မိမိတို့ ပတ်ဝန်းကျင်တွင် လေ့လာသင့်သော အိမ်ပုံသဏ္ဍန်းအမျိုးမျိုး

ဗေဒင်ချစ်ပရိသတ်ကြီးအတွက် မိမိအိမ်ပတ်ဝန်းကျင်မှာ မြင်တွေ့ရမယ် အိမ်ပုံသဏ္ဍန် အမျိုးမျိုးကိုပြောပြ ပေးသွားမှာဖြစ်ပါတယ်။
အိမ်၊ ခြံ ၊ မြေကွက်တစ်ခု ဝယ်ယူတော့မယ်ဆိုရင် မြေနေရာ အနေအထား လမ်းသင့်မသင့်စတာတွေကို တွက်ချက်ပြီးမှာသာ ဝယ်သင့် ၊ မသင့် စဉ်းစားရမှာဖြစ်ပါတယ်။ မြေကွက်ဝယ်ယူခြင်း ဒါမှမဟုတ် အခုမှ အိမ်ဆောက်မယ့်သူတွေအတွက်လည်း အသုံးဝင်တဲ့ မှတ်သားစရာနည်းလမ်းတွေလည်း ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ကြည့်လိုက်ရအောင်ပါ.......
နေအိမ်နဲ့ ဆက်စပ်နေတဲ့ “လမ်း”ကိုကြည့်ပြီး “ဖုန်းရွှေ”ပညာရ “နဂါးအိမ်”၊ “ကျားအိမ်” ခွဲခြားသတ်မှတ်နည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
နဂါးအိမ်
*********
မိမိရဲ့ နေအိမ်ရှေ့မှာ တစ်လမ်းသွားကားလမ်းရှိမယ်။မိမိရဲ့အိမ်ထဲက နေပြီးအိမ်ပြင်ကားလမ်းဘက်ကိုကြည့်လိုက်ရင် မိမိရဲ့လက်ဝဲဘက်မှ လက်ယာဘက်ကိုသွားတဲ့ ယာဉ်ကြောရှိနေတော့…မိမိရဲ့အိမ်ဟာ "နဂါးအိမ်" ဖြစ်မယ်။
“နဂါးအိမ်”ကိုဆေးသုတ်ရင်…အိမ်ပြင်နဲ့အိမ်တွင်းကို အရောင်တောက်တောက်တွေသုံးရမယ်။အဝါရောင်၊အနီရောင်၊အဖြူရောင်၊လိမ္မော်ရောင်တွေကိုသုံးရမယ်။တောက်ပတဲ့အရောင်ရှိတဲ့ ခန်းစီးလိုက်ကာကိုတပ်ဆင်ရမယ်။အရောင်စူးစူးသုံးထားတဲ့ ပန်းချီကားတွေကိုအိမ်ရှေ့ခန်းမှာချိတ်ရမယ်။
ကျားအိမ်
**********
မိမိရဲ့ လက်ယာဘက်မှ လက်ဝဲဘက်ကိုသွားတဲ့ ကားယာဉ်ကြောရှိနေရင်တော့….မိမိရဲ့အိမ်ဟာ “ကျားအိမ်”ဖြစ်မယ်။
“ကျားအိမ်”ကိုဆေးသုတ်ရင်…အိမ်ပြင်နဲ့အိမ်တွင်းကို အရောင်မှိုင်းတွေသုံးရမယ်။ နက်ပြာရောင်၊ မီးခိုးရောင်၊အစိမ်းပုတ်ရောင်တွေနဲ့လိုက်ဖတ်တယ်။မှိုင်းပျတဲ့အရောင်ရှိတဲ့ ခန်းဆီးလိုက်ကာတွေကို တပ်ဆင်ရမယ်။မုှိင်းပျပျအရောင်တွေသုံးထားတဲ့ ပန်းချီကားကိုချိတ်ရမယ်။
မိမိရဲ့အိမ်ရှေ့မှာရှိတဲ့ကားလမ်းဟာ နှစ်လမ်းသွားတဲ့ကားလမ်းဖြစ်နေရင်တော့…မိမိအိမ်နဲ့ကပ်လျက်ရှိတဲ့ လမ်းဘက်ခြမ်းရဲ့ ကားယာဉ်ကြောဦးတည်ရာအရပ်ကိုကြည့်ပြီး”နဂါးအိမ်” “ကျားအိမ်” ခွဲရလိမ့်မယ်။
စက်ဝိုင်းခုံးကားလမ်း
********************
“ဖုန်းရွှေ”ပညာအရတော့…လမ်းသွယ်၊ လမ်းမကြီး၊ လမ်းဆုံးလမ်ခွတွေကို မျက်နှာမူထားတဲ့နေရာမှာ အိမ်မဆောက်သင့်ဘူး။ လှေဦးတိုက်၊ လှည်းဦးတိုက်အိမ်မျိုးကို ပြောတာပါပဲ။“ဖုန်းရွှေ”ပညာမှာတော့”မသာခြေကန်”လို့ပြောထားတယ်။ ညဘက်မှာ အိမ်ရဲ့မျက်နှာချင်းဆိုင်လမ်းပေါ်က မောင်းလာတဲ့ ကားမီးရောင်ဟာအိမ်ထဲကိုဝင်ရင် မကောင်းတဲ့ “ ချီ”တွေပါ ပါလာလိမ့်မယ်။“ဖုန်းရွှေ”ပညာမှာတော့…အိမ်အဝင်တံံခါးမကြီးတည့်တည့်ကနေပြီး အိမ်ထဲဝင်လာတဲ့မီးရောင်ကို “သားကောင်ရှာတဲ့ ကျားမျက်လုံးလို့သတ်မှတ်တယ်။
ခြံဝမှာနေပြီး အိမ်အတွင်းကိုဝင်လာတဲ့ကားဟာ “စက်ဝိုင်းခုံး”ပုံဖြစ်ရင် အကောင်းဆုံးပဲလို့ “ဖုန်းရွှေ”မှာပြောထားတယ်။ အဲ့ဒီလိုကားလမ်းကြောင့်ခြံဝင်းအတွင်းမှာ ‘ယင်’၊ ‘ယန်’ အချိုးညီညွတ်မျှတပြီး ကောင်းမွန်တဲ့”ချီ”ဓါတ်တွေဟာ အိမ်ထဲကိုဝင်ရောက်နိင်တယ်။
Lပုံမြေကွက်
*************
“ဖုန်းရွှေ”ပညာနဲ့ကြည့်ရင်”Lပုံမြေကွက်”ကလည်း မြေညံ့ထဲမှာပါပါတယ်။ အိမ်မဆောက်သင့်တဲ့မြေကွက်လို့ သတ်မှတ်ပါတယ်။”Lပုံမြေကွက်”မှာအိမ်ဆောက်မိရင်တော့…အဲ့ဒီအိမ်မှာနေထိုင်ကြတဲ့သူတွေဟာဒုက္ခမျိုးစုံကို ခါးစည်းပြီးခံရပါလိမ့်မယ်။အခွင့်အလမ်းတွေပိတ်မယ်။ ’ L ပုံစံမြေကွက်’ ကိုနှစ်ပိုင်းပိုင်းပြီးထောင့်မှန်စတုဂံမြေကွက်နှစ်ကွက် ဖြစ်အောင်ပြုပြင်ရမယ်လို့ “ဖုန်းရွှေ”ပညာမှာဆိုထားတယ်။ “ Lပုံမြေကွက်”ပေါ်မှာ လေးထောင့်ကျကျအိမ်ဆောက်ပြီး နေမယ်ဆိုရင်တော့ မကောင်းတဲ့ဆိုးကျိုးတွေကို ရင်ဆိုင်နိင်ဖို့ သိပ်မရှိတော့ပါဘူး။ အဲ့ဒီအိမ်ရဲ့အနောက်ဘက် ခြံစည်းရိုးထောင့်နားမှာ မိးတိုင်ပဲဖြြစ်ဖစ်၊ ရေစင်ကြီးပဲဖြစ်ဖြစ်၊ သစ်ပင်မြင့်မြင့်တစ်ပင်ပဲဖြစ်ဖြစ်ရှိနေရင်တော့သိပ်ကောင်းတယ်။ အိမ်ဘေးမြေကွက်လပ်တွေမှာလည်း ပန်းပွင့်တွေစုံတဲ့ပန်းခြံငယ်လေးဖန်တီးထားရင်တော့…မကောင်းတဲ့”ချီ” တွေအားနည်းသွားလိမ့်မယ်။
အနားမညီသောမြေကွက်
****************************
ဖုန်းရွှေပညာမှာ အနားမညီသောမြေကွက် မှာ အိမ်ဆောက်ဖို့ အထူးတားမြစ်ထားတယ်။
အနားမညီတဲ့မြေကွက်တွေမှာ " ယင်၊ ယန်"အချိုးအစားညီညတ်မျှတမှုမရှိတဲ့အတွက် မကောင်းတဲ့ ချီ တွေပဲ ပျံံ့နှံ့ကြီးစိုးနေတတ်တယ်။
"ဖုန်းရွှေပညာ ၊ ဖုန်းရွှေဂန္ဓာရီ "အတတ်က သိပ်ကျယ်ပြန့်တယ်။ ဆရာကောင်းတွေထံမှာ သင်ကြားရမယ်။ "ဖုန်းရွှေပညာ ၊ ဖုန်းရွှေဂန္ဓာရီ " နဲ့ပတ်သက်တဲ့ ကျမ်းစာအုပ်တွေကို များများဖတ်ရမယ်။ လက်တွေ့လေ့လာမှုတွေအများကြီး လိုတယ်။ 'ယိချင်း' ( I- Ching) က သိပ်ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်ဘူး။ ဒါပေမယ့်.....သိပ်နက်နဲတယ်။ နားလည်ဖို့ခက်တယ်။ 'ယိချင်း' (I - Ching) နဲ့ပတ်သက်တဲ့ ကျမ်းစာအုပ်တွေ ဖတ်ရုံနဲ့တော့ 'ယိချင်း' (I - Ching) နားကိုကပ်လို့မရဘူး။ လက်တွေ့လေ့လာလို့လည်းမရဘူး ယိချင်း (I - Ching) က ' တောက်ဝါဒ ' နဲ့ ဆက်စပ်နေတဲ့ ဒဿနိက ဘာသာရပ်တစ်မျိုးလို့ပြောလို့ရတယ်။ 'ယိချင်း'ဟာ စကြာဝဠာရဲ့လျှို့ဝှက်ချက်ကို ထိုးဖောက်တဲ့ ပညာပါ။
'ဖုန်းရွှေ ပညာ'နဲ့ပတ်သက်လို့ သိသင့်သိထိုက်တာကတော့..... 'လမ်း' ပါပဲ။ နေအိမ်နဲ့ဆက်စပ်နေသောလမ်းကို ဖုန်းရွှေနဲ့ပညာနဲ့ ကြည့်မယ်။ ကောင်း၊ မကောင်းဆုံးဖြတ်ပေးမယ်။ ဒါက ဖုန်းရွှေပညာရဲ့ အခြေခံပါပဲ။ လူသားတွေရဲ့နေထိုင်မှုု လူမှုဘဝကို ပတ်ဝန်းကျင်ရုပ်ဝတ္ထုတွေနဲ့ ဆက်စပ်ပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာပြည့်ဝစေရန် စီမံဆောင်ရွက်တဲ့ ပညာဟာ 'ဖုန်းရွှေ'ပညာပါပဲ။
"အောင်စေ၊ ပိုင်စေ၊ နိုင်စေ......"
ရည်ညွှန်း :ဆရာကြီးမင်းသိင်္ခ၏လျှို့ဝှက်နက်နဲသော မျက်နှာကဲခတ်ဗေဒင်မှ
ကောက်နုတ်ထားပါသည်။