ခင်ပွန်းကြီး (၁၀)ပါး

ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ-
ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင်
ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
ရဟန္တာ - အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ အရှင်မြတ်ကြီးများ
မာတာ - မွေးသမိခင်
ပီတု - မွေးသဖခင်
အာစရိယ - မြတ်ဆရာသမား
ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက်သိကာအရွယ်ကြီးများသူ
ဓမ္မကထိက - ဆရာ (ဓမ္မ တို့ကိုဆုံးမတတ်သောဆရာသမားများ)
ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော မိမိကို ကိုယ်၊ နှုတ်၊ နှလုံးဖြင့်ကျေးဇူးပြုဘူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များ ကိုဆိုပါသည်။
ခင်ပွန်းကြီးဆယ်ပါးကိုပြစ်မှားသူတို့ ကြုံရမည့်ဒဏ် (၁၀) ပါးရှိပါသည်။
- ပြင်းထန်သောဦးခေါင်းနာစသည့်ဝေဒနာများဖြစ်ခြင်း။
- ပိုင်ဆိုင်သောဥစ္စာပစ္စည်းများဆုတ်ယုတ်ပျက်စီးခြင်း။
- လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ်ချွတ်ယွင်းခြင်း။
- ကုသ၍မရနိုင်သောကြီးလေးသည့်ရောဂါများဖြစ်ခြင်း။
- ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
- မင်းပြစ်မင်းဒဏ်ခံရခြင်း။
- မတရားသဖြင့်စွပ်စွဲခံရခြင်း။
- ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း။
- စည်းစိမ်ဥစ္စာအခြွေအရံများပျက်စီးခြင်း။
- နေရာတိုက်အိမ်မီးလောက်ပျက်စီးခြင်း။
ခင်ပွန်းကြီးဆယ်ပါးအားပူဇော်လျှင်ရနိုင်မည့်ကောင်းကျိုး (၁၀)ပါး
- အစားအစာမရှားပါးခြင်း။
- ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း။
- ရန်သူမျိုးငါးပါးနှင့်ကင်းဝေးနိုင်ခြင်း။
- လူချစ်လူခင်ပေါများခြင်း။
- ပရိသတ်အလယ်၌တင့်တယ်စွာနေနိုင်ခြင်း။
- ကောင်းသတင်းကျော်စောခြင်း။
- အခြွေအရံများခြင်း။
- စီးပွားဥစ္စာဖွံဖြိုးတိုးတက်ခြင်း။
- ဘေးဒုက္ခကြုံသော်အကူအညီရခြင်း။
- သားကောင်းသမီးကောင်းရရှိနိုင်ခြင်း။
#အင်တာနက်စာမျက်နှာ