ကျန်းမာရေးအတွက်ဂဏန်းဗေဒင်

"၁" ဂဏန်းသမား( ၁၊၁၀၊၁၉၊၂၈ ရက်မွေးဖွားသူများ)
" ၁ " ဂဏန်းသမားတွေဟာ နှလုံးရောဂါ၊ ရင်ကျပ်တဲ့ရောဂါ၊ မျက်စိမွဲတဲ့ရောဂါ တွေ ဖြစ်လေ့ရှိတယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓာတ်စာတွေကတော့ စပျစ်သီး၊ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊
ကျွှဲကောသီး၊ ပေါင်မုန့်၊ ဆန်ပြုတ်၊ ပျားရည်တွေ ဖြစ်တယ်။
" ၂ " ဂဏန်းသမား (၂၊၁၁၊၂၀၊၂၉ ရက်မွေးဖွားသူများ)
" ၂ " ဂဏန်းသမားတွေဟာ အစာအိမ်ရောဂါ၊ ရင်ပြည့်ရင်ကယ်ရောဂါ၊ ကင်ဆာရောဂါ စတဲ့ရောဂါတွေဖြစ်တက်တယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓတ်စာတွေကတော့
ဌက်ပျောသီး၊ ဖရဲသီး၊ သခွားသီး၊ ဂေါ်ဖီထုပ် စသည်တို့ဖြစ်တယ်။
"၃" ဂဏန်းသမား (၃၊၁၂၊၂၁၊၃၀ရက်မွေးဖွားသူများ)
"၃" ဂဏန်းသမား တွေဟာ အကြောနဲ့ပတ်သက်တဲ့ ရောဂါ၊ အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါ၊ အရေပြားနဲ့အဖုအပိမ့်တွေပေါက်တက်တဲ့ရောဂါ၊အသားနာကျင်ကိုက်ခဲတဲ့ ရောဂါတွေ ဖြစ်တက်တယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓာတ်စာတွေကတော့
စတော်ဘယ်ရီသီး၊ ဆီးဖြူသီး၊ နာနတ်သီး၊ ဗာဒံစေ့၊ ကညွတ်ရွက်၊ ပေါင်မုန့် စတဲ့ဟာတွေဖြစ်တယ်။
"၄" ဂဏန်းသမား ( ၄၊၁၃၊၂၂၊၃၁ ရက်မွေးဖွားသူများ)
"၄" ဂဏန်းသမား တွေဟာ စိတ္တဇဆန်ဆန် ရောဂါဖြစ်တယ်တယ်။ ဆီးအိမ်၊ကျောက်ကပ်စတဲ့ ရောဂါတွေဖြစ်တက်တယ်။ သူတို့ကိုရောဂါဖြစ်လာရင် ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးတွေက ပိုပြီးသင့်တော်တယ်။ စိတ်ညှိ့ပြီးကုတဲ့ ဆရာတွေ၊ အိပ်မွေ့ချပြီးကုတဲ့ ဆရာတွေနဲ့ ကုသသင့်တယ်။
အကောင်းဆုံးဓာတ်စာဟာ စိတ် အားမငယ်အောင် အားပေးတဲ့ မိတ်တွေပဲ။
"၅" ဂဏန်းသမား (၅၊၁၄၊၂၃ ရက်မွေးဖွားသူများ)
"၅" ဂဏန်းသမားတွေဟာ စိတ်အားပြင်းပြင်းထန်ထန်ထည့်ပြီး အလုပ်ကို အားသွန်ခွန်စိုက်လုပ်ရတဲ့အတွက် အာရုံကြောများ ရောင်တဲ့ရောဂါ၊ အိပ်မရတဲ့ရောဂါ၊ သွက်ချာပါဒလို ရောဂါမျိူး ဖြစ်တက်တယ်။အကောင်းဆုံးကုသမှုမှာ အိပ်ရေးဝအောင်အိပ်ခြင်း၊တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုသွားပြီး အနားယူခြင်းတို့ပြုလုပ်ရမယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓတ်စာတွေကတော့ မုန်လာဥ၊ သစ်ချသီး၊ ကွေကာအုပ် နဲ့ မြေပဲ စတဲ့အခွံမာတဲ့အသီးတွေ ဖြစ်ပါတယ်။
"၆" ဂဏန်းသမား (၆၊၁၅၊၂၄ ရက်မွေးဖွားသူများ)
"၆" ဂဏန်းသမားတွေဟာ လည်ချောင်းနဲ့ပတ်သက်တဲ့ရောဂါ၊ နှာခေါင်းနဲ့ပတ်သက်နဲ့ရောဂါ၊ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ တွေပါပူးတွဲခံစားရတက်တယ်။ အမျိုးသမီးတွေဆိုရင် သားအိမ်ရောဂါနဲ့ နို့နာရောဂါတွေကိုခံစားရတက်တယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓာတ်စာတွေကတော့
ပဲအမျိုးအမျိုး၊ဖရဲသီး၊ ဗာဒံစေ့ စတဲ့အရာတွေဟာ ဓာတ်စာတွေဖြစ်တယ်။
ဆောင်တော်ကူးနဲ့နှင်းဆီရွက်တွေကိုလည်း လက်နဲ့မကြာခဏ လုံးချေပြီး ရှူပေးရတယ်။
"၇" ဂဏန်းသမား(၇၊၁၆၊၂၅ ရက်မွေးဖွားသူများ)
"၇" ဂဏန်းသမားတွေဟာ ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေ ထွက်ခြင်း၊ သွေးစုနာလိုဖြစ်ခြင်း၊ ကိုယ်ရောစိတ်ပါနွမ်းလျခြင်း စတဲ့ ရောဂါတွေဖြစ်တက်တယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓတ်စာတွေကတော့
မှို၊သခွားသီး၊သပျစ်သီး၊ပန်းသီး၊အရည်ရွှဲတဲ့ အသီးတွေအားလုံးဟာ ဓတ်စာဖြစ်တယ်။
အဲ့ဒါအပြင် "၇" ဂဏန်းသမားတွေဟာ အသက်ကြီးကြီးငယ်ငယ် အချစ်ကြောင့်အသဲကွဲတဲ့ရောဂါ ဖြစ်တက်တယ်။အဲဒီရောဂါအတွက်တော့ ကုရာနတ္ထိဆေးမရှိဘဲ။
"၈" ဂဏန်းသမား(ဂ၊၁၇၊၂၆ ရက်မွေးဖွားသူများ)
"၈" ဂဏန်းသမားတွေဖြစ်တဲ့ ရောဂါဟာ အစာဟောင်းအိမ်၊ အူမကြီးနဲ့ ပတ်သက်တဲ့ရောဂါ၊ ဦးခေါင်းကိုက်တဲ့ရောဂါ၊ သွေးဆိပ်တက်တဲ့ရောဂါ၊ ထုံကျင်ကိုက်ခဲတဲ့ရောဂါ တွေဖြစ်တက်တယ်။ပြီးတော့ ပယောဂလိုမျိူး သူတစ်ပါးပြုစားတဲ့ရောဂါမျိူးကြုံတွေ့ရတက်တယ်။"၈" ဂဏန်းသမား တွေကိုအကြံပေးချင်တာကတော့ အသားကိုတက်နိုင်သမျှလျော့စားပြီး အသီးအရွက်များများစားပေးပါ။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓာတ်စာတွေကတော့
မုန်လာ၊ ဌက်ပျောသီး ၊ သရက်သီး၊ ထောပတ်သီး စတဲ့အသီးအနှံတွေဟာ ဓာတ်စာဖြစ်တယ်။ဂမုန်းသူယောင်မြစ်ကို ဆောင်ထားပြီး မကြာခဏရှူပေးပါ။အကောင်းဆုံးရှူဆေးဖြစ်တယ်။
"၉" ဂဏန်းသမား (၉၊၁၈၊၂၇ ရက်မွေးဖွားသူများ)
"၉" ဂဏန်းသမားတွေကတော့ ရုတ်တရက် ဖျားတဲ့ရောဂါ၊ ဝက်သက်ရောဂါ၊ ကျောက်ရောဂါ ကူးစက်တက်တဲ့ အဖျားရောဂါကြီး ခန္ဓာကိုယ်အတွင်းမှ အပူဓာတ်များလို့ဖြစ်တဲ့ရောဂါတွေဖြစ်လေ့ရှိတယ်။အဆီများတဲ့အသားများ၊အဆီအဆိမ့်များ၊အရက်သေစာတွေကို အဆိပ်လိုရှောင်သင့်တယ်။
ဂဏန်းဗေဒင် ပညာအရစားရမယ့် ဓတ်စာတွေကတော့
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း စတဲ့အရာတွေက "၉" ဂဏန်းသမားများအတွက်ဓာတ်စာကောင်းတွေဖြစ်တယ်။