ရေအကျိုး (၁၀) ပါး

ရေအကျိုးဆယ်ပါး
==========
၁။ သန့်ရှင်းကြည်လင်ခြင်း။

၂။ ကျော်စောထင်ရှားခြင်း။

၃။ အခြံအရံ ပေါများခြင်း။

၄။ လျင်မြန်ဖျက်လတ် သွက်လက်ပေါ့ပါးခြင်း။

၅။ ရေငတ်မွတ်သိပ်မှု ကင်းဝေးခြင်း။

၆။ အသက်ရှည်ခြင်း။

၇။ အဆင်းလှခြင်း။

၈။ ကြီးပါွးချမ်းသာခြင်း။

၉။ ခွန်အားကြီးမားခြင်း။

၁၀။ ပညာဉာဏ် ကြီးပွားခြင်းတို့ ဖြစ်၏။

"အသက်ရှည်၊ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ။ စင်ကြယ်၊ခြွေသင်း၊ ကျော်စောခြင်း၊ လျင်ခြင်း၊မွတ်သိပ်ကွာ။ရေကိုလှူရ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။"


ထင်ရှားသော ရေအလှူရှင်များ။ ။

ဥဒကဒါယက မထေရ်သည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်က အမြတ်ဆုံးဖြစ်သော ရဟန်းသံဃာ၌ ကြည်ညိုဝမ်းမြောက်သောစိတ်ရှိသည်
ဖြစ်၍ သောက်ရေသုံးရေတို့ကို လှူဒါန်းခဲ့ပါသည်။

ဥဒက ဒါယိကာ မထေရ်မသည် ဂေါတမ မြတ်စွာဘုရား မပွင့်ပေါ်မှီ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿ ီ မြတ်စွာဘုရား လက်ထက်တော်က ဗန္ဓုမတီမည်သော ပြည်တွင် ရေခပ်ခြင်းဖြင့် အသက်မွေးမြူရသော သူဆင်းရဲမတစ်ယောက်ဖြစ်ခဲ့ရ၏၊

ဗန္ဓုမတီမြို့၌ သူဌေး သူကြွယ် မှူးမတ် အိမ်ရှေ့မင်း ပြည့်ရှင်မင်းတို့ သူ့ထက်ငါ အလှူဒါန ပြုကြသည်ကို တွေ့မြင်ရသော ထိုသူဆင်းရဲမသည် .....

သြော် သူတကာတွေမှာတော့ ပစ္စည်းဥစ္စာ ပြည့်စုံသဖြင့် အလှူဒါန ပြုနိုင်ကြပေသည်၊ ငါ့မှာတော့လှူစရာ ပစ္စည်းဥစ္စာ မရှိပါတကား၊ လှူစရာမရှိ၍ အမှုမဲ့ အမှတ်မဲ့ နေခဲ့သော် နောင်ဘဝသံသရာတလျှောက်လုံး၌ သည့်ထက်မက ဆင်းရဲဒုက္ခ ကြုံတွေ့ရတော့မည်ဟု စိတ်အကြံဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ဆိုင်းနှင့်ရေအိုးကိုယူ၍ မြစ်မှရေကိုခပ်ပြီးလျှင် ကျောင်းတိုင်း ကျောင်းတိုင်း၌ သောက်ရေသုံးရေကို အဆက်မပြတ် လှူဒါန်းခဲ့၏။

*** ရေ လှုရခြင်းအကျိုးများ ***

၁။ အပါယ်လေးပါး မလာမရောက်ရခြင်း။

၂။ တောင်ထိပ်၊ ကောင်းကင်၊ အလွန်အသွားခက်သော လမ်းခရီး တို့၌သော်လည်း ရေသောက်လိုက ရေအလွယ်တကူရခြင်း။

၃။ မိုးခေါင် ရေရှားသည့် ဘေးဒုက္ခမှ ကင်းလွတ်ခြင်း။

၄။ ပူလောင်ခြင်း၊ ပူအိုက်ခြင်းဘေးမှ ကင်းဝေးရခြင်း။

၅။မိုးရွာစေလိုက မိုးရွာချခြင်း။

၆။အပူလွန်သောရောဂါ၊ အအေးပတ်သောရောဂါတို့မှကင်းဝေးခြင်း။

၇။ ခန္ဓာကိုယ်၌ မြူမှုန်စသော အညစ်အကြေးများကင်းဝေးရခြင်း။
(ခန္ဓာကိုယ်၌ ကြေးညှော်မတင်ဘဲ သန့်ရှင်းခြင်း။

၈။ မကောင်းသောစိတ်ထား ကင်းစင်၍ သန့်ရှင်း.ကောင်းမွန်သော စိတ်ရှိခြင်း။

၉။ ကိလေသာအညစ်အကြေးတို့ကို မဂ်ဟူသော ရေစင်ဖြင့် ဆေးကြောသုတ်သင်နိုင်ခြင်း။(မဂ်ဖိုလ်နိဗ္ဗာန်ရခြင်း)


ရေလှူအကျိုး ၉ မျိုး လင်္ကာ။

အပါယ်အဟိတ်၊ တံခါးပိတ်၍၊ တောင်ထိပ်ကောင်းကင်၊ ရောက်နေလျှင်
လည်း၊ မပူပင်ရ၊ ရေကိုရ၏။ မိုးကမရွာ၊ ရေမလာသည့်၊ နှစ်ဖြာဒုက္ခ၊ကင်းဝေး
ပလျက်၊ စိတ်ကတောင့်တ၊ မိုးရွာချ၏။ တောင့်တရေဆာ၊ မငတ်ပါဘဲ၊ ပူနာအေးနာ၊ ကင်း စင်ကွာ၏။ ကိုယ်မှာညစ်ကြေး၊ မညစ်ထေးဘူး၊ စိတ်အေးကြည်လင်၊ စိတ်ကောင်းဝင်လျက်၊လေးအင်မြိုက်မဂ်၊ ဓားသန်လျက်ဖြင့်၊ ပယ်ဖျက်ကိလေ၊ ဤကိုးထွေသည်၊ မှတ်လေရေလှူအကျိုးတည်း။
#ကိုးကားအဝေရာရာမ ရန်ကင်းဆရာတော်