"ဗုဒ္ဓမြတ်စွာဘုရားရှင်အား မျက်နှာသစ်တော်ရေကပ်လှူပူဇော်နည်း"

============================================
မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့မှာတော့ ဗုဒ္ဓဘာသာဝင်တိုင်းသိထားပြီးပြီဖြစ်ပင်မယ့်လည်း ကျွန်တော်တို့မင်းသိင်္ခဗေဒင်ကနေ ရွှေပေါ်ကျွန်းဆရာတော်ကြီး၏ ဗုဒ္ဓမြတ်စွာဘုရားရှင်အားမျက်နှာသစ်တော်ရေ ကပ်နည်းတစ်နည်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ဗုဒ္ဓမြတ်စွာဘုရားရှင်အား မျက်နှာသစ်တော်ရေကို မနက်တိုင်း ပူဇော်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ ဆက်လက်ဖတ်ကြည့်ကြရအောင်ပါ......
နံနက်စောစော အရုဏ်လာချိန်တွင် ငွေဖလားနှင့်ဖြစ်စေ ကြေးဖလား နှင့်ဖြစ်စေ ..အေးမြကြည်လင်သန့်ရှင်း စင်ကြယ်သောရေကိုထည့်ပြီး အရှေ့ဘက် သ်ု့ မျက်နှာမူ ၍ ..ထိုရေဖလားကို ဦးခေါင်းထက်တိုင်ပင့်မြှောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဆက်ကပ်လှုဒါန်းပါ ။
"ဗုဒ္ဓံ သက်တော်ထင်ရှား မြတ်စွာဘုရား သခင်အရှင် ကိုယ်တော်မြတ်ကြီး ဘုရား အား ဤ အေးမြကြည်လင် သန်ု့ရှင်းစင်ကြယ်တော်မူသော ..မျက်နှာသစ်တော်ရေ .. အာလုပ်ကျင်းတော်ရေကိုဆက်ကပ်ပါ၏ ။လှုဒါန်းပါ၏ အရှင် ဘုရား " ဟု နှုတ်မှစိတ်မှ လေးနက်ကိုင်းရှိုင်းညွတ်တွားစွာဖြင့်ဆက်ကပ်လှုဒါန်းပါ။ပြီးသောအခါ ..
ထိုရေတော်ဖလားကိုမလျက်ပင်" ပဉ္စဗုဒ္ဓါ နဠာတေ တိဋ္ဌတု့ ” ဟု့ သက်စေ့ ထက်တစ်ခေါက် ပိုရွတ်ပေးပါ ။ ပြီးလျှင် မိမိအာရုံ ထဲ ပေါ်လာသမျှ မေတ္တာပွား၍အမျှပေးဝေပါ ။ပြီးမှထိုရေဖြင့်မျက်နှာသစ်ပါ ။အနည်းငယ်သောက်ပါ ။
အကျိုးကား .. ဘေးရန်အန္တရာယ်အနှောက်အယှက် အမျိုးမျိုး မှ ကင်းဝေးပြီး ရန်သူပင် ဖြစ်စေကာမူ မိမိအားမြင်သည် နှင့် မိမိအကျိုးစီးပွားကိုဆောင်ရွက်ပေးစေပြီး ကောင်းကျိုးချမ်းသာ သုခမင်္ဂလာအဖြာဖြာ ဖြစ်စေတက်ပါသည် ။
ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး
မင်းသိင်္ခဗေဒင်