နေ့နံအကြောင်းသိကောင်းစရာ.......

(၁) တနင်္ဂနွေ
ခုနှစ်ရက်သားသမီးတွေထဲမှာ ထိပ်ဆုံးနေ့နံဖြစ်တဲ့ တနင်္ဂနွေကို ရှေးအိန္ဒိယန်းလူမျိုးတွေက Surya (the sun) လို့ခေါ်ကြပြီး အနောက်တိုင်းလူမျိုးများကတော့ Sunday ဟုခေါ်ဆိုကြသည်။နေကလွှမ်းမိုးခြင်းခံရတဲ့နေ့နံဖြစ်တဲ့ တနင်္ဂနွေကို မြန်မာတွင် Garudau (ဂဠုန်) အဖြစ်သော်လည်းကောင်း၊သီရိလင်္ကာတွင် Horse (မြင်း) အဖြစ်သော်လည်းကောင်း၊ထိုင်းတွင် Monkey (မျောက်) အဖြစ်သော်လည်းကောင်း နေ့နံသင်္ကေတအဖြစ် သတ်မှတ်ကြသည်။တနင်္ဂနွေသည် အရှေ့မြောက်အရပ်ကို စိုးမိုးထားတဲ့နေ့နံဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေဟာ သနားကြင်နာပြီး အလှူအတန်းရက်ရောတတ်သူများဖြစ်ကာ စိန်ခေါ်မှုသမျှ၊အတားအဆီးမှန်သမျှကို ဖြေရှင်းရတာကို နှစ်သက်သူများဖြစ်ကြသည်။

(၂) တနင်္လာ
တနလာၤနေ့ကိုတော့ ရှေးအိန္ဒိယန်းတွေက Chandra (shining or moon) ဟုခေါ်ဆိုကြပြီး အနောက်တိုင်းဘာသာစကားဖြင့် Monday ဟုခေါ်ဆိုသည်။တနင်္လာနံကို စိုးမိုးထားတဲ့ဂြိုလ်ကတော့ Moon (လ) ဖြစ်သည်။နေ့နံသင်္ကေတကိုတော့ မြန်မာတွင် Tiger(ကျား)၊သီရိလင်္ကာတွင် Elephant(ဆင်) နှင့် ထိုင်းတွင် Horse (မြင်း)အဖြစ် အသီးသီးသတ်မှတ်ထားကြသည်။တနလာၤနံစိုးမိုးရာအရပ်ကတော့ အရှေ့အရပ်ဖြစ်သည်။တနင်္လာသားသမီးများဟာ ပင်ကိုယ်အသိစိတ်စွမ်းရည်မြင့်မားကာ စိတ်ရှည်သည်းခံပြီး အသေးစိတ်လုပ်တတ်ကြတဲ့ နေ့ပိုင်ရှင်များဖြစ်ကြသည်။သို့သော်လည်း အချိန်ဖြုန်းတာမျိုးတော့ မနှစ်သက်ကြသူများဖြစ်ပြီး တာဝန်ခံမှုပိုင်းနှင့် ရည်မှန်းချက်ကြီးမားသူများဖြစ်ကြသည်။

(၃) အင်္ဂါ
အင်္ဂါနေ့နံကို Mangala (mars) ဟု အိန္ဒိယန်းများက ခေါ်ဆိုကြသည်။အနောက်တိုင်းဘာသာစကားအရတော့ Tuesday ဖြစ်သည်။အင်္ဂါနေ့စိုးမိုးဂြိုလ်ကတော့ Mars (the red planet) ဖြစ်သည်။စိုးမိုးရာအရပ်ကတော့ အရှေ့တောင်အရပ်ဖြစ်သည်။အင်္ဂါနံကိုတော့ မြန်မာတွင် Lion (ခြင်္သေ့)၊ သီရိလင်္ကာတွင် Peacock (ဥဒေါင်း) နှင့် ထိုင်းတွင် Buffalo (ကျွဲ) အဖြစ်သတ်မှတ်ကြသည်။ပင်ကိုယ်သဘာဝအားဖြင့် ခေါင်းဆောင်နိုင်စွမ်းရှိသူများဖြစ်ပြီး ဆုံးဖြတ်ချက်ချရာတွင် ပြတ်သားမှုရှိသူများဖြစ်သည်။မိမိကိုယ်ကို လေးစားမှုရှိသူများဖြစ်ကာ အမျိုးမျိုးသောစိန်ခေါ်မှုများကို နှစ်သက်ကြသူများဖြစ်သည်။

(၄) ဗုဒ္ဓဟူး
ဗုဒ္ဓဟူးနေ့နံအား အိန္ဒိယန်းများက Buddha ဟုခေါ်တွင်ပြီး အနောက်တိုင်းဘာသာဖြင့် Wednesday (A.M) ဖြစ်သည်။ဗုဒ္ဓဟူးနေ့ကို စိုးမိုးထားတဲ့ဂြိုလ်ကတော့ Mercury ဖြစ်သည်။ဗုဒ္ဓဟူးနံ စိုးမိုးရာအရပ်ကတော့ တောင်အရပ်ဖြစ်သည်။မြန်မာတွင် Tusked Elephant (ဆင်)၊သီရိလင်္ကာတွင် Buffalo (ကျွဲ) နှင့် ထိုင်းတွင် Elephant (ဆင်) အဖြစ် နေ့နံသင်္ကေတတွေကို သတ်မှတ်ထားကြသည်။ဗုဒ္ဓဟူးနေ့နံတွေရဲ့ ပင်ကိုယ်သဘောသဘာဝအရ ကြိုတင်ပြော၍မရနိုင်တဲ့ ဆုံးရူံးထိခိုက်မှုများနိုင်တဲ့ အခွင့်အလမ်းတွေကို လုပ်ဆောင်ရတာ ကြိုက်နှစ်သက်ကြသူများဖြစ်သည်။လွတ်လပ်ပြီး အမှီအခိုကင်းကာ အခြေနေအရပ်ရပ်အားလုံးကို ထိန်းချုပ်လိုတဲ့ စိတ်ပြင်းပြသူများလည်းဖြစ်သည်။

ရာဟု
ရာဟုနံကိုတော့ Rahu ဟု အိန္ဒိယဘာသာဖြင့် ခေါ်တွင်ပြီး အနောက်တိုင်းတွင် Wednesday (P.M) ဖြစ်သည်။ရာဟုစိုးမိုးဂြိုလ်မှာ Lunar Node ဖြစ်၍ စိုးမိုးရာအရပ်မှာ အနောက်မြောက်အရပ်ဖြစ်သည်။ရာဟုနံသင်္ကေတမှာ မြန်မာတွင် Tuskless Elephant (ဟိုင်းဆင်)၊သီရိလင်္ကာတွင် Donkey (မြည်း) နှင့် ထိုင်းတွင် Garuda (ဂဠုန်) ဖြစ်သည်။ရာဟုတွေရဲ့ သဘောသဘာဝမှာ မှန်းဆရခက်ပြီး သူတို့ရဲ့လုပ်ငန်းစီးပွားရေးကို ပါဝင်စွက်ဖက်သူများကို ကြိုက်နှစ်သက်ခြင်းမရှိကြသူများဖြစ်သည်။လူမှုဆက်ဆံရေး ကျွမ်းကျင်သူများဖြစ်သည့်အလျောက် လက်တွေ့ဆန်ဆန်လုပ်ဆောင်တတ်မှုကို အရင်းခံပြီး အောင်မြင်မှုကို ရယူတတ်ကြသူများလည်းဖြစ်ကြပါသည်။

(၅) ကြာသပတေး
ကြာသပတေးနေ့နံကိုတော့ အိန္ဒိံယဘာသာစကားဖြင့် Brhaspati (meaning spati of briha) ဟုခေါ်ဆိုပြီး Thursday ဆိုသည်စကားလုံးမှာတော့ အနောက်တိုင်းစကားလုံးဖြစ်သည်။ဂျုပီတာဂြိုလ်မှ လွှမ်းမိုးခြင်းခံရသော နေ့နံဖြစ်ပြီး စိုးမိုးရာအရပ်မှာတော့ အနောက်အရပ်ဖြစ်သည်။ကြာသပတေးနံသင်္ကေတကိုတော့ မြန်မာတွင် Rat (ကြွက်)၊သီရိလင်္ကာတွင် Lion (ခြင်္သေ့) နှင့် ထိုင်းတွင် Deer (သမင်)အဖြစ် သတ်မှတ်သည်။ကြာသပတေးသမားတွေဟာ ဟာသဉာဏ်ရွှင်ပြီး အခွင့်အရေးများကို လိမ္မာပါးနပ်စွာ ရှာဖွေတတ်သူများဖြစ်သည်။ထို့အပြင် ပြင်ပန်းသဏ္ဍာန်အရ ဘာသိဘာသာနေတတ်သူများဖြစ်သော်လည်း အာရုံစူးစိုက်မှုအားကောင်းပြီး အလုပ်လုပ်ရာမှာလည်း အချက်ကျကျ ကျွမ်းကျင်မှုရှိရှိ လုပ်တတ်ကြသူများလည်းဖြစ်သည်။

(၆) သောကြာ
သောကြာနေ့နံ၏ အိန္ဒိယဘာသာစကားဖြင့် ခေါ်ဆိုသည်မှာတော့ Shukra (clear or bright) ဖြစ်သည်။အနောက်တိုင်းဘာသာစကားဖြင့်တော့ Friday ဟုခေါ်တွင်သည်။သောကြာနံကို စိုးမိုးတဲ့ဲဂြိုလ်ကတော့ Venus ဖြစ်ပြီးတော့ စိုးမိုးရာအရပ်ကတော့ မြောက်အရပ်ဖြစ်သည်။သင်္ကေတကိုတော့ မြန်မာတွင် Guinea Pig (ပူး)။သီရိလင်္ကာတွင် Bull (နွားသိုး) နှင့် ထိုင်းတွင် Ox (နွားထီး) အဖြစ် သတ်မှတ်ကြသည်။သောကြာနေ့နံသမားများသည် ပင်ကိုယ်အနုပညာ အရည်အသွေးတွေရှိတတ်ကြပြီး အံ့သြဖွယ်ကောင်းတဲ့ အိုင်ဒီယာများစွာရှိတတ်ကြပေမယ့် အလွယ်တကူငြီးငွေ့တတ်သူများဖြစ်သည်။ကြင်နာသနားတတ်ပြီး အလွန်ချစ်တတ်တဲ့ သောကြာနေ့နံသမားများဖြစ်သည်။

(၇) စနေ
စနေနေ့ကို အိန္ဒိယန်းများက Sani (refers to the planet saturn) ဟုခေါ်ဆိုကာ Saturday မှာတော့ အနောက်တိုင်းဘာသာဖြင့် ခေါ်ခြင်းဖြစ်သည်။စိုးမိုးရာဂြိုလ်မှာ စေတန်ဖြစ်ပြီး အနောက်တောင်အရပ်ကတော့ စိုးမိုးရာအရပ်ဖြစ်သည်။စနေနံ၏ သင်္ကေတကိုတော့ မြန်မာတွင် Dragon (နဂါး)၊ သီရိလင်္ကာတွင် Crow/Raven (ကျီးကန်း) နှင့် ထိုင်းတွင် Tiger (ကျား) စသည်ဖြင့် အသီးသီးသတ်မှတ်ကြသည်။စနေနံတို့သည် အတွေးအခေါ်ပိုင်းနှင့် သူများအပေါ်မှီခိုခြင်းကင်းကာ မိမိကိုယ်ကို ယုံကြည်စိတ်ချစွာ သူတပါး၏ စိတ်ဝင်စားမှုကို မည်ကဲ့သို့ အလွယ်တကူရယူနိုင်မလဲဆိုတာကို ကောင်းစွာနားလည်သူများဖြစ်ကြသည်။