နံနက်အိပ်ရာထ မျက်နှာသစ်သောအခါ ဤကုသိုလ်(၅)မျိုးကို ရအောင်ယူပါ...
.png)
မင်းသိင်္ခဗေဒင် ပရိသတ်များခင်ဗျာ နံနက်အိပ်ရာထတဲ့ အခါ မျက်နှာသစ်ရင်းကုသိုလ် (၅) မျိုးယူတာ ကြာမယ်မထင်ပါဘူး ခင်ဗျာ ငွေကြေးလဲမကုန်တဲ့ အပြင် နေ့စဉ်နေ့တိုင်း ကုသိုလ်ယူမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ခင်ဗျာ။ သိနှင့်ပြီးသားဆိုပင်မယ့်လည်း ထပ်မံဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ
(၁) ဒါနကုသိုလ်
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ …။ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ …။
လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ ဘုရား …။
ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ …။
(၂) ဗုဒ္ဓနုသာတိကုသိုလ်
မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက် (၃)ခု နဲ့ ပွါးလိုက်ပါ …။
အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ – ပူဇော် အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား …။
အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသော မြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိ ကုသိုလ် ဖြစ်သွားပါပြီ …။
(၃) မေတ္တာကုသိုလ်
ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ …။
ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ …။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ …။
ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး …။
ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ …။
(၄) မရဏာနုဿတိကုသိုလ်
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ …။
ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီ …။
(၅) အသုဘဘာဝနာကုသိုလ်
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ …။
ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ် …။
အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး …။
အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ …။