ရာသီခွင်တွေရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်များ

Aries (March 21 - April 19th) မိဿရာသီဖွား

တစ်စုံတစ်ခုကို ပထမဦးဆုံး စတင်လုပ်ဆောင်တတ်သူတွေ၊ တီထွင်တဲ့သူတွေ ဖြစ်နေတတ်ကြတယ်။ ကိုယ့်ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ဖို့ ဝန်မလေးကြဘူး။ ကမ္ဘာလောကကြီးကို ဘယ်လိုမြင်တယ် ဘယ်လိုထင်တယ်ဟေ့ ဆိုပြီး ကိုယ့်ထင်မြင်ယူဆချက်ကိုလည်း ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြောကြားရဲသူတွေ ဖြစ်ကြတယ်။ လျှို့ဝှက်ချက်ကတော့ …. သူတို့ ထင်ထားသလိုတွေ ဟုတ်ပါ့မလားဆိုပြီး သံသယစိတ်နဲ့ သူတို့ကိုယ်သူတို့ မယုံကြည်တာကို ဖုံးကွယ်ထားတာပဲ ဖြစ်ပါတယ်။

Taurus (April 20th - May 20th) ပြိဿရာသီဖွား

သင်ဟာ သူတစ်ပါးအတွက် ကူညီထောက်ပံ့နေတဲ့သူဖြစ်ပါတယ်။ ဘဝလုံခြုံမှုကို ရှာဖွေတတ်တယ်။ ဘဝကို ပျော်မွေ့ပြီးတော့ ရရှိတဲ့အလုပ်ကို ပြီးမြောက်အောင်လုပ်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ကိုယ်လုပ်သင့်သလောက် မလုပ်နိုင်မှာကို အမြဲလိုလို စိုးရိမ်ပူပန်နေတတ်တယ်။ အဲဒါဟာ သင့်ရဲ့အကြီးမားဆုံး လျှို့ဝှက်ချက်ပါပဲ။ တခြားသူတွေရှေ့မှာ အပူအပန်ကင်းသယောင် အပြုံးပန်းလေး ဆင်မြန်းထားပေမယ့် တကယ်တော့ … ဒါဟာ ဟန်ပြသက်သက် ဖြစ်နေတတ်တယ်။

Gemini (May 20th - June 20th) မေထုန်ရာသီဖွား

အပျော်အပါးတွေကို ခုံမင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစွာ ဆက်ဆံစေဖို့ တခြားသူတွေအပေါ်မှာလည်း တွန်းအားပေးနိုင်သူဖြစ်တယ်။ သူတို့ ဘယ်သူဖြစ်ဖြစ်၊ တခြားသူတွေကို လက်ခံပေးဖို့လည်း ဝန်မလေးပါဘူး။ ဒါပေမဲ့ ... ကိုယ်တိုင်ကျတော့ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသလို ခံစားနေရတတ်တယ်။ သင့်ကိုယ်သင် ဘယ်လိုလူစားမျိုးလဲဆိုတာသိဖို့ အမြဲလိုလို အပြင်းအထန် ကြိုးစားနေရတတ်သူပါပဲ။

Cancer (June 21 - July 22nd) ကရကဋ်ရာသီဖွား

သဘာဝအတိုင်း လွတ်လပ်စွာ နေထိုင်လိုစိတ်နဲ့ မိရိုးဖလာ ရှေးအစဉ်အလာတွေကြားမှာ လွန်ဆွဲနေတတ်တယ်။ အဲဒါဟာ စိန်ခေါ်မှုဖြစ်နိုင်ပေမယ့် သင့်ကိုတော့ အကျိုးများစေပါတယ်။ သင့်မှာ ရှိနေတဲ့ လျှို့ဝှက်ချက်ကတော့ သံယောဇဉ် နှောင်ဖွဲ့စေမယ့် ကလေးတွေကို လိုချင်စိတ် မရှိတာပဲ ဖြစ်ပါတယ်။ အဲဒါဟာ သင် နေချင်တဲ့ဘဝပုံစံမျိုး မဟုတ်ဘူးလေ။

Leo (July 23rd - August 22nd) သိဟ်ရာသီဖွား

ဘဝရဲ့အထုအထောင်း လောကဓံတရားကို အလွမ်းအဆွေး ဗရပွနဲ့ ဖြတ်ကျော်နေရင်း တစ်ပြိုက်နက်တည်းမှာပဲ သင်ဟာ ကိုယ့်လိုအင် ၊ ကိုယ့်ဆန္ဒ ၊ ကိုယ့်အကြောင်းကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြောကြားရဲသူတစ်ယောက် ဖြစ်နေတတ်ပြန်တယ်။ သင် မျိုသိပ်သယ်ဆောင်ထားရတဲ့ လျှို့ဝှက်ချက်ကတော့ … အခက်အခဲတွေ ၊ ပူပန်ခြင်းတွေနဲ့ နည်းပါးစွာနဲ့ ဘဝကို ရိုးရှင်းအေးချမ်းစွာ နေထိုင်ချင်တဲ့စိတ်ကူးပဲ ဖြစ်ပါတယ်။

Virgo (August 23rd - September 22nd) ကန်ရာသီဖွား

တခြားသူတွေအပေါ် ကူညီရင်းနဲ့ သူတို့ကို ဦးဆောင်တတ်တယ်။ ဒါပေမဲ့ သင်ကိုယ်တိုင် အကူအညီ လိုအပ်တဲ့အခါမျိုးမှာတော့ … တစ်စုံတစ်ယောက်ဆီက အကူအညီယူရမှာကို ရှက်နေတတ်တယ်။ လိပ်ပြာမလုံဖြစ်နေတတ်တယ်။ အဲဒါဟာ သင်ထိန်းသိမ်းသယ်ဆောင်ထားရတဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။ တကယ်တော့ … လူတစ်ယောက်အနေနဲ့ တခြားလူတွေဆီက အကူအညီလိုအပ်တဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။ အကူအညီတောင်းခံလိုက်လို့ သင့်ကို အင်အားနည်းပါးတဲ့သူလို့ သူတို့က ထင်မှာမဟုတ်ပါဘူး။

Libra (September 23rd - October 22nd) တူရာသီဖွား

သင်ဟာ ကိုယ့်တစ်ယောက်တည်း အတွက်သာမဟုတ်ဘဲ တခြားသူတွေရဲ့ကြားမှာပါ အားလုံးနဲ့ လိုက်လျောညီထွေဖြစ်ဖို့ သဟဇာတရှိဖို့ ကြိုးစားနေတတ်တယ်။ သင့်ရဲ့ လျှို့ဝှက်ချက်ကတော့ အဲဒီလို ကြိုးစားနေပေမယ့် သင် ဖြစ်စေချင်သလိုနဲ့ ဝေးကွာနေတယ် ဆိုတာပါပဲ။

Scorpio (October 23rd - November 21st) ဗြိစ္ဆာရာသီဖွား

အခြားသူတွေအပေါ်ကို အာရုံစိုက်တတ်ပြီး အရာရာ စိတ်အားထက်သန်တတ်တယ်။ သူများတွေကို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် တွယ်ငြိအောင် ကြားထဲကနေ တွန်းအားပေးနိုင်သူလည်း ဖြစ်တယ်။ ဒါပေမဲ့ …. လျှို့ဝှက်ချက်အနေနဲ့ သင် ကိုယ်တိုင်ကတော့ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရခြင်းကို ပျော်မွေ့သူတစ်ဦးဖြစ်ပါတယ်။

Sagittarius (November 22nd - December 21st) ဓနုရာသီဖွား

သင်ဟာ စိတ်ကူးယဉ်တတ်သူ ၊ စွန့်စားရမှာ ရင်ခုန်နှစ်ခြိုက်သူပါ။ လျှို့ဝှက်ချက်ကတော့ ထိတ်လန့်အားငယ်တတ်တာပဲ ဖြစ်ပါတယ်။ ငါ ဘာတွေ မှားသွားမလဲ ဆိုပြီး စိတ်ပူနေတတ်လို့ မှန်တဲ့အရာတွေကိုတောင်လုပ်ဖို့ မစဉ်းစားမိတော့ဘူး။ နောင်တရခြင်းကသာ အမြဲတစေ ထာဝရဖြစ်နေလို့ ဘဝဆိုတာ ယာယီခဏဆိုတာကိုတောင် သင်မေ့နေတတ်တယ်။

Capricorn (December 22nd - January 19th) မကာရရာသီဖွား

စည်းနဲ့ကမ်းနဲ့ ၊ ရေရှည်ရည်မှန်းချက်နဲ့ အရာရာကို စနစ်တကျ စီမံကိန်းချပြီး လုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ … တကယ့်စိတ်ရင်းကတော့ ကြုံသလို ပြုမူဆောင်ရွက်ချင်တာပါ။ အဲဒါကို လျှို့ဝှက်ထားတတ်တယ်။ တကယ်လို့သာ သင့်ရဲ့စီမံကိန်းတွေ ၊ ရည်မှန်းချက်တွေကို စိတ်ရင်းအတိုင်း ဖြစ်ပေါ်လာသလို ကြုံရာကျပန်း ထိန်းကျောင်းပြုမူဆောင်ရွက်မယ်ဆိုရင် ပိုလို့တောင် ပြည့်စုံကောင်းမွန်ပါလိမ့်မယ်။

Aquarius (January 20th - February 18th) ကုမ်ရာသီဖွား

သစ္စာတရားကို ရှာဖွေချင်သူ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် တရားမျှတခြင်းရှိအောင် တိုက်ပွဲဝင်တတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့… တခြားသူတွေ မသိအောင် လျှို့ချက်ချက်တစ်ခုကိုတော့ ဖုံးကွယ်ထားပါတယ်။ အဲဒါကတော့ လူတိုင်းအတွက် တိုက်ပွဲဝင်ရင်း ကိုယ့်အချိန်တွေအားလုံးကို ပေးဆပ်နေရတယ် ဆိုတာပါပဲ။

Pisces (February 19 - March 20th) မိန်ရာသီဖွား

စိတ်ကူးယဉ်သူ၊ နာကျင်မှုဝေဒနာတွေကို ပျောက်ကင်းအောင် လုပ်နိုင်စွမ်းရှိသူတွေပါ။ တစ်စုံတစ်ယောက်က သင့်ကိုနာကျင်စေခဲ့မယ်ဆိုရင် ပထမဆုံးတုံ့ပြန်တာက အဲဒီနာကျင်မှုကို ပျောက်ကင်းဖို့ မိမိကိုယ်မိမိ ကုသတာပါပဲ။ သူတို့ရဲ့ လျှို့ဝှက်ချက်တော့ ကိုယ်ချစ်ရသူ ထိခိုက်နာကျင်သွားမှာစိုးလို့ ကိုယ်ခံစားနေရတာကို ဖုံးကွယ်လျှို့ဝှက်ထားတတ်တာပါပဲ။ နာကျင်လျက်နဲ့ ချစ်နေတာမျိုးကို ဘယ်တော့မှ ထုတ်မပြောသူတွေပေါ့။