ခုနှစ်ရက်သားသမီးများအတွက် နေ့ရက်အလိုက် အချိန်အခါ ကောင်းရွေးနည်း

============================================
မိမိရဲ့အကြံအစည်၊ မိမိရဲ့လုပ်ငန်းအောင်မြင်ဖို့ အချိန်အခါကောင်းရွေးပြီး လုပ်သင့်ပါတယ်။ အချိန်နာရီကိုတွက်ပြီး ကောင်းမြတ်တဲ့အခါနဲ့ တိုက်ဆိုင်ပြီးသွားတဲ့ ကိစ္စတွေ၊ လုပ်ငန်းတွေ ဟာအောင်မြင်တတ်ပါတယ်။ ဗားမဲ့ဆရာတော်၏ မင်္ဂလာအခါပေးဖြစ်ပါတယ်။
ရှေ့မြန်မာ ဗေဒင်ပညာရှိကြီးတွေ ကြံဆသတ်မှတ်ပေးသွားတဲ့ အချိန်အခါကောင်းရွေးနည်းပါ။ အသုံးတည့်ပါတယ်။ ရိုးရာအမွေအနှစ်နဲ့ မှတ်ထား၊ သိထားဖို့လည်း လိုပါတယ်။
(၁) တနင်္ဂနွေနေ့
နံနက် (၆)နာရီမှ နံနက် (၈) နာရီ (၂၄) မိနစ်အတွင်းထိကတော့ ပုဏ္ဏားရှင်ဘုရင်ဖြစ်တဲ့ကိန်းလို့ ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။ခရီးသွားဖို့၊အကြံအစည်ပြုဖို့အကောင်းဆုံးအချိန်ပါပဲ။
နံနက် (၁၀)နာရီ (၄၈) မိနစ်မှ မွန်းလွဲ (၁) နာရီ (၁၂) မိနစ်အထိကတော့ မုဆိုးရွှေအိုးရကိန်းပါ။ခရီးသွားခြင်း၊လုပ်ငန်းသစ်စခြင်းတွေပြုလုပ်နိုင်တယ်။
(၂) တနင်္လာနေ့
နံနက် (၈)နာရီ (၂၄)မိနစ်မှ နံနက် (၁၀) နာရီ (၄၈) မိနစ်ကတော့ ပုဏ္ဏားရှင်ဘုရင်ဖြစ်တဲ့ကိန်းလို့ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
မွန်းလွဲ (၁)နာရီ (၁၂)မိနစ်မှ ညနေ (၃) နာရီ (၃၆) မိနစ်အထိကတော့ မုဆိုးရွှေအိုးရကိန်းလို့ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
(၃) အင်္ဂါနေ့
နံနက် (၁၀) နာရီ(၄၈) မိနစ်မှ မွန်းလွဲ (၁) နာရီ (၁၂) မိနစ်အထိကတော့
ပုဏ္ဏားရှင်ဘုရင် ဖြစ်တဲ့ကိန်းလို့ခေါ်တဲ့ အချိန်အခါကောင်းဖြစ်ပါတယ်။
ညနေ (၃) နာရီ(၃၆) မိနစ်မှ ညနေ (၆) နာရီခွဲအထိကတော့ မုဆိုးရွှေအိုးရကိန်း ဖြစ်လို့ ကောင်းပါတယ်။
(၄)ဗုဒ္ဓဟူးနေ့
နံနက် (၆)နာရီမှ နံနက် (၈) နာရီ (၂၄) မိနစ်အတွင်းကတော့ မုဆိုးရွှေအိုးရကိန်းဖြစ်လို့ကောင်းပါတယ်။
နံနက် (၈)နာရီ (၂၄)မိနစ်မှ နံနက် (၁၀) နာရီ (၄၈) မိနစ်ကတော့ ပုဏ္ဏားရှင်ဘုရင်ဖြစ်တဲ့ကိန်းလို့ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
(၅) ကြာသပတေးနေ့
နံနက် (၈)နာရီ (၂၄)မိနစ်မှ နံနက် (၁၀) နာရီ (၄၈) မိနစ်ကတော့ မုဆိုးရွှေအိုးရကိန်းဖြစ်လို့ကောင်းပါတယ်။
ညနေ (၃) နာရီ(၃၆) မိနစ်မှ ညနေ (၆) နာရီခွဲအထိကတော့ပုဏ္ဏားရှင်ဘုရင်ဖြစ်တဲ့ကိန်းလို့ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
(၆) သောကြာနေ့
နံနက် (၆)နာရီမှ နံနက် (၈) နာရီ (၂၄) မိနစ်အတွင်းထိကတော့ ပုဏ္ဏားရှင်ဘုရင်ဖြစ်တဲ့ကိန်းလို့ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
နံနက် (၁၀)နာရီ (၄၈) မိနစ်မှ မွန်းလွဲ (၁) နာရီ (၁၂) မိနစ်အထိကတော့ မုဆိုးရွှေအိုးရကိန်းပါ။
(၇) စနေနေ့
နံနက် (၈)နာရီ (၂၄)မိနစ်မှ နံနက် (၁၀) နာရီ (၄၈) မိနစ်ကတော့ ပုဏ္ဏားရှင်ဘုရင်ဖြစ်တဲ့ကိန်းလို့ခေါ်တဲ့အချိန်အခါကောင်းဖြစ်ပါတယ်။
မွန်းလွဲ (၁)နာရီ (၁၂)မိနစ်မှ ညနေ (၃) နာရီ (၃၆) မိနစ်အထိကတော့ မုဆိုးရွှေအိုးရကိန်းဖြစ်လို့ ကောင်းပါတယ်။