ပေါင်းဖက်ရန်အသင့်တော်ဆုံးအိမ်ထောင်ဖက်နေ့နံများ

“ဈေးသုံးလည်း မကြွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့” ဆိုသလို တစ်ခါတစ်ရံမှာ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားတွေက ဒီနေ့ခေတ် လူနေမှုဘဝနဲ့ တိုက်ဆိုင်နေတာ မျိုးတွေ ရှိတတ်တာကြောင့် မေ့ထားမရတာတော့ အမှန်ပါပဲ ဖော်ပြရှေးသုံးနည်းကတော့ ဒီဘက်ခေတ်မှာ အသုံးမဝင်တော့ဘူးလို့လဲ ပြောလို့မရပါဘူး ဒါကြောင့် ကျွန်တော်တို့ မင်းသိင်္ခဗေဒင်ကနေပြီးတော့ လက်ထပ်တော့မယ့် ဇနီးမောင်နှံများအတွက် ရှေးယခင်ကတည်းက တွက်ချက်ထားတဲ့ ပေါင်းဖက်ရန်အသင့်တော်ဆုံးအိမ်ထောင်ဖက်၊ မိတ်ဖက်၊ များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ
"အောင် ပ ကု လား ဆွေ သား တော် ရင်း မိတ်ဖက်ချင်းဦးညို ခေမာ သုတ ဝေရီ ရန်စီစီ ဥသာ စိန်ပန်း ဒန်းလှ ကိုရှာ အိမ်ထောင်ဘက် အသက်ရှည် ဖို့ရာဓမ္မာ သောက အင်းဝ ရာဇာအန္တော ဂဗ္ဘေ စရေ ဝံသေဦးဝေ စံကူး ရေဘူး တောသူ"
ဆိုတဲ့ ဆိုရိုးစကားတိုင်း မိတ်ဖက်၊ ရန်ဖက်တွေလဲရှိသလို ဓာတ်မိတ်ဖက်၊ ဓာတ်ရန်ဖက်တွေလဲရှိပါတယ်
ဆက်လက်ပြီး ဖတ်ကြည့်လိုက်ရအောင်ပါ...
အိမ်ထောင်ဖက် – (ဦး၊ သာ၊ စိန်၊ ပန်း၊ ဒန်း၊ လှ၊ ကို၊ ရှာ)
ဦးသာ -တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန်ပန်း- အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်းလှ - စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်
ကို-ရှာ - တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်
ဖော်ပြပါ နေ့နံတွေကတော့ ပေါင်းဖက်ရန်သင့်တော်သည့် အိမ်ထောင်ဖက်နေ့နံတွေ ဖြစ်ပါသည်။
မိတ်ဖက် - (အောင်၊ ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း)
အောင်ပ - တနင်္ဂနွေနှင့် ကြာသပတေး
ကုလား
- တနင်္လာနှင့် ဗုဒ္ဓဟူး
ဆွေသား -အင်္ဂါနှင့် သောကြာ
တော်ရင်း- စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်
ဖော်ပြပါ နေ့နံတွေကတော့အိမ်ထောင်ပြုရင် ရပါတယ်။ စီးပွားမိတ်ဖက်တွေလဲ ဖြစ်ပါသည်။
ဓာတ်ဖက်- (အန္တော ဂဗ္ဘေ စရေ ဝံသေ)
အန္တော - တနင်္ဂနွေ နှင့် စနေ
ဂဗ္ဘေ - တနင်္လာနှင့် ကြာသပတေး
စရေ - အင်္ဂါ နှင့် ရဟု
ဝံသေ - ဗုဒ္ဓဟူး နှင့် သောကြာ
ဖော်ပြပါ ဓာတ်ဖက် မိတ်ဖက်တွေက အိမ်ထောင်ပြုလို့ရနိုင်ပါတယ်။ အိမ်ထောင်ပြုခဲ့လျှင်လဲ အိမ်တွင်း အသုံးအဆောင်များ ပစ္စည်းဥစ္စာ ပေါများ ပါသည်။ စိတ်ချမ်းသာရသည်။
ရန်ဖက် - (ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ)
ဓ မ္မာ – စနေနဲ့ ကြာသပတေး
သော က – သောကြာနှင့် တနင်္လာ
အင်း၀ - တနင်္ဂနွေနှင့် ဗုဒ္ဓဟူး
ရာဇာ - ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်
ဒီလိုနေ့နံတွေအိမ်ထောင်ပြုခဲ့ပါက မကြာခဏ စကားများရန်ဖြစ်ပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ကြုံတွေ့ရတတ်ပါတယ်။
ကမ္ဘာ့ရန် – (ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ)
ဦးညို - တနင်္ဂနွေနှင့် အင်္ဂါ
ခေမာ - တနင်္လာနှင့် ကြာသပတေး
သုတ - သောကြာနှင့် စနေ
ဝေရီ - ဗုဒ္ဓဟူးနှင့် ရာဟု
ဒီလိုနေ့နံတွေအိမ်ထောင်ပြုခဲ့ပါက မကြာခဏ စကားများရန်ဖြစ်ပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ကြုံတွေ့ရတတ်ပါတယ်။
ဓာတ်ရန်- (ဦးဝေ စံကူး ရေဘူး တောသူ)
ဦးဝေ - တနင်္ဂနွေ နှင့် ဗုဒ္ဓဟူ
စံကူး - အင်္ဂါ နှင့် တနင်္လာ
ရေဘူး - ရာဟု နှင့် ကြာသပတေ
တောသူ - စနေ နှင့် သောကြာ
ဒီလိုနေ့နံတွေအိမ်ထောင်ပြုခဲ့ပါက စီးပွားရေးပေါင်းစပ်လုပ်မရတာ အိမ်ထောင်ရေးအဆင်မပြေတာတွေ ကြုံတွေ့ရတတ်ပါတယ်။အဲ့ဒါကြောင့် ”အင်္ဂဝိဇ္ဇာဋီကာကျမ်းမှာ မီးနှင့်ကားရေ လေနှင့်မြေ မိတ်ဆွေ မစပ် ပဋိဃ
မီးနှင့်ကားလေ ရေနှင့်မြေ မိတ်ဆွေတော်ကြ သဟာရ”လို့ လင်္ကာစပ် ဆိုထား ပါတယ်။
မင်းသိင်္ခပရိသတ်ကြီးခင်ဗျာ
ဖော်ပြပါ အကြောင်းအရာသည့် ရှေးလူကြီးတွေ အိမ်ထောင်ဖက်ရွေးတဲ့ အခါ အသုံးပြုခဲ့တာဖြစ်တဲ့အတွက်
မိမိတို့ချစ်သူနှစ်ဦးက ( ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ)ဆိုတဲ့ ရန်ဖက်မှာ ဖြစ်နေခဲ့ရင်လည်း စိတ်ဓာတ်မကျသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။