ခုနှစ်ရက်သားသမီး များအတွက် အမြစ်အညွန့် မတွန့်စေရ ယတြာ

====================================
ခုနှစ်ရက်သားသမီးများ အတိုက်အခံကြုံ၍ အခက်အခဲတွေ့နေသူများ၊ ကျန်းမာရေးအလွန်ညံ့၍ အသက်ကို လုနေရသည့်သူများ၊ အလုပ်ပြုတ်တော့မလိုဖြစ်နေသူများ၊ မိမိက မပြောင်းရွှေ့လိုဘဲ ပြောင်းရွှေ့ရန် အကြောင်းပေါ်နေသူများ၊ မိမိက ပြောင်းရွှေ့လိုသည်။ပြောင်းရွှေ့ခွင့်မရသူများ၊ ဘေးဥပါဒ်များနေရာသို့ သွားရန်ရှိနေသူများ၊ နိုင်ငံခြားထွက်ရန် ကြိုးပမ်းသော်လည်း အကြောင်းအမျိုးမျိုးနှင့် တစ်နေသူများသည် အောက်တွင် ဖော်ပြထားသော ယတြာကို ပြုလုပ်ရ၏။

ထိုယတြာကို ပြုလုပ်လိုပါက (၂၁) ရက်အတွင်း ထူးခြားသွားတတ်၏။
ထားမည့်ရက် (၂၁) ရက်အတွင်း ထိကိုင်ခြင်းမပြုရ။ လိုအပ်လျှင် (၃) ကြိမ်အထိ လုပ်ရပါမည်။

တနင်္ဂနွေ သားသမီးများအတွက် ယတြာ
***************************
လှူရမည့်ပန်း - ဒန်းကြီး (၂၅) ညွန့်
လုပ်ရမည့်နေ့ရက် - တနင်္ဂနွေ နေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - သောကြာ သားသမီး

တနင်္လာ သားသမီးများအတွက် ယတြာ
*****************************
လှူရမည့်ပန်း - သြဇာ (၁၄ ) ညွန့်
လုပ်ရမည့်နေရက် - တနင်္လာ နေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - စနေ သားသမီး


အင်္ဂါ သားသမီးများအတွက် ယတြာ
***************************
လှူရမည့်ပန်း - ခရေ (၃၂) ညွန့်
လုပ်ရမည့်နေ့ရက် - အင်္ဂါ နေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - တနင်္ဂနွေ သားသမီး


ဗုဒ္ဓဟူး သားသမီးများအတွက် ယတြာ
***************************
လှူရမည့်ပန်း - စိန်ပန်း (၂၅) ညွန့်
လုပ်ရမည့်နေ့ရက် - ဗုဒ္ဓဟူးနေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - တနင်္လာ သားသမီး


ကြာသပတေး သားသမီးများအတွက် ယတြာ
***************************
လှူရမည့်ပန်း - လောက်သေ (၃၈) ညွန့်
လုပ်ရမည့်နေ့ရက် - ကြာသပတေး နေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - အင်္ဂါ သားသမီး


သောကြာ သားသမီးများအတွက် ယတြာ
******************************
လှူရမည့်ပန်း - ပိတောက် (၂၉) ညွန့်
လုပ်ရမည့်နေ့ရက် - သောကြာ နေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - ဗုဒ္ဓဟူး သားသမီး



စနေ သားသမီးများအတွက် ယတြာ
**************************
လှူရမည့်ပန်း - သင်အူ (၂၇) ညွန့်
သင်အူညွန့် သည်ရှာဖွေရန် အလွန်ခက်ခဲသဖြင့် သင်အူညွန့် အစား သဲအိုးတစ်လုံးနှင့် အုန်းညွန့် (၆) ညွန့် ကိုအသုံးပြုနိုင်ပါသည်။
လုပ်ရမည့်နေ့ရက် - စနေနေ့
လုပ်ရမည့်နာရီ - ၉း၄၅ မိနစ်
ကိုယ်စားလုပ်ပေးရမည့်နေ့သား - ကြာသပတေး သားသမီး


" အောင်စေ၊ ပိုင်စေ ၊ နိုင်စေ......."