သောက်တော်ရေချမ်းတစ်နေ့သုံးကြိမ်ကပ်လှူပူဇော်ပါ

ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်......
သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်းအေးနေအောင်ထားမယ် ဆိုရင် အိမ်တွင်းရေးလည်း အေးချမ်း၊ စီးပွားလမ်းလည်းဖြောင့် ၊အစစအရာရာ အဆင်ပြေမှာပါ...
မင်းသိင်္ခပရိသတ်ကြီးရော ဘုရားသောက်တော်ရေ ဘယ်နှစ်ကြိမ် ကပ်လှူလဲ ခင်ဗျာ????
“နှစ်ခါ” နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။
ကဲ…ကိုယ်ကတော့ “ရေ” တစ်နေ့ဘယ်နှစ်ခါ သောက်တုန်း.....
အမှန်ကတော့ ကိုယ် ရေသောက်တိုင်း ဘုရားကိုသောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ
“မနက်တစ်ခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။
ကိုယ် ရေသောက်တိုင်း၊ ကိုယ်သောက်မယ့်
ခွက်ကိုလက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေလှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။
အလုပ်တစ်ဖက်နဲ့ဝန်ထမ်းတွေဆိုရင်တော့ မနက်အလုပ်မသွားခင်တစ်ခါ ညနေဖက်တစ်ခါ နှစ်ကြိမ်လဲလို့ရပါတယ်။
ကိုယ် သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့
ကပ်လိုက်ရုံပါပဲ။ ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။
ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကိုသောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။
သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ် နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ် မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စားပါ။
မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။
သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားပေါ့။
သရဏဂုံလေး “သုံးခေါက် ရွတ်ပြီးသွားပြီ ဆိုတော့မှ“ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့စွန့်ပြီး စားပေါ့နော်။
မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။အဲဒီတော့ ဘုရားကပ်ပြီးတော့စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။
နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။
အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ဒါ အရေးကြီးပါတယ်။။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)