင့် ချည်ပြီး တနင်္ဂနွေနေ့ နံနက် ၉း၄၅ အချိန်တွင် ဘုရားကပ်လှူပါ။
ဗုဒ္ဓဘာသာ ကိုးကွယ်သူမဟုတ်သူ ဘာသာခြားသူများ အနေနှင့် ရွှေရောင် ငွေရောင် ပန်းအိုးလှလှ ထဲထိုးပြီး သပ်ရပ်သန့်ရှင်းသော အမြင့်တစ်နေရာတွင် တင်ထားနိုင်ပါသည်။
ယခုဖော်ပြသော ယတြာအစီအရင်ကို အချိန်တိတိကျကျဆောင်ရွက်ရပါမည်။ ဤယတြာ အစီအရင်ကို အပူပြဿနာ တစ်မျိုးပြီးတစ်မျိုး ကြုံနေရသူများ အလုပ်ကိစ္စအ၀၀ နှောင့်နှေးအဆင်မပြေဖြစ်နေသူများ၊ စိတ်လေးလံ့ထိုင်းမှိုင်း နေသူများ၊ စိတ်သောကရောက်နေရသူများ အထူးပြုလုပ်သင့်ပါသည်။
ဤအစီအရင်ကို တစ်ပတ်လျှင်တစ်ကြိမ် (၃)ပတ်ဆက်တိုက် ပြုလုပ်ရပါမည်။ အပတ်စဉ်ပြုလုပ်ပါက ထူးခြားစွာ ငွေဝင်ခြင်း လာဘ်ရွှင်ခြင်း ၊ပွင့်လန်းခြင်းဓါတ် စန်းပွင့်ခြင်းအပြင် ပီယ ဇေယျလာဘ ဓန အပွင့်ဓါတ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းအဆင်ပြေအောင်မြင်စေနိုင်သော ဓါတ်များရရှိစေနိုင်မည်ဖြစ်ပါသည်။ အခြားသော ယတြာနည်းများဖြင့်လည်း တွဲဖက်ဆောင်ရွက်နိုင်ပါသည်။ အားလုံးပဲ အပူသောကကင်း ကျန်းမာချမ်းသာလိုရာဆန္ဒပြည့်၀ ကြပါစေ။