သင့်အနာဂတ်ကို ပြောပြပေးသွားမယ့် ရောမအက္ခရာများ

သင့်စိတ်ထဲမှာရှိတဲ့ ရောမအက္ခရာ စကားလုံးတစ်ခုကို ရွေးချယ်ပြီး သင့်အတွက်လတ်တလော ဟောကိန်းကိုကြည့်လိုက်ရအောင်
---------------------------------------------------------------
ရှေးခေတ် ဂရိ၊ အီဂျစ်နှင့်ရောမလူမျိုးတို့မှ ဆင်းသက်လာတာဖြစ်ပြီး ပဟေဠိဆန်သော မှော်အတတ်နဲ့ရေးထားတဲ့ သစ်ထွင်းစကာလုံးတွေဖြစ်ပါတယ်။ သင်ရွေးချယ်လိုက်တဲ့ စကားလုံးတွေက သင်လတ်တလောဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ အနာဂတ်တစ်ချို့ကိုဖော်ပြပေးသွားမှာပါ။

၁။ မှော်အက္ခရာ (၁)
မှော်အက္ခရာ (၁) စကားလုံးပုံလေးကို ရွေးချယ်လိုက်တဲ့သင်သည် လုံခြုံခြင်း၊ တည်ငြိမ်ခြင်း ၊ ကြွယ်ဝချမ်းသာခြင်း ၊ အောင်မြင်ခြင်းစတဲ့ အသစ်သစ်သော ဥစ္စာဓန တိုးပွားမှုတွေ ဖော်ညွှန်းထားပါတယ် ။ ဒီပုံကိုရွေးချယ်လိုက်တဲ့ သင်သည် အောင်မြင်ခြင်း နှင့် အကျိုးစီပွားဖြစ်ထွန်းခြင်းတွေက သင့်ရဲ့လက်တစ်ကမ်းကို ရောက်ရှိလို့လာတော့မှာဖြစ်ပါတယ်။ မကြာခင်မှာ သင့်အပေါ်နားလည်ပေးနိုင်တဲ့ ချစ်သူတစ်ယောက် သင့်ဘဝထဲကိုရောက်လာတော့မှာရှိသလို အချစ်သစ်တွေ့နိုင်တာမျိူးလဲ ရှိလာနိုင်ပါတယ်။

၂။ မှော်အက္ခရာ (၂)
မှော်အက္ခရာ (၂) စကားလုံးပုံလေးကို ရွေးချယ်သူသည် လျှင်မြန်ခြင်း၊ အပြောင်းလဲမြန်ခြင်း ၊ စိတ်လွတ်လပ်ခြင်း တို့ကို ဖော်ညွှန်ထားတာ ဖြစ်ပါတယ်။ သင့်ဘ၀ မှာ အပြောင်းအလဲကြီး ပြောင်းလဲမှုတွေကို ကြုံတွေ့ရမယ်ဆိုတာ မှတ်လိုက်တော့။ သင်အရင်က စိတ်တောင်မကူးဖူးတဲ့ အရာတွေ တွေ့ကြုံလာတော့မှာ ဖြစ်ပြီး ကြုံတွေ့ရတော့မယ့်အရာတွေကိုတော့ သင်စိုးရိမ်စရာတော့ မရှိပါဘူး။ လုပ်ငန်းသစ် ၊ နေရာသစ်တွေ ၊ အခွင့်အလမ်းကောင်းတွေကလည်း သင့်ကိုစောင့်မျှော်နေမှာပါ။

၃။ မှော်အက္ခရာ (၃)
မှော်အက္ခရာ (၃) စကားလုံးပုံစံလေးကို ရွေးချယ်ထား သောသင်သည် အောင်မြင်မှု ၊ စွမ်းအင်နှင့် အသက်ရှည်ကျန်းမာခြင်းတို့ကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။သင်ရည်မှန်းထား တဲ့အိမ်မက် ဟောင်းတွေကို အကောင်ထည်ဖော်လာနိုင်တော့မှာပါ။ ဒီနေ့ကစပြီး သင်သည် လိုအင်ဆန္ဒများပြည့်ဝ လာတော့မှာဖြစ်သလို လုပ်ငန်းကိစ္စအဝဝ လည်း တိုးတတ်ကောင်းမွန် လာတော့ဖြစ်ပါတယ်။ အရာအားလုံးလည်း ကောင်းမွန်လာမှာဖြစ်ပြီး သင်လုပ်သမျှကိစ္စရပ်တွေလည်း အဆင်ပြေချောမွေ့နေပါလိမ့်မယ်။

၄။ မှော်အက္ခရာ (၄)
မှော်အက္ခရာ (၄) စကားလုံးပုံလေးကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်သည်လတ်တစ်လော မှာပြသာနာတစ်စုံတစ်ခု ကြုံတွေ့နေရတယ်လို့ ဖော်ညွှန်းထားပါတယ်။ ဒီအချိန်မှာ ပြဿ နာတွေကို သတိနဲ့ဖြေရှင်းပြီး အတွေ့အကြုံတွေကိုယူတတ်ရင် အကောင်းဘက်ကိုဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာသင်သည် သေးငယ်တဲ့လှေငယ်လေးနဲ့ လေမုန်တိုင်းတွေကို ဖြတ်ကျော်နေသလိုခံစားရမှာဖြစ်ပြီး အခက်အခဲဆုံးအချိန်ကို စိတ်ဓာတ်မကျပဲ သေချာစွာ ခေါင်းအေးအေးထားပြီး ဖြေရှင်းရင်တော့ ခဏအတွင်းမှာ ၎င်းပြသာနာတွေကို ကျော်လွှားနိုင်မှာပါ။

၅။ မှော်အက္ခရာ (၅)
မှော်အက္ခရာ (၅) စကားလုံးပုံလေးကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်သည်ပေးဆပ်မှုနှင့် လက်ခံမှုတို့ကြားမှာ ရှိနေမယ်လို့ ဖော်ညွှန်းထားပါတယ်။ ဒီရက်ပိုင်းမှာ အခြားသူတွေနဲ့ဝေမျှခြင်း ဆက်သွယ်ခြင်းကိစ္စရပ်တွေကို အများအပြားကြုံတွေ့ရတတ်ပါတယ်။သင့်မှာရှိတဲ့ အတွေ့အကြုံ အသိပညာဗဟုသုတတွေကို အခြားသူတွေဆီ ဖြန့်ဝေတာမျိုးရှိနိုင်သလို အခြားသူတွေရဲ့စိတ်ကို သင်အလိုလို သိရှိခံစားရမယ့်အချိန်ပါပဲ ဖြစ်ပါတယ်။ ဒီအချိန်ကစပြီး ကြုံတွေ့ရသမျှ အဖြစ်ပျက်တွေဟာ သင့်ကို ကြင်နာတတ်ပြီး သဘောထားကြီးသူအဖြစ် ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။

၆။ မှော်အက္ခရာ (၆)
မှော်အက္ခရာ (၆) စကားလုံးပုံလေး ကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်သည် စိတ်ဝိညာဉ်နဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တွေကို ဖော်ညွှန်းထားတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ သင့်ဘ၀ အတွက်တိုးတက်ရာ တိုးတက်ကြောင်းဖြစ်မယ့်ခရီးစဉ်တွေကို သွားရဖို့ရှိပြီး သင့်အတွက် အတွေ့အကြုံသစ်တွေ တိုးတက်မှုအသစ်တွေ စတင်လာမယ့်အချိန်ပါပဲ။ တစ်ချိန်က ပူဆွေးဝမ်းနည်းမှုတွေနဲ့ ပိတ်လှောင်ခံခဲ့ရတဲ့ ခံစားချက်တွေဟာ ယခုအချိန်မှာ စိတ်သက်သာရာရလာတော့မှာဖြစ်ပါတယ်။ ယခုအချိန်မှာသင်ဟာ မျှော်လင့်ချက် အားအင်အသစ်တွေ တစ်ဖန်ပြန်လည်မွေးဖွားလာမှာ ဖြစ်ပါတယ်။