နေ့နံအလိုက် ဘုရားဆွမ်းတော်ကပ်လှူပူဇော်နည်း

နေ့နံအလိုက် ဘုရားဆွမ်းတော်ကပ်လှူပူဇော်နည်း
ဘဝမှာအဆင်မပြေတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုအခါမျိူးမှာခုသာခံသာဖြစ်အောင်ဘုရားနဲ့ပတ်သတ်တဲ့ယတြာလို့ပဲပြောပြော၊ဆွမ်းတော်ကပ်တာလို့ပဲပြောပြော အဲ့ဒါလေးလုပ်လိုက်ရင် အခြေအနေတော်တော်လေး ထူးခြားလာတာကိုတွေ့ရပါတယ်။ ဒါကြောင့်မင်းသိင်္ခပရိသတ်များ အတွက် တင်ဆက်လိုက်ပါတယ်။
တနင်္ဂနွေသားသမီး ဖြစ်သော် ဌက်ပျောသီးဆယ်လုံး အခွံနွှာ၍ ပန်းကန်ပြားတွင်ထည့်ပါ။ အပေါ်မှ သကြားဖြူးပါ။ တနင်္ဂနွေနေ့ နံနက် ၉နာရီ ၄၅မိနစ် တွင် အိမ်ဘုရားစင်၌ ဆွမ်းတော်ကပ်ပါလေ။
တနင်္လာသားသမီး ဖြစ်သော် ပန်းကန်လုံး ကိုးလုံးတွင် ဆီးသီးအပြည့်ထည့်၍ တနင်္လာနေ့နံနက် ၉နာရီ ၄၅မိနစ် တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူပါလေ။
အင်္ဂါသားသမီး ဖြစ်သော် ပန်းကန်ပြားပေါ်တွင် လက်ဖက်အသားချည်း ငါးပုံပုံ၍ အင်္ဂါနေ့နံနက် ၉နာရီ ၄၅မိနစ် တွင် မိမိအိမ် ဘုရား၌ကပ်လှူပါလေ။
ဗုဒ္ဓဟူးသားသမီး ဖြစ်သော် ပန်းကန်ပြားသုံးချပ်၌ ပဲပြုတ်များထည့်ကာ ဗုဒ္ဓဟူးနေ့နံနက် ၉နာရီ ၄၅မိနစ်တွင် မိမိအိမ် ဘုရားစင်၌ ကပ်လှူပါလေ။
ကြာသပတေးသားသမီး ဖြစ်သော် သရက်သီးခြောက်စိတ်ကို ကြာသပတေးနေ့နံနက် ၉နာရီ ၄၅မိနစ် တွင် မိမိအိမ်၌ပင် ကပ်လှူပါလေ။
သောကြာသားသမီး ဖြစ်သော် ဖန်ခွက်ရှစ်ခွက်ဖြင့် နွားနို့စစ်စစ်ကို အစိမ်းအတိုင်းထည့်၍ သောကြာနေ့နံနက် ၉နာရီ ၄၅မိနစ်တွင် မိမိအိမ်၌ပင် ကပ်လှူပါလေ။
စနေသားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြားအသေးရှစ်ပန်းကန်မှာ ခွဲ၍ထည့်ပြီး စနေနေ့နံနက် ၉နာရီ ၄၅ မိနစ်တွင် မိမိအိမ် ဘုရား၌ ကပ်လှူပါလေ။