ခန္တီစေတီပုံ ပုတီးစိပ်နည်း

==================

ဗေဒင်ချစ်ပရိသတ်ကြီးအတွက် ဘေးဘယာ ကင်းဝေး၍ လာဘ်လာဘများ တိုးတတ်စေရန် ရည်ရွယ်ပြီး
ခန္တီစေတီ ပုတီးစိပ်ပုံစိပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ......

စေတီပုံပါ အချက်အလက်များ
(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
(၂) ဓမ္မံ သရဏံ ဂစ္ဆာမိ
(၃) သံဃံသရဏံ ဂစ္ဆာမိ
(၄) အရဟံ
(၅) သမ္မာ သမ္ဗုဒ္ဓေါ
(၆) ဝိဇ္ဇာ စရဏသမ္မန္နော
(၇) သုဂတော
(၈) လောကဝိဒူ
(၉) အနုတ္တရော ပုရိသ ဓမ္မ သာရထိ
(၁၀) သတ္ထာ ဒေဝ မနုဿနံ
(၁၁) ဗုဒ္ဓေါ
(၁၂) ဘဂဝါ
(၁၃) အနိစ္စ (ရုပ်နာမ် )
(၁၄) ဒုက္ခ (ရုပ်နာမ် )
(၁၅) အနတ္တ (ရုပ်နာမ် )
(၁၆) ပုဒိအာ အာဒိပု

အထက်ပါအချက် ၁ မှ ၁၆ သည် စေတီတော်ပုံပါ အချက်အလက်များ ဖြစ်ပါသည်။

(၁)သည် စေတီတော်၏ပလ္လင်တော်ဖြစ်၍ (၁၆) သည် စိန်ဖူးတော်ကို ကိုယ်စားပြုပါသည်။

စေတီတော်စတည်တော့မည်ဆိုလျှင် အောက်ခြေ ပလ္လင်တော် (၁) မှ စ၍ စိပ်ရမည်ဖြစ်ပါသည်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။ (၁၆) ဆင့်အထိ ရက်ပေါင်း (၁၆) ရက်တွင် စေတီတစ်ဆူပြီးပါသည်။ မိမိလိုချင်တဲ့ ဆုတစ်ခုသာတောင်းပေးရမှာဖြစ်ပါတယ်။

စေတီတော်သည် ၁၆ ဆင့်ရှိသည်။ တစ်ဆင့်လျင် (၁၀) ပတ် ၁၆ ဆင့်လျင် စုစုပေါင်း (၁၆၀) အပတ်ပေါင်းစိပ်ရပါမည်။ ၁၆၀ ပတ် ပြီးလျင် စေတီတစ်ဆူ တည်ပြီး မည်ဖြစ်သည်။

စေတီအဆူပေါင်း မိမိအသက်နှင့်အမျှ သက်စေ့စိပ်ပြီးလျှင် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပေးသည်မည်၏။

၎င်းပုတီးစိတ်နည်းကို ပလ္လင်တော်အောက်ခြေမှ အဆင့်(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကစ၍ စိပ်ပေးရပါမယ်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။

၎င်း ပုတီးစိတ်နည်းသည် ရတနာသုံးပါး၊ ဂုဏ်တော်ကိုးပါး၊ လက္ခဏာသုံးပါး၊ ဉာဏ်တော်စဉ်သုံးပါး တည်းဟူသော သမထ ဝိပဿနာနှစ်ဖြာတို့ကိုပေါင်း၍ ပွားများစိတ်ရခြင်းကြောင့် အသက်ရှည် ကျန်းမာခြင်း၊ သွေးသားစင်ကြယ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း အစရှိသော အကျိုးတရာများကို ရှိစေပါသည်။

စေတီ ၁၀၈ ဆူ တည်နိုင်လျှင် ထွက်ရပ်ပေါက်များနှင့် တွေ့ဆုံရတတ်သည်။ ဤနည်းကို သမာဓိတည် ယုံကြည်စွာ စိပ်ပါ လက်တွေ့အကျိုးပေးပါမည်။

မိမိ နှလုံးသားမှာ စေတီတည်ပါ။
နှလုံးသားမှာ စေတီတည်တာ အဆူများလာရင် အပြင်မှာပါ စေတီတည်နိုင်လာပါလိမ့်မည်။
အောင်၊ ပိုင်စေ၊ နိုင်စေ လို့ဆုတောင်းပေးပါတယ် ခင်ဗျာ။
ရည်ညွှန်း - မနောမယ