ဈေးခေါ်ကောင်း၍ ရောင်းပန်းလှစေသောနည်း

ဈေးခေါ်ကောင်း၍ ရောင်းပန်းလှစေသောနည်း
====================================
(၁) တနင်္ဂနွေနေ့တွင် ကုန်ရောင်းကောင်း၊ ဈေးခေါ်ကောင်းပြီး ရောင်းပန်းလှစေရန် - မိမိအိမ်မှ မထွက်ခင်မှာ ငါးပိကို မီးဖုတ်၍ ထမင်းနှင့် အနည်းငယ်စားပြီးမှ သွားပါ။ အခြားသော ဟင်းများ ထည့်မစားရ။


(၂) တနင်္လာနေ့တွင် ရေချိုး၍ ဆားအနည်းငယ်စားပြီးမှ အိမ်မှထွက်ပါ။

(၃) အင်္ဂါနေ့တွင် နွားနို့သောက်ပြီးမှ အိမ်မှထွက်ပါ။

(၄) ဗုဒ္ဓဟူးနေ့တွင် ထန်းလျက်ရည်အနည်းငယ်ကို လျက်၍ အိမ်မှထွက်ပါ။

(၅) ကြာသပတေးနေ့တွင် ငှက်ပျောသီးတစ်လုံးကို ပြုတ်ပြီး ထမင်းဖြူနှင့် စားပြီးမှ အိမ်မှ ထွက်ပါ။

(၆) သောကြာနေ့တွင် သင်္ဘောသီးမှည့်ကို စားပြီးမှ အိမ်မှထွက်ပါ။

(၇) စနေနေ့တွင် ခတက်ရွက် (သို့မဟုတ်) ခတက်ချဉ်ကို ထမင်းဖြူနှင့် တို့စားပြီးမှ အိမ်မှထွက်ပါ။

ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက်ပါက ဈေးရောင်းကောင်းမည်။ ရောင်းပန်းလှမည်။ ဈေးခေါ်ကောင်းမည်။ ဖော်ပြပါ အသီးအနှံ၊ အရွက်များ မရှိပါက နံတူအရွက်အပွင့်များကို ဉာဏ်ရှိသလို ပြုလုပ်နိုင်ပါတယ်။