၂၀၂၀ ခုနှစ် (၇) ရက်သားသမီးများအတွက် ကျန်းမာရေး ယတြာနှင့် ဆောင်ရန်ရှောင်ရန်

၂၀၂၀ ခုနှစ် တနင်္ဂနွေ သားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ဆောင်ရန် ရှောင်ရန်

တနင်္ဂနွေနေ့တိုင်း နေအိမ်ဘုရားကျောင်းဆောင်မှာ မြေဇာ ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ကံ့ကော် ၉ ညွန့် ကပ်လှူ ပူဇော်ပါ။ တနင်္လာနေ့တိုင်း ကောက်ညှင်းပေါင်းတွင် အုန်းသီး ၊ နှမ်းထောင်း မထည့်ဘဲ သကြားဖြူးပြီး ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူပါ။ ငှက်ပျောသီး၊ သင်္ဘောသီး၊ ချဉ်ပေါင်၊ သခွာသီး၊ ကြက်ဟင်းခါးသီး၊ ငါးအမျိုးမျိုး စားသင့်သည်။ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ဇီးသီး၊ ဒူးရင်းသီး၊ နာနတ်သီး ရှောင်ပါ။ တောင်အရပ်သို့ ခရီးသွားခြင်းကို ရှောင်ပါ။

၂၀၂၀ ခုနှစ် တနင်္လာသားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ဆောင်ရန် ရှောင်ရန်

တနင်္လာနေ့တိုင်း နေအိမ်ဘုရားကျောင်းဆောင်မှာ ဒန်း ၉ ညွန့်၊ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့် ကပ်လှူပူဇော်ပါ။ အင်္ဂါနေ့တိုင်း ဇီးသီး ၉ လုံး ဗုဒ္ဓမြတ်စွာ ဘုရားကို ကပ်လှူပါ။ နွားနို့၊ သီဟိုဠ်စေ့၊ ဇီးသီး၊ ဆိတ်သား၊ သိုးသား စားသင့်သည်။ ဘဲသား၊ ဘဲဥ၊ ဝက်သား၊ လက်ဘက်၊ မုန်လာဥကို ရှောင်ပါ။ အနောက်တောင်အရပ်ဘက်သို့ ခရီးသွားခြင်းကို ရှောင်ပါ။

၂၀၂၀ ခုနှစ် အင်္ဂါသားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ဆောင်ရန် ရှောင်ရန်

အင်္ဂါနေ့တိုင်း နေအိမ်ဘုရားကျောင်းဆောင်မှာ အုန်း ၉ ညွန့် ၊ ရွက်လှ ၉ ညွန့်၊ ဒန်း ၉ ညွန့် ကပ်လှူ ပူဇော်ပါ။ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓမြတ်စွာဘုရားကို နွားနို့ကပ်လှူ ပူဇော်ပါ။ နွားနို့၊ ရွဲယိုရွက်၊ ရှောက်ရွက်၊ နာနတ်သီး၊ ထန်းသီး၊ ရှောက်သီး ဖျော်ရည် စားသုံးသင့်သည်။ သခွာသီး၊ ကြက်ဟင်းခါးသီး၊ ငါးပိ၊ ငါးဖယ်၊ ချဉ်ပတ်တို့ကို ရှောင်ပါ။ အနောက်အရပ် စူးစူးသို့ ခရီးမသွားသင့်ပါ။


၂၀၂၀ ခုနှစ် ဗုဒ္ဓဟူး သားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ဆောင်ရန် ရှောင်ရန်

ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်ဘုရားကျောင်းဆောင်မှာ အုန်း ၉ ညွန့်၊ ကံ့ကော် ၉ ညွန့်၊ မြေဇာ ၉ ညွန့် ကပ်လှူပူဇော်ပါ။ ကြာသပတေးနေ့တိုင်း ပဲကပ်ကြော် ၅ ခု ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူပါ။ ပဲအမျိုးမျိုး၊ ကြက်သား၊ ဘဲသား၊ ဘဲဥ၊ ကြက်ဥ၊ ချဉ်ပေါင်၊ ဖန်ခါးသီး စားသင့်သည်။ ဆိတ်သား၊ အမဲသား၊ နွားနို့၊ ဇီးသီး၊ သီဟိုဠ်စေ့၊ နာနာတ်သီး ရှောင်ပါ။ အနောက်မြောက် အရပ်ဘက်သို့ ခရီးသွားခြင်းကို ရှောင်ပါ။

၂၀၂၀ ခုနှစ် ကြာသပတေးသားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ဆောင်ရန် ရှောင်ရန်

ကြာသပတေးနေ့တိုင်း၊ နေအိမ်ဘုရားကျောင်းဆောင်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ကံ့ကော် ၉ ညွန့် ကပ်လှူပူဇော်ပါ။ သောကြာနေ့တိုင်း သက်သတ်လွတ်ခေါက်ဆွဲကြော်ကို ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူပါ။ ဇီးသီး၊ ဆိတ်သား၊ ကြက်ဟင်းခါးသီး၊ သခွာသီး၊ ကဇွန်းရွက် စားသုံးသင့်သည်။ ဝက်၊ အမဲ၊ ဘဲဥ၊ နွားနို့၊ ဒူးရင်းသီး၊ နာနာတ်သီး ရှောင်ပါ။ အရှေ့မြောက်အရပ်ဘက်သို့ ခရီးသွားခြင်းကို ရှောင်ပါ။

၂၀၂၀ ခုနှစ် သောကြာသားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ရှောင်ရန် ဆောင်ရန်

သောကြာနေ့တိုင်း နေအိမ်ဘုရားကျောင်းဆောင်မှာ ရွက်လှ ၉ ညွန့်၊ ဒန်း ၉ ညွန့်၊ ဇီး ၉ ညွန့် ကပ်လှူပူဇော်ပါ။ စနေနေ့တိုင်း ဆွမ်းပေါ်မှာ နာနတ်ယို၊ ဇီးယို၊ ရှောက်ယို) တစ်မျိုးမျိုးတင်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူပါ။ ဆလပ်ရွက်၊ ရှောက်ရွက်၊ ရွဲယိုရွက်၊ ဆိတ်သား၊ နွားနို့၊ ဇီးသီးများကို စားသုံးသင့်သည်။ ဘဲဥ၊ ကြက်ဥ၊ ငှက်ပျော်သီး၊ ချဉ်ပေါင်၊ ချဉ်ပတ် ကို ရှောင်ပါ။ အရှေ့တောင်အရပ်ဘက်သို့ ခရီးထွက်ခြင်းကို ရှောင်ပါ။

၂၀၂၀ ခုနှစ် စနေသားသမီးများအတွက် ကျန်းမာရေးယတြာ နှင့် ဆောင်ရန် ရှောင်ရန်

စနေနေ့တိုင်း နေအိမ်ဘုရားကျောင်းဆောင်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် ကပ်လှူ ပူဇော်ပါ။ ဗုဒ္ဓဟူးနေ့တိုင်းဆွမ်းပေါ်မှာ လက်ဖက်ထည့်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူပါ။ မုန်လာဥ၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ အာလူး၊ ပုန်းရည်ကြီး၊ မန်ကျည်းဖျော်ရည်များ တည့်ပါသည်။ ဆိတ်သား၊ ဇီးသီး၊ သခွာသီး၊ ကြာဇံ၊ ခေါက်ဆွဲရှောင်ပါ။ မြောက်စူးစူးအရပ်ဘက်သို့ ခရီးမထွက်သင့်ပါ။