မွေးဂဏန်းတို့ရဲ့ အကျိုုးပေးအရောင်နှင့် အဆောင်ကျောက်
(၁) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၁) ဂဏန်းသမားများအတွက် ရွှေရောင် ၊ အဝါရောင် ၊ ကြေးဝါရောင် ၊ ရွှေနီရောင်၊ ရွှေအိုရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
ပယင်း၊ စိန်၊ ဥဿဖရား စတဲ့ ကျောက်မျက်ရတနာတွေကတော့ ၁ ဂဏန်းသမားများအတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီး၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၂) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၂) ဂဏန်းသမားများအတွက် အဖြူရာင်နှင့် အစိမ်းရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
ကျောက်စိမ်း နှင့် ပုလဲ ကျောက်မျက်ရတနာတွေကတော့ ၂ ဂဏန်းသမားများအတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီး၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၃) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၃) ဂဏန်းသမားများအတွက် ခရမ်းရောင် ၊ အနီရောင် ၊ ကြက်သွေးရောင်တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
ဂေါ်မုတ်၊ မဟူရာ၊ ငွေ စတဲ့ကျောက်မျက်ရတနာတွေကတော့ ၃ ဂဏန်းသမားတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီး၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၄) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၄) ဂဏန်းသမားများအတွက် အဖြူရောင် ၊ ဘော်ငွေရောင်၊ ဆင်စွယ်ရောင် နှင့် ပုလဲဖြူရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
ရွှေ၊ ပလက်တီနမ်၊ ကြောင်ကျောက် စတဲ့ကျောက်မျက်ရတနာတွေကတော့ ၄ ဂဏန်းတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီ၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၅) ဂဏန်းသမားများအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၅) ဂဏန်းသမားများအတွက် အဝါရောင် ၊ ပိတောက်ခြောက်ရောင်၊ အစိမ်းနုရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
စိန်ကိုရွှေနဲ့ ဒါမှမဟုတ် စိန်ကို ပလက်တီနမ် နှင့်တွဲဖက်ပြီး ပြုလုပ်ထားတဲ့ ကျောက်မျက်ရတနာတွေ ကတော့ ၅ ဂဏန်းသမားတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီ၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၆) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၆) ဂဏန်းသမားများအတွက် မိုးပြာရောင်နှင့် နှင်းဆီနီရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
မြနှင့် နီလာ စတဲ့ကျောက်မျက်ရတနာတွေကတော့ ၆ ဂဏန်းသမားတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီ၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၇) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၇) ဂဏန်းသမားများအတွက် အဖြူရောင် နှင့် အစိမ်းရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
မြနှင့်ရွှေ ကျောက်မျက်ရတနာတွေကတော့ ၇ ဂဏန်းသမားတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီ၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၈) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၈) ဂဏန်းသမားများအတွက် အပြာရောင် နှင့် ခရမ်းရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
မဟူရာနှင့် ပတ္တမြား ကျောက်မျက်ရတနာတွေကတော့ ၈ ဂဏန်းသမားတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီ၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။
(၉) ဂဏန်းသမား များအတွက် အကျိုးပေးအရောင်နှင့် အဆောင်ကျောက်
(၉) ဂဏန်းသမားများအတွက် အနီရောင် ၊ ပုဇွန်ဆီရောင်၊ ပန်းနုရောင် တို့သည် အထူးကောင်းကျိုးပေးသော အရောင်များဖြစ်သည်။
သံမဏိ နှင့် ကျောက်စိမ်းစတဲ့ ကျောက်မျက်ရတနာတွေကတော့ ၉ ဂဏန်းသမားတို့အတွက် ဘေးအန္တရာယ်ကိုကင်းဝေးစေနိုင်ပြီ၊ မကောင်းတဲ့ အနှောက်အယှက်တွေမှ ကာကွယ်ပေးနိုင်၍ ထူးခြားတဲ့ အစွမ်းအာနိသင်တွေရှိတဲ့ အဆောင်ကျောက် တွေဖြစ်ပါတယ်။