မွေးနံအလိုက်ဆောင်ရန် ကျောက်မျက်ရတနာ

" မဏိသျှတ္တရ ကျမ်း တွင်ပါရှိသော ကျောက်မျက်ရတနာအမျိူးမျိူးတို့၏ အာနိသင်များ"
ပတ္တမြား-ဘေးရန်အမျိူးမျိူးကိုကာကွယ်နိုင်သည်။စီးပွား၊ဥစ္စာတိုးတက်စေသည်။ဂုဏ်သရည်ကိုတိုးစေ၏။ဘုန်းတန်ခိုး အာဏာတက်စေ၏။
မြ - ရောဂါဝေဒနာများကိုပျောက်ကင်းစေနိုင်သည်။ဘေးဘယာများကိုဝေးကွာစေသည်။ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေနိုင်သည်။
ပုလဲ - မင်္ဂလာကျက်သရေရှိစေ၏။သွေးလေချောက်ခြား စိတ်နှလုံးပျက်ပြားမှုကို ကုစားနိုင်သည်။
စိန် - ဂုဏ်ဒြပ်ကြီးမြင့် တင့်တယ်စေသည်။လာဘ်လာဘရွှင်လန်းစေနိုင်သည်။ပျော်ရွှင်ချမ်းမြေ့မှုကိုပေး၏။
ကျောက်စိမ်း - မင်္ဂလာရှိပြီး ကြောက်ရွံ့ထိတ်လန့်ခြင်းကိုကာကွယ်နိုင်သည်။
ပယင်း - မူးဝေသော် ရှုရှိုက်ပါက ပျောက်ကင်းစေ၏။အိပ်ပျော်စေ၏။
မဟူရာ - အဆိပ်ကိုနိုင်၏။မဟူရာ ဝတ်ဆင်ထားပါက အဆိပ်ရှိသော သတ္တဝါများကိုက်သော်လည်း အဆိပ်မသင့်နိုင်ပါ။
သလင်း - မျက်စိရောဂါကို ကုစားနိုင်၏။
သန္တာ - ပရောဂကိုနိုင်၏။စုန်း၊ကဝေတို့မပြုစားနိုင်။ပရောဂကုရာတွင်ညဏ်ရှိသလိုသုံးနိုင်၏။
ကြောင် - လောကီသဒ္ဓိပြီး၏။ဗေဒင်ဆရာ၊ ပယောဂကုဆရာတို့အတွက် ကြောင်လက်စွပ်မှာ အကောင်းဆုံးအဆာင်ဖြစ်သည်။
နီလာ - လူချစ်လူခင်ပေါစေသော ပိယသဒ္ဓိအဆောင်ဖြစ်သည်။
ဂေါ်မိတ် - ကာယသဒ္ဓိပြီး၏။ခွန်အားကိုဖြစ်စေ၏။
ဥဿဖရား - အနာရောဂါဝေဒနာ ကင်းစေနိုင်၏။ကျန်းမာရေးအတွက်အဆောင်ကောင်းဖြစ်၏။
နေ့နံအလိုက်မွေးဖွားသူတို့၏ပင်ကိုယ်စရိုက်လက္ခဏများ
တနင်္လာနေ့ တွင်မွေးဖွားသူများ
*************************
တနင်္လာနေ့ မွေးဖွားသူတွေ ဟာ စိတ်ခံစားလွယ်သူတွေဖြစ်တယ်။ သူတို့ဟာ စိတ်ကူးစိတ်သန်း ကောင်းပြီး ဖန်တီးနိုင်စွမ်းအား ကောင်းပါတယ် ။ဘာကိုပဲ လုပ်လုပ်စေ့စပ်သေချာတယ်။ အရာရာကို တစိုက်မတ်မတ် အားသွန်ခွန်စိုက် လုပ်ဆောင်ကြတယ်။ ဆက်ဆံရေးလည်း ကောင်းမွန်တဲ့ တနင်္လာနေ့ဖွားတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်တယ်။ တနင်္လာနေ့ မွေးဖွားသူတွေ ဟာ ဉာဏ်ရည်ထက်မြတ်သလို ဗဟုသုတလည်းကြွယ်ဝပါတယ်။ လူကြီးဆန်ပြီး တည်ငြိမ်တဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ကြတယ်။ ကြင်နာတတ်တဲ့ စိတ်နှလုံးသားရှိပြီး ၊ ပျော်ပျော်နေတတ်ပါတယ်။ တစ်ကိုယ်တည်း အေးဆေးနေတတ် ပင်မယ့် မိသားစု ၊ မိတ်ဆွေ ၊ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာ ကြိုက်ပါတယ်။ တည်ငြိမ်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ တနင်္လာဖွားတွေ ဖြစ်ပါတယ်။
တနင်္လာနေ့မွေးဖွားသူတွေ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတော့ ပုလဲဖြစ်ပါတယ် ။
ပုလဲ
*****
မင်္ဂလာ ကျက်သရေရှိ၏ သွေးလေ ချောက်ခြားစိတ်နှလုံး ပျက်ပြားမှုကို ကုစားနိုင်သည်။
အင်္ဂါနေ့တွင်မွေးဖွားသူများ
*********************
အင်္ဂါနေ့မွေးဖွားသူ အများစုဟာ စိတ်ဓာတ်ကြံခိုင်တဲ့ သူတွေ ဖြစ်တယ်။ ဒေါသလည်းကြီးပါတယ်။ ပင်ကိုယ်စိတ်ရင်းကောင်းပြီး ဖော် ရွေပျူငှာတတ်တဲ့ အင်္ဂါ သားသမီးတွေ ဖြစ်တယ်။ ဆိုးတူကောင်းဘက် သူငယ်ချင်းတွေ ပေါ်မှာ အမြဲတမ်း အနစ်နာခံလေ့ရှိတယ်။ အခြားသူတွေထက် ပိုပြီး ဘယ်အရာမဆို တတ်တတ်ကြွကြွနဲ့ ပါဝင်လုပ်ကိုင် နိုင်စွမ်းရှိကြတယ်။ လူမှုဆက်ဆံရေး ပြေပြစ်ပြီးမိတ်ဆွေ အပေါင်းအသင်းပေါများတယ်။ တစ်ခါတစ်လေမှာတော့ ဆုံးဖြတ်ချက်မပြတ်သားပဲ ဘာလုပ်ရမလဲဆိုတာ ချိတုံချတုံ ဖြစ်နေတတ်ပါတယ်။ တစ်ခုခုကို စူးစမ်းရှာဖွေတတ်တဲ့ အကျင့်ရှိတာကြောင့် သူတို့မှာ ပျင်းရိချိန်မရှိပါဘူးတဲ့ လေ။ အင်္ဂါနေ့ဖွားသူတွေ ဟာ စိတ်သဘောထား နူးညံ့ သိမ်မွေ့ပါတယ်။ ပြဿ နာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်စားတတ်တယ်။ မိတ်ဆွေ အပေါင်းသင်းအပေါ်မှာလည်း သစ္စာရှိပါတယ်။ အလှအပကိုနှစ်သက် မြတ်နိုးတယ်။ လွတ်လပ်စွာတွေးခေါ် နေတတ်တယ်။ ရဲစွမ်းသတ္တိရှိပြီး စွန့်စားမှုကို နှစ်ခြိုက်တတ်တယ်။ စိတ်လှုပ်ရှားလွယ်သူများလည်း ဖြစ်တယ်။ သနားကြင်နာတတ်ပြီး တစ်ဖက်သားပေါ် မှာ ရိုင်းပင်း ကူညီလိုစိတ်အပြည့်အဝရှိတဲ့ အင်္ဂါသားသမီးတွေဖြစ်ပါတယ်။
အင်္ဂါသားသမီးများ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတော့ သန္တာကျောက် ဖြစ်ပါတယ် ။
သန္တာကျောက်
*************
ပရောဂကိုနိုင်၏ စုန်းကဝေတို့ မပြုစားနိုင်။
ဗုဒ္ဓဟူးနေ့တွင်မွေးဖွားသူများ
********************
ဗုဒ္ဓဟူးနေ့တွင်မွေးဖွားသူတွေဟာ သင်ယူတတ်မြောက်နိုင်စွမ်း အားကောင်းတယ်။ ခွဲခြမ်းစိတ်ဖြာ နိုင်တ ယ်။သူတို့ဟာ စိုးရိမ်စိတ်ကြီးသူတွေဖြစ်တယ်။ ကိုယ်ချင်းစာတတ်တဲ့ ဗုဒ္ဓဟူးသားသမီးတွေဖြစ်တယ်။ ပတ်ဝန်းကျင်ပြောစကားထက် ကိုယ်တိုင်လက်တွေ့ မြင်မှ ယုံကြည်တဲ့ သူတွေ ဖြစ်တယ်။ စိန်ခေါ်မူတွေကို ရင်ဆိုင်နိုင်တယ်။ ရဲရင့်တယ်။ စကားပြောကောင်းတဲ့ သူတွေလည်း ဖြစ်တယ်။ တိကျသေချာတယ်။ အလုပ်လုပ်တဲ့နေရာမှာအင်မတန်မှ စိတ်ကူးဉာဏ်ကောင်းတယ်
ကိုယ်ဖြစ်ချင်တာကိုဘယ်တော့မှ လက်မလျော့တတ်တာဗုဒ္ဓဟူးသားသမီးတွေ ဖြစ်ပါတယ်။ အတည်ပေါက်နဲ့ နောက်တတ်တဲ့ ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ပါတယ်။သူတို့ဟာ လျှိူ့ဝှက်တတ်တယ်။ စိတ်တိုလွယ်တယ်။ ဟာသဉာဏ် ရွှင်သူတွေလည်း ဖြစ်တယ်။ အားနာတတ်ပါတယ် ။ အရာရာမှာ စူးစမ်းချင်စိတ်များပြီး၊ အကြောင်းအရာ တစ်ခုကို အသေးစိတ်တွေးတောတတ်တဲ့ သူတွေဖြစ်တယ်။ ဘယ်အရာမဆို အကောင်းမြင် စိတ်ရှိတဲ့ ဗုဒ္ဓဟူး သားသမီးတွေဖြစ်တယ်။ အကြောင်းအရာတစ်ခုခုကိုစဉ်းစားရခက်နေတယ် ဆိုရင် ဗုဒ္ဓဟူး သားသမီးတွေဆီကိုသွားလိုက်ပါ သူတို့ကအကောင်းဆုံးအကြံဉာဏ်တွေ ပေးပါလိမ့်။
ဗုဒ္ဓဟူးသားသမီးများ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတော့ မြ ကျောက် ဖြစ်ပါတယ် ။
မြ
**
ရောဂါဝေဒနာများကို ပျောက်ကင်းစေနိုင်သည်။ ဘေးဘယာများကို ဝေးကွာစေသည်။ ကိုယ်စိတ်နှစ်ပါးအေးချမ်းသာယာစေနိုင်သည်။
ရာဟု/ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသူများ
************************
ရာဟုသားသမီးတွေဟာ ဗုဒ္ဓဟူးသားသမီးတွေ လိုပါပဲ အရာရာမှာ စူးစမ်းချင်စိတ်များပြီး၊ အကြောင်းအရာ တစ်ခုကို အသေးစိတ်တွေးတောတတ်တဲ့ သူတွေပါပဲ။ ဟာသဉာဏ်လည်း ရွှင်သူတွေဖြစ်တယ်။ လျင်မြန်ဖျတ်လတ်တယ်။ စိတ်ရင်းစေတနာကောင်းရှိသူတွေဖြစ်တယ်။ စိတ်အပင်ပန်းတော့ မခံနိုင်ကျပါဘူး။ ပျော်ပျော်နေတတ်တာကတော့ သူတို့ရဲ့သဘာဝပါ။ ရာဟု သားသမီးတွေအများစုဟာ အလုပ်ကြိုးစားသူတွေပါ။ သူတို့စိတ်ဝင်စားတာတစ်ခုခုတွေ့ပြီးဆိုတာနဲ့ ချက်ချင်းကိုတည်ငြိမ်သွားပြီး စူးစမ်းချင်စိတ်များသူတွေဖြစ်ပါတယ်။ လေ့လာမှုအားကောင်းတယ်။ အပြောအဆိုရိုးသားပွင့်လင့်ပါတယ်။ အားလပ်ချိန်တွေမှာတော့ သူတို့ဟာ သူတို့စိတ်ဝင်စားတာ တဲ့ အကြောင်းအရာ တစ်ခုခုကိုစူးစမ်းရှာဖွေလေ့ရှိပါတယ်။ စာဖတ်ရတာ လည်းဝါသနာပါသူတွေဖြစ်တယ်။ အတွေးနယ်ချဲ့တတ်ပြီး လေထဲမှာ တိုက်အိမ်ဆောက်နေတတ်ပါတယ်။ ရာဟုသားသမီးတွေဟာ ဗုဒ္ဓဟူးသားသမီးတွေနဲ့ တစ်နေ့ထဲမွေးဖွားပင်မယ့် စိတ်နေစိတ်ထားနဲ့ကိုယ်ပိုင်ခံယူချက်တွေတော့ မတူကြပါဘူး။
ရာဟုသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတေ့ာ ဂေါ်မိတ်ကျောက် ဖြစ်ပါတယ် ။
ဂေါ်မိတ်ကျောက်
*************
ကာယသဒ္ဓိပြီး၏ခွန်အားကိုဖြစ်စေ၏
ကြာသပတေး နေ့တွင်မွေးဖွားသူများ
***********************************
ကြာသပတေးနေ့မှာ မွေးဖွားသူတွေဟာ သည်းခံခွင့်လွှတ်တတ်တယ် ။ စကားနည်းတယ်။ သဘောထားကြီးတယ်။ ပျော်ပျော်ပါးပါး နေတတ်တယ်။ အေးအေး နေတတ်တာကို ကြိုက်ပါတယ်။ စိတ်ဓာတ်ကျလွယ်ပါတယ်။ ဝမ်းနည်းတတ်တယ်။ သူတစ်ပါးအပေါ်မှာ အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်တယ်။ စဉ်စားတွေးခေါ်တတ်တဲ့ ဉာဏ်ပညာရှိသူတွေ ဖြစ်တယ်။ အချော့ ကြိုက်တယ်။ သီးခြားနေရတာကို နှစ်ခြိုက်ပါတယ်။ သူတို့ဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးဖွားလာသူတွေ ဖြစ်တယ်။ သြဇာတိက္ကမနှင့် ပြည့်စုံပြီး ဘာသာတရားကို အလွန်ယုံကြည်ကိုင်းရှိုင်းသူတွေ ဖြစ်တယ်။ အသက်မွေးဝမ်းကြော င်းပညာရပ်ကို လေ့လာလိုက်စားသူတွေ ဖြစ်တယ်။ မိမိကိုယ်တိုင်ကလဲ ပညာရပ်တစ်ခုခုနဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေ ဖြစ်တယ်။ ခရီးထွက်ရတာ အလွန် ဝါသနာပါသူတွေ ဖြစ်တယ်။ တာဝန် သိစိတ်ရှိသူတွေ ဖြစ်တယ်။ တစ်ခါတစ်လေတော့ ပျင်းရိတတ်ပါတယ်။ မာနမထားတတ်ပါဘူး ။ လူတိုင်းကို ခင်မင်တတ်တယ်။ အကူအညီတောင်းခဲ့လျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတဲ့ ကြာသပတေး သားသမီးတွေဖြစ်ပါတယ်။
ကြသပတေးသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတေ့ာ ဥဿ ဖရားကျောက် ဖြစ်ပါတယ် ။
ဥဿ ဖရားကျောက်
******************
အနာရောဂါ ဝေဒနာ ကင်းစေနိုင်၏ ကျန်းမာရေးအတွက် အဆောင်ကောင်းဖြစ်၏
သောကြာနေ့တွင်မွေးဖွားသူများ
******************************
သောကြာနေ့တွင် မွေးဖွားသူတွေဟာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ သောကြာသားသမီးတွေဖြစ်တယ်။ သနားကြင်နာတတ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းပါတယ်။ မည်သည့် အလုပ်မဆို စိတ်ပါဝင်စား လုပ်ကိုင်တတ်ပါတယ် ။ လေ့လာမှုအား ကောင်းတယ်။ စပ်စုတတ်တဲ့ အကျင့်ရှိတယ်။ ဉာဏ်နီဉာဏ်နက်လည်းများပါတယ်။ အနုပညာ ရသကို ခံစား ဖန်တီးနိုင်စွမ်းရှိတယ်။ လူမှုဆက်ဆံရေး ပြေပြစ်တယ်။ သဘောကောင်း မနောကောင်းတဲ့ သောကြာသားသမီးတွေ ဖြစ်တယ်။ စဉ်းစားတွေဝေတတ်တဲ့ အကျင့်ရှိပါတယ်။ အကောင်းကြိုက်တယ်။ ဟာသဉာဏ် ရွှင်တယ်။ ကိုယ်တိုင်က အနေအေးပါတယ်။ သူငယ်ချင်းမိတ်ဆွေ နဲ့ ဆိုရင်တော့ အကဲဆုံးကတော့ သူပါပဲ။ သင်ယူတတ်မြောက်လွယ်မြန်တဲ့ သူတွေဖြစ်တယ်။ အလှအပကို နှစ်သက်မြတ်နိုးပါတယ်။ စိတ်အားငယ်တတ်တယ်။ ဆွဲဆောင်မူရှိတယ်။ တစ်ယောက်တည်းနေရတာကို သဘောကျပါတယ်။ ပျော်ပျော်နေတတ်တယ်။ သူတို့ဟာ စိတ်ရှည်သည်းခံတတ်ပြီး စိတ်ပူပန်တတ် ပါတယ်။ စကားကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တယ်။ လျှိူ့ဝှက်ချက်လည်းများပါတယ်။ တစ်ခါတစ်ရံမှာ သူတို့စိတ်ခံစားချက်ကို ထုတ်ဖော်မပြတတ်ပါဘူး။ လူသားချင်းစာနာထောက်ထားတတ်တဲ့ စိတ်ရှိပြီး ပေးကမ်းစွန့်ကျဲတတ်တဲ့ သောကြာသားသမီးတွေဖြစ်တယ်။
သောကြာသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံးကံကောင်းစေမယ့်
အဆောင်ကတော့ စိန်ရတနာ
စနေနေ့တွင် မွေးဖွားသူများ
*******************
စနေ နေ့မွေးဖွားသူတွေ ဟာ စိတ်လည်းကြီးသလို ဒေါသလည်းကြီးပါတယ်။ စကားပြောဆိုရာတွင် သွယ်ဝိုက်မနေပဲ ပွင့်ပွင့်လင်းလင်းပြောတတ်ပါတယ်။ အစွဲအလန်းလည်ကြီးပါတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် ကျေးဇူး မမေ့တတ်ပါဘူး။ ဘယ်ကိစ္စမဆို မညဉ်းမညူပဲ ကိုယ်တိုင်ပါဝင် လှုပ်ရှားတဲ့ စနေနေ့ မွေးဖွားသူတွေ ဖြစ်တယ်။ ဖော်ရွေတဲ့ စနေသားသမီးတွေ ဖြစ်တယ်။ ဘယ်နေရာမဆို သတိကြီးစွာပြုမှု နေထိုင်တတ်ပါတယ်။ အနေအထိုင် ရိုးအေးလွန်းသူတွေ ဖြစ်တယ်။ ဖန်တီးနိုင်စွမ်း အားကောင်းတယ်။ ပညာရပ် တစ်ခုခုနဲ့ အသက်မွေး ဝမ်းကြောင်းပြုကြပါတယ်။ တိုးတက်ကြီးပွား လိုစိတ်ရှိသူတွေ ဖြစ်တယ်။ စုဆောင်းရ တာ ဝါသနာပါသူတွေ ဖြစ်တယ်။ အသုံးအစွဲလည်း ကြီးပါတယ်။ တာဝန်သိစိတ်ရှိသူတွေ ဖြစ်တယ်။ တစ်ခါတစ်ရံ စိုးရိမ်စိတ် လွန်ကဲပါတယ်။ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်က ခက်ထန်တယ်လို့ ထင်ရပင်မယ့် တကယ်တော့ သူတို့ဟာ ခင်ဖို့ကောင်းတဲ့ သူတွေ ဖြစ်ပါတယ်။ အားမနာတတ်ပါဘူး။ သူတို့ကို ကြည့်နေရင် တော့ အမြဲတမ်း အလုပ်ရှုပ် နေတတ်ပါတယ်။ လူချစ်လူခင်လည်း ပေါပါတယ်။ စိတ်ရှည်သည်းခံတတ်တယ်။ သဒ္ဓါတရားပြည့်၀ ပြီး ပေးကမ်းရက်ရောပါတယ်။ တစိုက်မတ်မတ်နဲ့ အလုပ်ကြိုးစားလုပ်တယ်။ စည်းကမ်းကြီးတယ်။ ဉာဏ် အမျှော်အမြင်လည်း ကြီးပါတယ်။ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်တတ်ပါတယ်။ ကိုယ့်ကြောင့် သူများပျော်ရွှင်နေတာ ကို ကြည့်ပြီး ပိတိဖြစ်နေတဲ့ စနေသားသမီးတွေ ဖြစ်ပါတယ်။
စနေသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံးကံကောင်းစေမယ့်
အဆောင်ကတော့ နီလာ ကျောက်မျက်ရတနာ ပဲ ဖြစ်ပါတယ်။
နီလာ
****
လူချစ်လူခင်ပေါစေသော ပိယသဒ္ဓိအဆောင်ဖြစ်သည်။
တနင်္ဂနွေ နေ့တွင်မွေးဖွားသူများ
**********************
တနင်္ဂနွေနေ့တွင် မွေးဖွားသူတွေ ဟာ အခြားနေ့နံတွေနဲ့ မတူပဲ ကွဲပြားတဲ့ စရိုက် လက္ခဏာတွေရှိပါတယ်။ သူတို့ဟာ စည်ကမ်းကြီးတယ်။ စိတ်ဆိုး စိတ်ကောက်လည်း လွယ်ပါတယ်။ ဒေါသလည်းကြီးပါတယ်။ လူစုလူဝေး နေရာတွေ သိပ်သွားလေ့မရှိပါဘူး။ စိတ်ရူပ်တတ်ပါ တယ်။ သဘောထားပြည့်ဝတဲ့ တနင်္ဂနွေသားသမီးတွေ ဖြစ်တယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း အ လွန်နည်းပါတယ်။ အသန့် အပြန့်လည်း အလွန်ကြီးပါတယ်။ မိသားစု ၊ မိတ်ဆွေ အပေါင်းအသင်းပေါ်မှာတော့ အနစ်နာ ခံပါတယ်။ မာနလည်းကြီးပါတယ်။ ဒါပင်မဲ့ သူတို့မှာ အများထက်ကို သာလွန်းတဲ့ ဉာဏ်ရည်ထက်မြတ်မှုတွေ ပိုင်ဆိုင်ကြ သူတွေ ဖြစ်ပါတယ်။ ထီထွင် ဖန်တီးနိုင်စွမ်း အားကောင်းတယ်။ ဦးဆောင်လိုစိတ် ပြင်းပြတယ်။ ပညာအရာမှာလည်း ထူးချွန်ပြောင်မြောက်ပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားပါတယ်။ အစွဲအလန်း လည်း ကြီးပါတယ်။ အချော့လည်းကြိုက်ပါတယ်။ တစ်ခါတစ်လေမှာတော့ တဇွတ်ထိုး နိုင်ပါတယ် ။ စိတ်မြန်ပါတယ်။ ဗဟုသုတလည်း ကြွယ်သလို စကားလည်း ကြွယ်ပါတယ်။ အငြင်းအခုံလည်းသန်ပါတယ်။ ကိုယ်လိုချင်တာကို မရရအောင် ယူတတ်တဲ့ တနင်္ဂနွေ သားသမီးတွေ ဖြစ်ပါတယ်။
တနင်္ဂနွေသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံးကံကောင်းစေမယ့်
အဆောင်ကတော့ ပတ္တမြား(သို့) ကျောက်နီ ကျောက်မျက်ရတနာ ဖြစ်ပါတယ်။
ပတ္တမြား
******
ဘေးရန်အမျိုးမျိူး ကိုကာကွယ်နိုင်သည်။ စီးပွား ဥစ္စာတိုးတတ်စေသည်။ ဂုဏ်ကျက်သရည်တိုးစေ၏