A သွေး၊ B သွေး၊ O သွေး၊ AB သွေးပိုင္ရှင်တို့၏ ပင်ကိုယ်စရိုက်လက္ခဏာများ.......

(1) A သွေးပိုင်ရှင်
**************
A သွေးပိုင်ရှင်တွေဟာ သူတို့ကို အပြစ်ပြောစရာ မလိုလောက်အောင် ပြည်စုံလွန်းသူတွေဖြစ်တယ်။
စိတ်ရှုပ်စရာတွေရှိခဲ့ရင်တောင်မှ ပြဿနာတွေကို တစ်ခုချင်းစီဝေဖန်ပိုင်းခြားပြီး ဖြေရှင်းနိုင်စွမ်းရှိတယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်ပင်မယ့် သူတို့ရဲ့ ခင်မင်တဲ့ အပေါင်းအသင်းတွေနဲ့ရှိနေရင်တော့ ပြုံးပျော်ရွှင်နေတတ်သူပါ။ စကားနည်းသူတွေလည်းဖြစ်တယ်။ သူတို့ စိတ်ဝင်စားတဲ့အကြောင်းအရာဆိုရင် နေ့မအိပ်၊ညမအိပ်ပဲ စဉ်းစားနေတတ် ရှာဖွေနေတတ်ပါတယ်။
သူတို့ကတော့ စကားကိုပွင့်ပွင့် လင်းလင်းပဲပြောတတ်ကြလို့ သူများစိတ်ဆိုးလည်း ဂရုမစိုက်ပါဘူးတဲ့လေ။လူ့အရိပ်အခြေ နဲ့ လူကဲခတ်လည်း တော်ပါတယ်။ ဘာလုပ်လုပ် စိတ်မြန်လက်မြန်နဲ့ လုပ်လေ့ရှိပင်မယ့် သတိတော့အမြဲရှိပါတယ်။ အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားနေသူတွေပါ။
သူတို့ရဲ့စဉ်းစားတွေးခေါ်ချက်တွေကလည်း အနုပညာလက်ရာဆန်ပြီး ဆန်းသစ်နေတတ်ပါတယ်။ ငွေရှာတော်ပင်မယ့် အသုံးအဖြုန်းကြီးပါတယ်။ ဂီတကိုလည်း မြတ်နိုးပါတယ်။ မနားတမ်းအလုပ်လုပ်နေတတ်ပြီး သူတို့ကိုစကားသွားပြောရင်တော့ သင့်ကိုစိတ်ဆိုးပါလိမ့်မယ်။ ငြီးငွေ့လွယ် အားငယ်နေတတ်တာကြောင့် သူတို့ကိုယ်တိုင်ကလည်း စိတ်ဓာတ်ခွန်အားဖြည့်ပေးတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေ စာပေတွေကို အမြဲလေ့လာတတ်သူတွေပါ။ သူတို့ကတော့ အချစ်ရေးကံမကောင်းသူတွေလို့ တောင် ခံယူထားသူတွေပါ။ အိမ်ထောင်ပြုပြီးရင် လည်း အေးအေးချမ်းချမ်း နဲ့နေထိုင်သွားကြပါတယ်။
(2) B သွေးပိုင်ရှင်
***************
B သွေးပိုင်ရှင်တွေကို တော့လူချစ်လူခင်ပေါပါတယ်။ သူတို့ရဲ့ တွေးခေါ်ယူဆ ချက်တွေဟာ အရမ်းကိုလက်တွေ့ဆန်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ တကယ်ကို Perfect လိုတောင်ပြောလို့ရပါတယ်။ စိတ်ကောင်းစေတနာကောင်းရှိသူတွေပါ။ အနေအထိုင် ရိုးအေးလွန်းပါတယ်။ တစ်ခါတစ်လေမှာတော့ တိတ်ဆိတ်လွန်းလို့ ရှိလို့ ရှိနေမှန်းတောင်မသိရပါဘူး။ သဘောကျတဲ့ အကြောင်းအရာဆိုရင်လည်း တော်တော်လေးအရယ်သန်ပါတယ် ။ သူတို့ကိုကြည့််ရင် အမြဲလန်းဆန်းနေပါတယ်။
အများအမြင်မှာတော့ သူဟာ စိတ်ကြီးတယ် လို့ ထင်နေပင်မယ့် သူနဲ့ပေါင်းကြည့်ရင်တော့ စိတ်ရင်းစေတနာကောင်းရှိသူတွေပါ။ သူတို့ရုပ်ရည်သွင်ပြင်လက္ခဏာက အေးချမ်းတည်ငြိမ်ပါတယ်။ တစ်ခါတစ်လေ ကလေးဆန်လွန်းပါတယ်။ လှုပ်ရှားသွားလာရတာကို နှစ်သက်ပါတယ်။
ခဏခဏစိတ်ကောက်တတ်ပြီး တော်တော်လေးချော့ယူမှသာ စိတ်ပြေတတ်သူပါ ။ သူတို့ကိုတော့ ဆရာလုပ်တာမကြိုက်ပါဘူး သူတို့ကပဲဆရာလုပ်တာကြိုက်တာပါ။ ပေါင်းတတ်သင်းတတ်ပြောဆိုတတ်တဲ့ B သွေးလေးတွေဖြစ်ပါတယ်။ အစွဲအလန်းလည်းကြီးပါတယ်။ စိတ်ညစ်စရာ စိတ်ရှုပ်စရာပဲရှိရှိ ပြုံးနေတတ်ပါတယ်။
စည်းကမ်းလည်းကြီးပါတယ်။ သင်တစ်စုံတစ်ခု အကူအညီတောင်းရင်လည်း သေချာပေါက်ကူညီပေးပါလိမ့်မယ်။ B သွေးပိုင်ရှင်တွေကတော့ အားနာတတ်တဲ့ အကျင့်လည်းတစ်ခုကတော့ ရှိနေပါတယ်။ စိုးရိမ်စိတ်လည်းကြီးပါတယ်။ သူတို့ကိုယ်သူတို့ စိုးရိမ်တာမျိုးမဟုတ်ပဲ သူတစ်ပါးကိုစိုးရိမ်တဲ့ စိတ်ပါ။ ရိုင်းပင်းကူညီတတ်တဲ့ B သွေးပိုင်ရှင်တွေပါ။ သူတို့ကိုကြည့်ရင် အမြဲတမ်းတတ်ကြွ နေတတ်လို့ အများက ပျော်ပျော်နေတတ်သူလို့တောင် ထင်မိကြပါတယ်။
B သွေးလေးတွေကတော့ အချစ်ရေးမှာ ကံကောင်းပါတယ်။ သူတို့ကိုယ်တိုင်က တော့ အချစ်ရေး မှာကံမကောင်းဘူးလို့ ခံယူထားသူတွေပါ။
(3) AB သွေးပိုင်ရှင်
****************
AB သွေးပိုင်ရှင်တွေဟာ ထူးခြားတဲ့ ပင်ကိုယ်စိတ်စွမ်းအား ရှိသူတွေပါ။ AB သွေးပိုင်ရှင်တွေဟာ သူတို့ဘယ်လောက်ပဲစိတ်ညစ်စရာတွေရှိရှိ ဟာသလေးတွေ ပြောပြတတ်ပြီး ဘေးက လူကိုပြုံးရယ်စေနိုင်အောင် လုပ်နိုင်စွမ်းရှိသူတွေပါ။ သူတို့ကိုတော့ လုံးဝအကြောမခံပါဘူး။ ရိုင်းပင်းကူညီလိုတဲ့စိတ်၊ ကြင်နာသနားတတ်တဲ့ စိတ်အပြည့်အဝရှိပါတယ်။
ဟာသဉာဏ်လည်းရွှင်ပါတယ်။ သူတို့ဆီမှာ စိတ်ညစ်စရာကြီးကြီးမားမား မရှိသလောက်ပါပဲ။ ကိစ္စတစ်ခုကို သေချာဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ပြီး အသေးစိတ်ကနေ စေ့စေ့စပ်စပ် လုပ်တတ်လို့ အခြားသူတွေကတောင် လက်ဖျားခါလောက်တဲ့ အရည်အချင်းမျိုးတွေရှိပါတယ်။ အသုံးအဆောင်ပစ္စည်းတစ်ခုဝယ်ရင်တော့ တွက်ချက်နေတတ်ပါတယ်။ စုဆောင်းရတာကို ဝါသနာပါတာပါ။
AB သွေးပိုင်ရှင်လေးတွေမှာတော့ စိတ်အားငယ်တတ်တဲ့ အကျင့်တစ်ခုတော့ရှိတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြ လေ့မရှိပဲ လျှို့ဝှက်တတ်တဲ့ ဟန်ဆောင်ကောင်း သူတွေလည်းဖြစ်နေပြန်တယ်။
အကျိုးအကြောင်းလျော်ညီစွာ စဉ်းစားတွေးခေါ်တတ်တယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတညီအောင် အလိုက်သင့်ပြောင်းလဲ နေထိုင်တတ်တယ်။ အချစ်ရေးမှာလည်း ဘယ်သွေးအမျိုးအစားနဲ့မဆိုလိုက်ဖက်ပြီး ကိုယ့်ချစ်ရသူအပေါ်မှာ အမြဲပျော်ရွှင်အောင်ထားနိုင်တဲ့ သူတွေဖြစ်ပါတယ်။
(4) O သွေးပိုင်ရှင်
***************
O သွေးပိုင်ရှင်တွေဟာ စိတ်အားထက်သန်ပြီး စိတ်ဓာတ်ကြံခိုင်သူတွေပါ။ ရဲစွမ်းသတ္တိနဲ့ဲပြည့်စုံပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်လို အများက သတ်မှတ်ထားတဲ့ O သွေးပိုင်ရှင်တွေပါ။ ဆုံးဖြတ်ချက်ပြတ်သားတယ်။ ဖြစ်လာမယ့် ပြဿနာတစ်ချို့ကို ကြိုတွေးတာကြောင့် တကယ်လိုရင်ဆိုင်ခဲ့ရလျှင်လည်း နည်းလမ်းမှန်မှန် အဖြေရှာသူတွေဖြစ်တယ်။ အများက ချစ်ခင်လေးစားရတဲ့ O သွေးပိုင်ရှင်တွေဖြစ်တယ်။ သဘောထားလည်းကြီးသူတွေပါ ။ မျက်နှာသွင်ပြင် ခက်ထန်နေပင်မယ့် အတည်ပေါက်နဲ့နောက်နေတတ်ပါတယ်။ စကားလုံးတွေကို ထိထိမိမိပြောတတ်ဆိုတတ်တဲ့ သူတွေဖြစ်ပါတယ်။
သူတို့ဟာငြင်းရတာကို ဝါသနာပါတဲ့ အတွက် သူတို့နဲ့ပြိုင်ငြင်းရင်တော့ သင်ရှုံးပြီလို့သာမှတ်လိုက်တော့။ စကားလည်း ကြွယ်ပါတယ်။ စိတ်ကြီးတာတော့ သူတို့အကျင့်ပါ။ မာနလည်းကြီးပါတယ်။ အလှပကိုလည်း နှစ်သက်ပါတယ်။
အမှန်တရားကိုမြတ်နိုးလို့ အချို့ကိစ္စတွေမှာ အတိုက်အခံပြောတတ်ကြပါတယ်။ သစ္စာရှိသူတွေလည်းဖြစ်တယ်။သူတို့ဟာ လုပ်ချင်တာတွေများတတ်ပြီး ကိစ္စတစ်ခုကိုအစဖော်မရ အောင်မေ့လျော့နေတတ်တာတော့ သူတို့အားနည်းချက်ပါ။ ကိုယ့်ချစ်ရတဲ့သူ အပေါ်မှာတော့ သဝန်ကြောင်တတ်ပါတယ်။ သံသယစိတ်တွေများပြီး မယုံမကြည်နဲ့ ဖြစ်နေတတ်တာကြောင့် O သွေးပိုင်ရှင်တွေဟာ ရည်းစားလည်းများတတ်ပါတယ်။
အမှန်တရားကိုမြတ်နိုးလို့ အချို့ကိစ္စတွေမှာ အတိုက်အခံပြောတတ်ကြပါတယ်။ သစ္စာရှိသူတွေလည်းဖြစ်တယ်။သူတို့ဟာ လုပ်ချင်တာတွေများတတ်ပြီး ကိစ္စတစ်ခုကိုအစဖော်မရ အောင်မေ့လျော့နေတတ်တာတော့ သူတို့အားနည်းချက်ပါ။ ကိုယ့်ချစ်ရတဲ့သူ အပေါ်မှာတော့ သဝန်ကြောင်တတ်ပါတယ်။ သံသယစိတ်တွေများပြီး မယုံမကြည်နဲ့ ဖြစ်နေတတ်တာကြောင့် O သွေးပိုင်ရှင်တွေဟာ ရည်းစားလည်းများတတ်ပါတယ်။