ဓာတ်ကြီး (၄)ပါး ဆွမ်းကပ်နည်း

လူတွေမှာ ဓာတ်ကြီးလေးပါးနှင့် တည်ဆောက်ဖွဲ့စည်းထားပါတယ်။ အဆိုပါ ဓာတ်ကြီးလေး ပါးကား ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော တို့ ဖြစ်ပါတယ်။ ထိုဓာတ်ကြီးလေးပါးတို့ ညီညွတ် မျှတဖို့ လိုအပ်ပါတယ်။ တစ်ပါးပါး ဖောက်ပြန်ပျက်စီးပါက ခန္ဓာကိုယ်အား အကြီးအကျယ် ဒုက္ခပေးတတ်ပါတယ်။ မိမိတို့အဖို့ ရုပ်ခန္ဓာကြီးတစ်ခု ရလာပြီဆိုလျှင် ဖောက်ပြန်မှု မရှိရလေအောင် အမြဲလိုသတိထားရပါတယ်။ လူတစ်ယောက်အဖို့ နာဖျားမကျန်းဖြစ်ပြီဆိုလျှင် ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းတည်ထောက်ထားသော ဓာတ်ကြီးလေးပါးအနက် တစ်ပါး မဟုတ် တစ်ပါး ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ အစွမ်းထက်သော ဆေးဝါးများ စားသုံး ပါသော်လည်း အကြောင်းမည်သို့မျှမထူး၊ ဆေးမစူး၊ ထိရောက်မှုမရှိ။ သည့်အတွက် ထိရောက် စွာ ကူထောက်ပေးနိုင်သော အစွမ်းထက် ဓာတ်ကြီးလေးပါး ယတြာတစ်ခုကို တင်ပြလိုပါတယ်။ ဤယတြာသည် နေထိုင်မကောင်း၍ အိပ်ရာထဲလဲနေသော နာတာရှည် ဝေဒနာရှင်များ၊ ဆေးမတိုးသော လူနာများအတွက် လွန်စွာမှ အစွမ်းထက်သော ယတြာဖြစ်ပါတယ်။ ဤယတြာ သည် အလှူယတြာဖြစ်ပါတယ်။

ပြုလုပ်ရမည့်ယတြာ

ဆွမ်း - အလုပ် (၂၀)

ရေ - (၁၂) ခွက်

ဖယောင်းတိုင် - (၄) တိုင်

ယပ် - ၆ ခုတို့ကို ဓာတ်ကြီးလေးပါး အဖြစ် သတ်မှတ်ကာ လှူဒါန်းရမည့်ယတြာဖြစ်ပါတယ်။

နေ့နံအလိုက် ယတြာ ပြုလုပ်ရမည့်အချိန်

၁။ တနင်္ဂနွေသားသမီးများ - လူမမာဆိုပါက စနေနေ့နံနက် စောစောတွင် လှူပါ။

၂။ တနင်္လာသားသမီးများ - ကြာသပတေးနေ့ နံနက် စောစောတွင် လှူပါ။

၃။ အင်္ဂါသားသမီးများ - ဗုဒ္ဓဟူးနေ့ နံနက် စောစောတွင် လှူပါ။

၄။ ဗုဒ္ဓဟူးသားသမီးများ - အင်္ဂါနေ့နံနက် စောစောတွင် လှူပါ။

၅။ ကြာသပတေးသားသမီးများ - တနင်္လာနေ့ နံနက် စောစောတွင် လှူပါ။

၆။ သောကြာသား - ဗုဒ္ဓဟူးနေ့ နံနက် စောစောတွင် လှူပါ။

၇။ စနေသားသမီးများ - တနင်္ဂနွေနေ့ နံနက် စောစောတွင် လှူပါ။

ဆရာဇီဝအောင်ထွဋ်(ရောင်ပြန်မဂ္ဂဇင်း)၏ ရေးသားဖော်ပြမှုများကို မင်းသိင်္ခ ပရိသတ်ကြီးများ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်