စီးပွားရေးလုပ်ငန်း ပြန်လည်ဦးမော့စေရန် ယတြာနည်းလမ်း

==================================
လုပ်ငန်းတွေ ပျက်နေသလား...မုန့်လုံးရေပေါ်လှူပါလား..
သင်၏စီးပွားရေးလုပ်ငန်းသည် အောင်မြင်မှုမရှိဘဲ ဆုံးရူံးမှုများနှင့် ကြုံတွေ့နေရသလား?ထိုအချိန်မျိုးတွင် သင်၏အသက်ကို (၄)ဖြင့် မြှောက်ပါ။ရသောအရေအတွက်ကို မုန့်လုံး ရေပေါ်လုပ်ပါ။ထိုအထဲမှ မုန့်လုံးရေပေါ် (၁၀)လုံးကို နံနက် (၁၀)နာရီတိတိတွင် အိမ်၏ဘုရားတွင် လှူပါ။
သင်၏ အသက်ကို (၇)ဖြင့် စားပါ..
(၁) ကြွင်းလျှင် တနင်္ဂနွေနေ့တွင်ပြုလုပ်ပါ။
(၂) ကြွင်းလျှင် တနင်္လာနေ့တွင်ပြုလုပ်ပါ။
(၃) ကြွင်းလျှင် အင်္ဂါနေ့တွင်ပြုလုပ်ပါ။
(၄) ကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်ပါ။
(၅) ကြွင်းလျှင် ကြာသပတေးနေ့တွင်ပြုလုပ်ပါ။
(၆) ကြွင်းလျှင် သောကြာနေ့တွင်ပြုလုပ်ပါ။
အကြွင်းမရှိဘဲ ပြတ်သွားလျှင် စနေနေ့တွင်ပြုလုပ်ပါ။
(၁၀)လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန့်လုံးရေပေါ်များကို အိမ်နီးချင်းများအား ဝေလိုက်ပါ။ဤယတြာမှာ ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ထိုယတြာလုပ်ပြီးသည်နှင့် နစ်မြှပ်နေသော သင့်၏စိးပွားရေးလုပ်ငန်းသည် ဦးမော့လာပေလိမ့်မည်။
ဥပမာ သင်သည် အသက်(၄၀) ရှိသည်ဆိုလျှင် (၄)နှင့် မြှောက်လိုက်လျှင် (၁၆၀) ရမည်။မုန့်လုံးရေပေါ် (၁၆၀)လုပ်ရမည်။ထိုအနက်မှ (၁၀)လုံးကို မြတ်စွာဘုရားအား ကပ်လှူရမည်။ပိုသော (၁၅၀)ကို အိမ်နီးချင်းအား ဝေရမည်။အသက် (၄၀)ကို (၇)ဖြင့် စားလျှင် (၅)ကြွင်းသည်။ထို့ကြောင့် ယတြာကို ကြာသပတေးနေ့၊နံနက် (၁၀)နာရီတွင် ပြုလုပ်ရမည်။မည်သူမဆို ထိုယတြာကို ပြုလုပ်သောအခါ နံနက်(၁၀)နာရီတိတိတွင် ပြုလုပ်ရမည်။အလွန်ထူးခြားသောယတြာဖြစ်သည်။စီးပွားရေးလှော်ရင်းနစ်နေသူများ ပြုလုပ်သင့်သည်။