“ထိမ်းမြားမင်္ဂလာ ကျင်းပရာ နေရာသုံးဌာန”
.png)
"တစ်သက်မှာ တစ်မင်္ဂလာ" ဟူသော စကားတစ်ခုသည် အရွယ်ရောက်သော အမျိုးသားနှင့် အမျိုးသမီး အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြားမင်္ဂလာဆောင် သည်ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ ထိုအခါ မျိုးများတွင် မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။ ထိမ်းမြားမင်္ဂလာ ကျင်းပခြင်းအတွက် မင်္ဂလာနေရာ သုံးနေရာ အားဖော်ပြပေးလိုက်ပါသည် ။
(၁) အာဝါဟ မင်္ဂလာ
(၂) ဝိဝါဟ မင်္ဂလာ
(၃) စရ မင်္ဂလာ
၁ ။ အဝါဟ မင်္ဂလာ ဟူသည် သတို့သမီးအိမ်၌ ကျင်းပသော မင်္ဂလာပွဲ ။
၂ ။ ဝိဝါဟ မင်္ဂလာ ဟူသည် သတို့သမီးအိမ်၌ ကျင်းပပြုလုပ်ပြီး သတို့သမီးကို သတို့သားအိမ်သို့ ခေါ်ဆောင်သော မင်္ဂလာပွဲ ။
၃ ။ စရ မင်္ဂလာ ဟူသည် ဟိုတယ်၊ ခမ်းမ ၊ကြီးကျယ်ခမ်းနားသော အဆောက်အဦးများတွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲ တို့ပဲဖြစ်ပါသည်။
ရှေးစာဆို တို့၏ “ ဝါ ၊ ဝါ ၊ တော် ၊တော် ၊ ပြာ ၊ ပေါင်း ၊ ခေါ် ခြောက်ဖော်မပေါင်းရ” ဟူသော စကားအရ ဝါဆို ၊ ဝါခေါင် ၊ တော်သလင်း ၊ နတ်တော် ၊ပြာသို ၊ တပေါင်းလ များတွင် ထိမ်းမြားခြင်း မင်္ဂလာကိစ္စကိုရှောင်ရှားပြီး ကျန် ခြောက်လမှာပြုလုပ်ကျပါသည် ။ ထိုခြောက်လ၌လည်း ပြဿဒါး ၊ ဝါရမိတ္တူရက် များကိုရှောင်ပြီး ရက်ရာဇာ ၊အမြိတ္တစုတ် ရက်များ၌သာပြုလုပ်မြဲ ဖြစ် ကြောင်းဖော်ပြပေး လိုက်ပါသည် ။
ဆရာကြီးမင်းသိင်္ခ ၏ ဘဝတစ်သက်တာ ဟောစာတမ်းနှင့်ယတြာ စာအုပ်မှ ကိုးကားရေးသားထားပါတယ်။