Astrologia (သို့မဟုတ်) နက္ခတ်ဗေဒသမိုင်း
ရှေးဦးစွာ နက္ခတ်ဗေဒင်ဟူသော စကားလုံးမှာ မည့်သည်ဘာသာစကားမှ ဆင်းသက်လာသနည်း?
ဤစကားလုံးသည် Astrologia ဟုခေါ်သော လက်တင်ဘာသာစကားမှာ ဆင်းသက်လာခြင်းဖြစ်သည်။ Astron (ကြယ်) နှင့် Logia (လေ့လာခြင်း) မှဆင်းသက်လာသည်။
နက္ခတ်ဗေဒင်သည် ဘီစီဒုတိယထောင်စုနှစ်မှစတင်ပြီး ရာသီဥတုပြောင်းလဲမှုများကို ကြိုတင်ခန့်မှန်းရန်နှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်တဲ့သံသရာစက်ဝန်းတွေကို အနက်အဓိပ္ပာယ်ဖွင့်ဖို့ အရင်းအမြစ်အဖြစ် ပြက္ခဒိန်စနစ်များကို အသုံးပြုခဲ့သည်။ထို့အပြင် များစွာသော ယဉ်ကျေးမှုတွေကလည်း နက္ခတ်ဗေဒနှင့်သက်ဆိုင်တဲ့ ဖြစ်ရပ်အချို့မှာ အရေးကြီးတဲ့ ကဏ္ဍအဖြစ်ပါဝင်လာခဲ့ပါတယ်။
ဥပမာ ဟိန္ဒူ၊တရုတ်နှင့် မာယာလူမျိုးတွေရဲ့ ကောင်းကင်ဘုံဆိုင်ရာ စူးစမ်းလေ့လာမှုတွေမှာ ပထဝီအနေအထား အသေးစိတ်နဲ့ ပြုစုထားတဲ့ ဟောကိန်းတွေပဲဖြစ်ပါတယ်။အနောက်တိုင်းနက္ခတ်ဗေဒင်ထဲမှာ ရှေးအကျဆုံး၊အသုံးပြုနေဆဲဖြစ်တဲ့ တခုကတော့ ဘီစီ ၁၉ရာစု မှ ၁၇ရာစု အတွင်း မက်ဆိုပိုတေးမီးယားတွင် စတင်ခဲ့သည်။စတင်ခဲ့ရာ မက်ဆိုပိုတေးနီးယားကနေ ရှေးအကျဆုံးဂရိ၊ရောမ၊အာရပ်သာမက အလယ်ပိုင်းနှင့် အနောက်ပိုင်းဥရောပအထိကို ပြန့်နှံ့ခဲ့ပါသည်။
ထောက်ခံသူများက နက္ခတ်ဗေဒင်ကို သင်္ကေတဘာသာစကား၊ အနုပညာပုံစံတစ်ခု၊ သိပ္ပံပညာနှင့် ဗေဒင်တွက်ခြင်း နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ယဉ်ကျေးမှုဆိုင်ရာ နက္ခတ်ဗေဒင်စနစ်အများစုသည် ရှေးဟောင်းအတွေးအခေါ်များတွင် တစ်ခုနှင့်တစ်ခုလွှမ်းမိုးမှုရှိသော်လည်း အများအားဖြင့် အနောက်နိုင်ငံများနှင့် ကွဲပြားသောနည်းစနစ်များကို အသုံးပြုကြသည်။ ၎င်းတို့တွင် ဟိန္ဒူနက္ခတ်ဗေဒင် ( "အိန္ဒိယနက္ခတ်ဗေဒင်" ဟု လည်းခေါ်ပြီး ခေတ်သစ် "ဝေဒနက္ခတ်ဗေဒင်" ဟုလည်းခေါ်သည်။ ) နှင့် ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းအပေါ် သြဇာလွှမ်းမိုးမှုရှိခဲ့သည့် တရုတ်နက္ခတ်ဗေဒင်တို့ ပါဝင်သည်။
ရည်ညွှန်း - wikipedia