ဓါတ်တူနံတူ ငွေကိုယူ

ဖော်ပြပါ ဓါတ်တူနံတူ ငွေကိုယူဆိုတဲ့ ငွေစက္ကူ တွေနဲ့ ပြုလုပ်ထားတဲ့ အဆောင်ကို အိမ်တွေ၊ ဆိုင်တွေမှာ ချိတ်ဆွဲထားတာ တွေ့ဖူးမယ်ထင်ပါတယ်။


ဒါကြောင့် ကျွန်တော်တို့ မင်းသိင်္ခပေ့ချ်ကနေ ပြီးတော့ အဆိုပါ အဆောင်ကို လူမျိုးမရွေး ဘာသာမရွေး ဆောင်လို့ရတဲ့ အပြင် မိမိအိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်ကို ဗေဒင်ချစ်ပရိတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ် ခင်ဗျာ.......

ဆရာကြီးမင်းသိင်္ခ၏ ပြောကြားခဲ့ပုံများက …

ဓါတ်တူနံတူ ငွေကိုယူ ဆိုတာကို "ဓါတ်တူနာမ်တူ ဆေးဖက်ယူ"
လို့လည်း ပြောလေ့ရှိကြတယ်ကွ......

ကတ်ပြားတစ်ခုပေါ်မှာ လက်ရှိသုံးနေတဲ့ ငွေစက္ကူတစ်စုံကပ်ထားရမယ်။ ဥပမာ ငါးရာတန် တစ်ရာတန် တစ်ထောင်တန်၊ တစ်သောင်းတန်ကို ၊ နှစ်ရာတန်၊ ငါးထောင်တန် ဆိုရင် စုစုပေါင်းငွေ စက္ကူ ၁၂ ရွက်တစ်စုံစီကို ဟိုဘက်ဒီဘက်လှန်ပြီး ထည့်ပေးရပါမယ်။ ပိုက်ဆံတွေကို နှစ်ဖက်လုံးမြင်အောင် မှန်ဘောင်သွင်းပေးရပါမယ်။

မှန်ဘောင်သွင်ပြီးပြီ ဆိုရင်တော့ နေ့နံအလိုက် အချိန်အပိုင်းအခြားနဲ့ ချိတ်ဆွဲပေးရပါမယ်။ အဲ့ဒီအချိန်ဟာ အင်္ဂဝိဇ္ဖာ သဘောအရ တနင်္လာဂြိုလ် ငွေနံဟာ တိုင်ထိပ် နဝင်းစီးတဲ့ အချိန်ပါပဲ။

နေနံအလိုက် ချိတ်ဆွဲရမည့်အချိန်များ

တနင်္ဂနွေသားသမီး ဆိုရင် တနင်္ဂနွေနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ်

တနင်္လာသားသမီး ဆိုရင် တနင်္လာနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ်

အင်္ဂါသားသမီး ဆိုရင် အင်္ဂါနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ်

ဗုဒ္ဓဟူးသားသမီး ဆိုရင် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ်

ကြာသပတေးသားသမီး ဆိုရင် ကြာသပတေးနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ်

သောကြာသားသမီး ဆိုရင် သောကြာနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ် "

စနေသားသမီး ဆိုရင် စနေနေ့ နံနက် ၉ နာရီ၊ ၄၅ မိနစ် မှာ ချိတ်ဆွဲပေးရပါမယ်။

"အဲ့ဒီအချိန်ချိတ်ဆွဲမှ ဓာတ်မိတယ်ကွ" ပြောကြားခဲ့ပြီး လူတိုင်းလူတိုင်းလာဘ်ရွှင်ကြပါစေလို ဆရာကြီးက ဆုတောင်း မေတ္တာပို့သပေးခဲ့ ပါသည်။ ဓါတ်တူနံတူငွေကိုယူ အဆောင်ကို အဝင်တံခါးဝမှာပဲ ချိတ်ချိတ် ၊ ဧည့်ခန်းထဲမှာပဲ ဖြစ်ဖြစ် ချိတ်ထားနိုင်ပါသည်။ ထိုအဆောင်ကို ချိတ်ဆွဲပေးရုံသာမကပဲ အပိုထပ်စောင်း၍ ပြုလုပ်ချင်သူများအတွက်လဲ အဆောင်ရှေ့တွင် -
"နမောတဿ ဘဂဝတော" ကို (၃)ပတ်
"နမောတဿ အရဟတော" ကို (၃)ပတ်
"နမောတဿ သမ္မာသမ္ဗုဒ္ဓဿ" ကို (၃)ပတ်
"နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ကို (၃)ပတ် 

စုစုပေါင်း (၁၂)ပတ် ကို နေ့တိုင်း မှန်မှန် ပုတီးစိပ်ပေးရပါမည်။