ကိုယ်က ဘယ်ရာသီခွင်တွေနဲ့ လိုက်ဖက်မှု အရှိဆုံးလဲ?

♈ မိဿရာသီဖွား (မတ်လ ၂၁ ရက် မှ ဧပြီလ ၂၀ ရက် အတွင်း)
၁၂ ရာသီခွင်ရဲ့ ပထမဆုံးသောသူများ ဖြစ်ပါတယ်။ အားမာန်တက်ကြွတယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ အရာရာကို အကောင်းဆုံးဆောင်ရွက်ဖို့ အမြဲတောက်လောင်နေတဲ့ ဆန္ဒရှိကြတယ်။ မိဿရာသီဖွားတစ်ဦးနဲ့ ဆုံတွေ့ရခြင်းဟာ ရက်စက်ခက်ထန်ပြီး ဘယ်သူမှ မတားဆီးနိုင်တဲ့ စစ်သည်ရဲမက်တစ်ဦးနဲ့ လုပ်ငန်းအတူတူ လုပ်ကိုင်ဆောင်ရွက်ရတာမျိုးနဲ့ တူနေပါလိမ့်မယ်။ စိတ်အဆင်မပြေတဲ့ နေ့မှာတော့ သူတို့ဟာ အားကောင်းတဲ့စိတ်ဆန္ဒနဲ့ ပြင်းထန်တဲ့အားမာန်ဒေါသဟာ ကလေးဆန်ဆန်ဖြစ်ပြီး ဝုန်းဒိုင်းကြဲနေတတ်ပါတယ်။ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကိုသာ လုံလုံလောက်လောက် ရမထားဘူးဆိုရင် သူတို့ဟာ တဇွတ်ထိုးတဇောက်ကန်းတွေ ဖြစ်နေတတ်ပါတယ်။
မိဿရာသီဖွားတွေရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်အားတက်ကြွမှုတွေဟာ သိဟ်ရာသီနဲ့ ဓနုရာသီဖွားတွေအပေါ် လွှမ်းမိုးထားပါတယ်။ အဲဒီလို လွှမ်းမိုးနိုင်မှုကြောင့်ပဲ သူတို့ဟာ စွန့်ဦးတီထွင်နိုင်စွမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေကို ပိုင်ဆိုင်လာစေတယ်။ မိဿရာသီဖွားတွေနဲ့ တူရာသီဖွားမှာတော့ တစ်ဦးကိုတစ်ဦး ထောက်ပံ့ဖို့အတွက် အကောင်းဆုံး အရည်အသွေးတွေ ရှိနေကြပါတယ်။ တခြားရာသီခွင်တွေထက် ပိုပြီး ရှေးရိုးစွဲဆန်တဲ့ ကရကဋ်ရာသီဖွားတွေနဲ့ မကာရ ရာသီဖွားတွေကတော့ ပင်ကိုစွမ်းရည်ရှိကြတဲ့ မိဿရာသီဖွားတွေကို ယှဉ်ပြိုင်ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ဂရုတစိုက်နဲ့ အစီအစဉ်တကျ လုပ်တတ်တဲ့ သူတို့ကြောင့် မိဿရာသီဖွားတွေအဖို့ ပျင်းရိငြင်းငွေ့ဖွယ်ရာ ဖြစ်တတ်ပါတယ်။ မိဿတွေရဲ့ စိတ်လိုက်မာန်ပါ လုပ်လေ့ရှိတဲ့ အကျင့်ကြောင့် ရံဖန်ရံခါ အလုပ်မတွင်ကျယ်ဘဲ နှေးကွေးတတ်တယ်။ မိဿရာသီဖွားတွေအနေနဲ့ စိတ်ကို လျှော့ပြီး အပြန်အလှန် နားလည်မှုနဲ့ ဆောင်ရွက်မှသာ အကျိုးများစေပါလိမ့်မယ်။
♉ ပြိဿရာသီဖွားများ (ဧပြီလ ၂၀ ရက် မှ မေလ ၂၀ ရက်အတွင်း)
လက်တွေ့ကျကြတယ်။ ချစ်ခြင်းမေတ္တာတရားကို သက်ဝင်ယုံကြည်ကြတယ်။ ကောင်းမွန်တဲ့ အရာတွေအပေါ်မှာ တန်ဖိုးထားတတ်ကြတယ်။ ကာမဂုဏ်အာရုံခံစားမှု ကြီးမားတယ်။ ချစ်ခြင်းမေတ္တာကို အစဉ်မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုအဖြစ် မှတ်မိနေတတ်တယ်။ လက်တွေ့ကျတဲ့ ကန်ရာသီဖွားတွေနဲ့ အလုပ်ကြိုးစားတဲ့ မကာရရာသီဖွားတွေကို ပြိဿတွေက သူတို့ရဲ့ သောကြာဂြိုလ် စွမ်းရည်တွေနဲ့ ညှို့ငင်ဆွဲဆောင်ထားနိုင်စွမ်းရှိတယ်။ ပြိဿရာသီဖွားတွေရဲ့ဘဝမှာ ဇိမ်ကျကျနေထိုင်တတ်ခြင်းဟာ သဘောကျဖို့ကောင်းတယ်။ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဗြိ စ္ဆာရာသီဖွားတွေကလည်း ပြိဿရာသီဖွားတွေနဲ့ အတူလက်တွဲဖို့ စိတ်ဝင်စားတတ်ကြပါတယ်။ သူတို့နှစ်ခုစလုံးဟာ ကူးပြောင်းခြင်းနဲ့ ဆက်နွယ်နေကြပါတယ်။ ( ဆောင်းဦးနဲ့ နွေဦးကို ကိုယ်စားပြုထားတာ) ဒီရာသီဖွားနှစ်ခုဟာ ပူးပေါင်းမိသွားကြမယ်ဆိုတော့ ပြောင်းလဲခြင်းတွေ၊ အသစ်တဖန် ဖြစ်ပေါ်ခြင်းတွေနဲ့အတူ သူတို့ဟာ အချင်းချင်း တန်ဖိုးထားမိသွားပါလိမ့်မယ်။
ပြောရခက်ပြီး အလျှော့မပေးစတမ်း ခေါင်းမာတတ်ကြတာလည်း ပြိဿတွေရဲ့ အကျင့်ပါပဲ။ အဲဒီလို အကျင့်စရိုက်မျိုးတွေကို ပြိဿရာသီဖွားတွေဟာ သူတို့နည်းတူပဲ သိဟ်ရာသီဖွားတွေနဲ့ ကုံရာသီဖွားတွေဆီမှာရှိကြောင်း သတိထားမိကြလိမ့်မယ်။ ဒီရာသီဖွားသုံးခုစလုံးဟာ ဇွတ်တရွတ်နိုင်ပြီး ခေါင်းမာကြတာချင်း အတူတူပါပဲ။ အဲဒီတော့ သူတို့အချင်းချင်းသာ လုပ်ငန်းအတူတူ တွဲဖက်လုပ်ကိုင်ကြမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး အားပြိုင်နေကြသလို ခံစားရမှာ အမှန်ပဲ။ ဒါကြောင့် … သိဟ်၊ ကုံ၊ ဗြိစ္ဆာရာသီဖွားတွေနဲ့ လက်တွဲကြမယ်ဆို စေ့စပ်သေချာဖို့၊ ရေရှည်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေဖို့ မဖြစ်မနေ ညှိုနှိုင်းဆောင်ရွက်တတ်ဖို့ လိုပါတယ်။ သည်းခံစိတ်ရှိအပြင် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလွယ်ဖို့လည်း လိုအပ်ပါတယ်။
♊ မေထုန်ရာသီဖွားများ (မေလ ၂၁ ရက် မှ ဇွန်လ ၂၀ ရက်အတွင်း)
သူတို့နဲ့ ဆုံတွေ့ရခြင်းဟာ သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံပါ။ သူတို့ဟာ စိတ်အပြောင်းအလဲမြန်ပြီး မိတ်ဆွေအပေါင်းအသင်းလည်း အင်မတန်များတယ်။ အပြန်အလှန်ဆက်ဆံရေးတွေနဲ့ နေ့စဉ်ဘဝ စွန့်စားခန်းတွေကနေ သူတို့ဟာ အမြဲလိုလို Motivation လိုအပ်နေတယ်။ လိင်စိတ်နိုးကြားကြတယ်။ မေထုန်ရာသီဖွားတွေရဲ့ သွက်လက်ချက်ချာပြီး ဟာသဉာဏ်ရွှင်ခြင်းကို တူရာသီဖွားတွေနဲ့ကုံရာသီဖွားတွေက အသိအမှတ်ပြု သဘောကျကြတယ်။ မေထုန်ရာသီဖွားတွေဟာ တကယ့်ကိုပဲ အခြားသူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိကြတယ်။ ရာသီခွင်တွေထဲမှာတော့ ဓနုရာသီဖွားနဲ့ မေထုန်ရာသီဖွား အတွဲဟာ တက်ကြွပြီး ပြောင်းလဲနိုင်စွမ်း အရှိဆုံးပဲ ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ သဘာဝအတိုင်း စွန့်စားမှုကို နှစ်လိုကြတယ်။ သူတို့နှစ်ဦးသာ ပူးပေါင်းမိသွားမယ်ဆိုရင် မယုံကြည်နိုင်လောက်အောင် ဖန်တီးနိုင်စွမ်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ နောက်ပြီး၊ ပျော်စရာအကောင်းဆုံး ချစ်ခြင်းမေတ္တာကိုလည်း ပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်။
ကံဆိုးတဲ့နေ့မှာတော့ မေထုန်ရာသီဖွားတွေဟာ သူ့ရဲ့ဆတ်ကော့လတ်ကော့နဲ့ မတည်ငြိမ်မှု၊ စိတ်မချရမှုတွေကြောင့် နာမည်ဂုဏ်သတင်း ကျဆင်းခြင်းနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အကျိုးသင့်အကြောင်းသင့် တွေးခေါ်လေ့ရှိတဲ့ ကန်ရာသီဖွားတွေနဲ့ ပင်ကိုဗီဇစိတ်အရ သိတတ်နားလည်တတ်တဲ့ မိန်ရာသီဖွားတွေဟာ ပြောင်းလဲလွယ်တဲ့ မေထုန်ရာသီဖွားတွေကြောင့် အခက်တွေ့တတ်ပါတယ်။ အဲဒါကြောင့် ကန်ရာသီဖွားနဲ့ မိန်ရာသီဖွားတွေသာ တွဲဖက်မယ်ဆိုရင် မေထုန်ရာသီဖွားတွေအနေနဲ့ စာနာရိုင်းပင်းမှု ပိုမိုထားရပါလိမ့်မယ်။ သူတို့နဲ့ လက်တွဲလုပ်ဆောင်သူတွေရဲ့ လိုအင်ကိုလည်း နားလည်ပေးရပါမယ်။ ရံဖန်ရံခါ စိတ်လျှော့ပြီး ပေါ့ပေါ့ပါးပါး ဆောင်ရွက်ခြင်းက အမှားမရှိနိုင်ကြောင်း မမေ့ဖို့လိုအပ်ပါတယ်။
♋ ကရကဋ်ရာသီဖွားများ (ဇွန်လ ၂၁ ရက် မှ ဇူလိုင် ၂၂ ရက်အတွင်း)
'လ' (Moon) ပိုင်စိုးထားတဲ့ ရေရဲ့သင်္ကေတဖြစ်တယ်။ သူတို့ဟာ အလွန်အမင်း စိတ်ထိခိုက်လွယ်ကြတယ်။ အားနည်းချက်တွေကို မဖော်ထုတ်ခင် သစ္စာရှိမှုနဲ့ယုံကြည်မှုကို အရင်ထူထောင်ဖို့ သူတို့အတွက် လိုအပ်တယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ မိန်ရာသီဖွားတွေဟာ မိတ်ဖက်တွေ ဖြစ်ကြတယ်။ မယုံကြည်နိုင်လောက်အောင် အံ့ဖွယ်ထူးကဲတဲ့ ပင်ကိုသိစိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေလည်း ပိုင်ဆိုင်ကြတယ်။ ဗြိစ္ဆာ၊ မိန်နဲ့ ကရကဋ်ရာသီဖွားတွေသာ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ ဖြစ်မယ်ဆိုရင် တချို့ကိစ္စတွေကို နှုတ်က ပြောစရာမလိုဘဲ နားလည်တဲ့အထိ စိတ်တူကိုယ်တူ ဖြစ်ကြလိမ့်မယ်။ စိတ်ခံစားမှုနည်းပါးတဲ့ အလုပ်ကြိုးစားသူ မကာရ ရာသီဖွားတွေဟာ ကရကဋ်ရာသီဖွားတွေရဲ့ ထိခိုက်လွယ်ပြီး နူးညံ့တဲ့အာရုံနိုင်စွမ်းကို အသိအမှတ်ပြု သဘောကျကြတယ်။ သူတို့နှစ်ဦးဟာ အတူတူနေထိုင်ဖို့ အကောင်းဆုံးသော ရာသီခွင်တွေပဲ ဖြစ်တယ်။ အဲဒီဆန့်ကျင်ဘက် ရာသီဖွားနှစ်ခုစလုံးဟာ အဆောက်အအုံတွေ ဆောက်လုပ်ရတာမှာ ဝါသနာထုံကြတယ်။ ပြီးတော့ … ရာသီဖွားနှစ်ခုလုံးဟာ ကာမစိတ် မူမမှန်တဲ့ကိစ္စတွေဆီကို ဦးတည်တတ်တယ်။ ဒါကို သတိထားဖို့ လိုပါတယ်။
သူတို့ဟာ သူတို့ရဲ့ နက္ခတ်ဝိညာဉ်သတ္တဝါအတိုင်း ရုန်းကန်ရတတ်တယ်။ တစ်ခါတရံ ခက်ခဲတဲ့အခြေအနေကို ရင်မဆိုင်လိုဘဲ ရှောင်တိမ်းလိုကြတယ်။ ပွင့်ပွင့်လင်းလင်းရှိတဲ့ မိဿရာသီဖွားတွေနဲ့ ဆက်ဆံရေးပြေပြစ်တဲ့ တူရာသီဖွားတွေဟာ ကရကဋ်ရာသီဖွားတွေကို နှစ်လိုကြမှာ မဟုတ်ဘူး။ တကယ်လို့သာ အဲဒီရာသီဖွားတွေနဲ့ အတူတူ လုပ်ဆောင်စရာတွေ ရှိလာမယ်ဆိုရင် ကရကဋ်ရာသီဖွားတွေအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ကရကဋ်တွေအနေနဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့ ပိုမိုရိုးရှင်းတဲ့ နည်းလမ်းတွေကို သုံးသင့်ပါတယ်။ မိဿရာသီဖွားနဲ့ တူရာသီဖွားတွေဟာ ကရကဋ်ရာသီဖွားတွေရဲ့ရိုးသားမှုကိုတော့ လေးစားကြပါတယ်။




လေးကို ကိုင်စွဲထားတဲ့ပုံနဲ့ သင်္ကေတပြုထားတဲ့ ဓနုရာသီဖွားတွေဟာ စွန့်စားဖို့အတွက် အမြဲတမ်း အဆင်သင့်ပဲ။ သဘာဝ အတွေးအခေါ်ပညာရှင်တွေ၊ နယ်ပယ်သစ်ကို စူးစမ်းလေ့လာနိုင်စွမ်းရှိသူတွေ ၊ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းအဖြစ်အပျက်တွေကို ပြောဆိုနိုင်တဲ့ နှုတ်ရေးကောင်းသူတွေ၊ သူများကို ရယ်မောပျော်ရွှင်စေသူတွေ ဖြစ်ကြပါတယ်။ လိင်စိတ်ပြင်းထန်သူတွေလည်း ဖြစ်တယ်။ သူများကိုလည်း အသည်းခွဲတတ်ကြတယ်။ ဓနုရာသီဖွားတွေကို အသာစီးရယူဖို့ဆိုရင် သူတို့ရဲ့လွတ်လပ်မှုကို ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။ သူတို့အတွက် ပြီးပြည်စုံစေတဲ့ မိတ်ဖက်တွေကတော့ သိဟ်ရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေပဲ ဖြစ်ကြပါတယ်။ သူတို့နဲ့သာ ပေါင်းစည်းမိသွားရင်တော့ ပြင်းပြတဲ့ချစ်စိတ်တွေ ၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ရင်ဖိုပီတိဖြစ်ဖွယ် တွဲညီမှု စတာတွေကို အကျိုးများဖွယ် ခံစားရမှာပါ။ သူတို့နဲ့ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ဆန့်ကျက်ဘက်ကတော့ မေထုန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် …. ဓနုရာသီဖွားနဲ့ မေထုန်ရာသီဖွားတွေက ဘဝမှာ ရှင်သန်တယ်ဆိုတာ ကိုယ့်အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ပဲ လို့ ခံယူထားကြလို့ပါပဲ။ ဒီရာသီဖွားနှစ်ခုဟာ တစ်ဦးနဲ့တစ်ဦး ဘဝခရီးမှာ အပြန်အလှန် ကူညီထောက်ပံ့ရင်း ကိုယ့်ဖြစ်တည်ခြင်းကို ပိုမိုပြည့်စုံစေပါလိမ့်မယ်။
အကျိုးသင့်အကြောင်းသင့် ချင့်ချိန်လုပ်ဆောင်တတ်တဲ့ကန်ရာသီဖွားတွေနဲ့ စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့မိန်ရာသီဖွားတွေဟာ ဓနုရာသီဖွားတွေကြောင့် ထိခိုက်နာကျင်ရတတ်တယ်။ အဲဒါကြောင့် ဓနုရာသီဖွားတွေအနေနဲ့ မိန်ရာသီဖွား ၊ ကန်ရာသီဖွားတွေနဲ့ တွဲဖက်ရမယ်ဆိုရင် သူတို့ကို မိမိရဲ့ရဲဘော်ရဲဘက်ပမာ သဘောထားတတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် … မိမိကြောင့် နာကျင်ထိခိုက်ရတဲ့ကိစ္စတွေကိုလည်း ဓနုရာသီဖွားတွေအနေနဲ့ တောင်းပန်တတ်ဖို့ လိုအပ်ပါသေးတယ်။
♑ မကာရရာသီဖွား (December 22-January 19)
ရည်ရွယ်ချက်ကြီးမားတဲ့ မကာရ ရာသီဖွားတွေဟာ သူတို့ဘဝ လုံခြုံဖို့ နဲ့ တိုးတက်မြင့်မားဖို့အတွက် မနေမနား အလုပ်ကြိုးစားတတ်ကြတယ်။ သူတို့ဟာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာဖြစ်စေ ၊ မိသားစုနဲ့ပတ်သတ်တဲ့ကိစ္စမှာပဲ ဖြစ်စေ ၊ ကြည်နူးဖွယ်ရာ အချစ်ရေးမှာပဲ ဖြစ်စေ … ခိုင်မြဲတဲ့အုတ်မြစ်ကို သေသေချာချာ တည်ဆောက်လိုကြတယ်။ တာရော့ကားချပ် ( ဂမ္ဘီရကားချပ်) မှာတော့ သူတို့ကို နတ်ဆိုးကဒ်အနေနဲ့ ဖော်ပြခြင်းခံရပါတယ်။ အတွင်းတစ်မျိုး ၊ အပြင်တစ်မျိုးနဲ့ သူတို့ကို သဘောဆိုးတယ်လို့လည်း ထင်ရတတ်တယ်။ ပြိဿရာသီဖွားတွေနဲ့ ကန်ရာသီဖွားတွေဟာ မကာရ ရာသီဖွားတွေရဲ့ အာရုံစူးစိုက်မှုကြောင့် အကျိုးများတတ်ပါတယ်။ ပြိဿရာသီဖွားတွေရဲ့ ကာမဂုဏ်အာရုံကို ခံစားနိုင်စွမ်းနဲ့ ကန်ရာသီဖွားတွေရဲ့လူအများပေါ်စည်းရုံးစုစည်းနိုင်စွမ်းကိုလည်း မကာရ ရာသီဖွားတွေက အသိအမှတ်ပြု သဘောကျတတ်ကြတယ်။ သူတို့ရဲ့ဆန့်ကျင်ဘက် ရာသီခွင်ဖြစ်တဲ့ ကရကဋ် ရာသီဖွားနဲ့ ဆက်သွယ်ပူးပေါင်းလိုစိတ်လည်း မကာရ ရာသီဖွားတွေမှာ ရှိတတ်ကြတယ်။ ရိုးရာအစဉ်အလာအတွေးအမြင်တွေကို သူတို့ဟာ အချင်းချင်း မျှဝေကြလိမ့်မယ်။
မကာရ ရာသီဖွားတွေဟာ ဇီဇာကြောင်တတ်လို့ လူတိုင်းနဲ့တော့ အဆင်မပြေဘူး။ ဒေါသူပုန်ထတတ်တဲ့ မိဿရာသီဖွားတွေနဲ့ လိုက်လျောညီထွေရှိပြီး နှစ်လိုဖွယ် တူရာသီဖွားတွေ သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်တယ်။ အဲဒါကြောင့် …. မကာရ ရာသီဖွားတွေသာ မိဿရာသီဖွားတွေ ၊ တူရာသီဖွားနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့မယ်ဆိုရင် … ကိုယ့်ရဲ့ချစ်သူဟာ ကိုယ့်ရဲ့ကျေးကျွန်မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုအပ်တယ်။ အပြန်အလှန်လေးစားတတ်မှု ရှိမှသာလျှင် အကောင်းဆုံးဖြစ်တဲ့ဆက်ဆံရေးကို ရရှိပါလိမ့်မယ်။
♒ ကုံရာသီဖွား (January 20-February 18)
ကုံရာသီဖွားတွေဟာ အတွေးအခေါ်အားဖြင့်လည်း ခေတ်မီတယ်။ သူတို့ရဲ့လူသားချင်းစာနာထောက်ထားတတ်မှုကြောင့်လည်း လူသိများတယ်။ အတွေးအခေါ်ဟောင်းတွေ စနစ်ဟောင်းတွေကို တော်လှန်လိုသူ ၊ လူအဖွဲ့အစည်းကို ပိုမို တိုးတက်အောင် လုပ်ဆောင်လိုမှုတွေနဲ့ တက်ကြွနေသူများပဲ ဖြစ်ကြပါတယ်။ အများကောင်းကျိုးကို လိုလားကြတယ်။ ကုံရာသီဖွားတွေရဲ့ အဲဒီလိုစွမ်းရည်တွေကို မေထုန်ရာသီဖွားတွေနဲ့ တူရာသီဖွားတွေက အသိအမှတ်ပြု တန်ဖိုးထားကြပါတယ်။ ကုံရာသီဖွားတွေရဲ့အမြင်ကျယ်ကြောင့်လည်း အဲဒီရာသီဖွားနှစ်ခုကို ကောင်းကျိုးတွေ သက်ရောက်စေပါတယ်။ အလားတူပဲ၊ ကုံရာသီဖွားတွေကလည်း အဲဒီရာသီဖွားနှစ်ခုရဲ့ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်မှုကို သဘောကျနှစ်လိုကြတယ်။ သိဟ်ရာသီဖွားတွေနဲ့သာ ကုံရာသီဖွားတွေ တွဲဖက်မိသွားမယ်ဆိုရင်တော့ အလွန်ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့ ပေါင်းစည်းမှုဖြစ်လာပါလိမ့်မယ်။ သိဟ်ရာသီက အုပ်စိုးသူအရှင်သခင်ဖြစ်မှုကို ကိုယ်စားပြုပြီး ကုံရာသီက လွှမ်းမိုးခံရသူတွေကို ကိုယ်စားပြုထားတာကြောင့် အဲဒီရာသီဖွားနှစ်ခု ယှဉ်တွဲမှုဟာ လူ့အဖွဲ့အစည်းအတွင်းက ပြဿနာတွေကို ပိုမို ဖြေရှင်းနိုင်စွမ်းတွေ ရှိလာမှာပါ။
ကုံရာသီဖွားတွေက ဘယ်ကိစ္စမဆို သမာသမတ်ကျကျ ဆောင်ရွက်လိုကြတယ်။ ပြိဿရာသီဖွားတွေနဲ့ ဗြိစ္ဆာရာသီဖွားတွေဟာ အဲဒီအချက်ကြောင့်ပဲ လူမှုကျင့်ဝတ်နဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချုပ်နှောင်ထားသလို ခံစားရတတ်ကြတယ်။ အဲဒါကြောင့် ၊ ကုံရာသီဖွားတွေ အနေနဲ့ အဲဒီရာသီဖွားနှစ်ခုနဲ့ဟာ လက်တွဲလုပ်ဆောင်စရာကိစ္စတွေ ရှိလာခဲ့ရင် မတူညီတဲ့အမြင်တွေအပေါ် သည်းခံတတ်ဖို့ လိုပါလိမ့်မယ်။
♓ မိန်ရာသီဖွား (February 19-March 20)
ဆယ့်နှစ်ရာသီခွင်ရဲ့နောက်ဆုံးဖြစ်တဲ့ မိန်ရာသီဖွားတွေကတော့ ငါးနှစ်ကောင်ပုံနဲ့ သင်္ကေတပုံခြင်းခံရပါတယ်။ သူတို့ဟာ ချစ်ဖွယ်ကောင်းတဲ့ပင်ကိုစရိုက်နဲ့ ထင်ရှားတယ်။ စိတ်နှလုံးကို ယူကျုံးနိုင်တဲ့ ဖန်တီးနိုင်စွမ်းတွေ ရှိတယ်။ ဖြစ်လာမယ့်ကိစ္စတွေကို ထိုးထွင်းသိနိုင်စွမ်း ရှိသူတွေ ဖြစ်နေတတ်တယ်။ ဟန်ဆောင်မှုကင်းမဲ့ပြီး အရာရာကို ပွင့်ပွင့်လင်းလင်းရှိသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့နဲ့ အလိုက်ဖက်ဆုံးရာသီဖွားတွေကတော့ ကရကဋ်ရာသီဖွားတွေနဲ့ ဗြိစ္ဆာရာသီဖွားတွေပဲ ဖြစ်ကြပါတယ်။ ပြီးတော့ …. သူတို့ဟာ သူတို့ရဲ့ဆန့်ကျင်ဘက်ရာသီခွင်နဲ့လည်း ခိုင်မာတဲ့ မိတ်ဖက်အတွဲတွေအဖြစ် ဖန်တီးနိုင်ကြတယ်။ သူတို့ရဲ့ဆန့်ကျင်ဘက်အတွဲကတော့ ကန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ကန်ရာသီ ၊ မိန်ရာသီ အဲဒီနှစ်ခုစလုံးဟာ စိတ်ရင်းစေတနာကောင်းမွန်သူတွေ ဖြစ်ကြတာကြောင့် သူတို့အချင်းချင်း ပေါင်းဖော်မိတဲ့အခါ အပြန်အလှန် ကြင်နာခြင်း ၊ ထောက်ပံ့ခြင်းတွေနဲ့ နှစ်ဦးစလုံး ပိုမို အကျိုးများစေမှာတော့ အမှန်ပါပဲ။
အပြောအဆို အလောတကြီးနိုင်တဲ့ မေထုန်ရာသီဖွားတွေနဲ့ ဓနုရာသီဖွားတွေကြောင့် မိန်ရာသီဖွားတွေဟာ အလွယ်တကူ နာကျင်ခံစားရတတ်ပါတယ်။ အဲဒီရာသီဖွားတွေနဲ့သာ မိတ်ဖက်အဖြစ် ဆောင်ရွက်ရမယ်ဆိုရင် မိန်ရာသီဖွားတွေအနေနဲ့ အရာရာကို ပုဂ္ဂိုလ်ရေးဆန်ဆန် မတွေးဖို့ နဲ့ အဲဒီရာသီဖွားနှစ်ခုရဲ့ပျော်ပျော်နေတဲ့သဘာဝကနေ တချို့အရာရာတွေကို သင်ခန်းစာအဖြစ် သင်ယူတတ်ဖို့လည်း လိုအပ်ပါတယ်။
ရည်ညွှန်း : www.allure.com