မိမိနေအိမ်ပတ်ဝန်းကျင်တွင် စိုက်သင့်သော ဂမုန်းနှင့် မစိုက်သင့်သောဂမုန်း (၇) မျိုး

............................................................
...............................................................................................................
ဂမုန်းဟူသောအမည်မှာ ဥရှိသောအပင်ငယ်များစွာတို့ကို ခြုံ၍ခေါ်သောအမည်ဖြစ်သည်။ အချို့မှာ မြေ၌ ပေါက်သည်။ အချို့မှာ အပင်ကြီးတွင် တွယ်ကပ်ပေါက်သော ပင်ဆင့်မျိုးဖြစ်သည်။ ပင်ဆင့်မျိုးမှာ ရုက္ခဗေဒအလိုအားဖြင့် ပါရာဆိုက်များဖြစ်သည်။ သာမန်အားဖြင့် ဂမုန်းသည် ပုတတ်စာ၊ နနွင်း၊ တောက်တာ စသည်တို့နှင့်အတူ ကင်းဖီရီးယား မျိုးစုတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာအခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ရုက္ခဗေဒအမည်တစ်ခုတည်းကို စွဲ၍မယူအပ်ချေ။ ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်း တို့တွင် ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ပြထားပေသည်။
စိုက်သင့်သော ဂမုန်း (၃၇) မျိုး
(၁) အိမ်တွင်းမင်္ဂလာ ဂမုန်း
(၂) ရှင်သူငယ် ဂမုန်း
(၃) ငှက်ပျောရှင်သူငယ် ဂမုန်း
(၄) ရှင်သူငယ် ဂမုန်း (အနီ)
(၅) ပြည်လုံးချမ်းသာ ဂမုန်း
(၆) ရတနာ ဂမုန်း
(၇) ဒေါင်း ဂမုန်း (အဖို၊ အမ)
(၈) ကွင်းထိုး ဂမုန်း
(၉) ဇော်ဂျီမုတ်ဆိတ် ဂမုန်း
(၁၀) ဘောဂကြီး ဂမုန်း
(၁၁) ဘောဂလေး ဂမုန်း
(၁၂) အင်း ဂမုန်း
(၁၃) လဝန်း ဂမုန်း (အဖို၊ အမ)
(၁၄) ပတ္တမြား ဂမုန်း
(၁၅) ပြောက်ကလေး ဂမုန်း
(၁၆) စီးပွား ဂမုန်း
(၁၇) ကိုယ်ရံကြီး ဂမုန်း
(၁၈) မြွေနိုင် ဂမုန်း
(၁၉) ဟသာၤ ဂမုန်း
(၂၀) ချိုး ဂမုန်း
(၂၁) ငုံး ဂမုန်း
(၂၂) သူတော်ကြီး ဂမုန်း
(၂၃) ဂမုန်းပလ္လင်ဆင့် (အဖြူ၊ အနီ)
(၂၄) ဂမုန်းနီ
(၂၅) ဂမုန်းနက်
(၂၆) ချမ်းသာကြီးဂမုန်း
(၂၇) သူကြွယ် ဂမုန်း
(၂၈) သူရဿတီ ဂမုန်း
(၂၉) ဂမုန်းစေတီ
(၃၀) ဆရာကြီး ဂမုန်း
(၃၁) ဆရာမကြီး ဂမုန်း
(၃၂) ရှင်ပျံ ဂမုန်း
(၃၃) ရှင်သီဝလီ ဂမုန်း
(၃၄) မယ်တော်ကြီး ဂမုန်း
(၃၅) ခတ္တာဖြူ ဂမုန်း
(၃၆) ကျီးဂမုန်း (အဖို၊ အမ)
(၃၇) ဣစ္ဆာသယကျီးမင်း ဂမုန်း များတို့ဖြစ်ပါသည်။
မစိုက်သင့်သောဂမုန်း (၇) မျိုး
(၁) နန်းထိုင်ဘီလူး ဂမုန်း
(၂) ဆင် ဂမုန်း
(၃) ကုမုဒြာကြာ ဂမုန်း
(၄) ဇော်မ ဂမုန်း
(၅) မြွေ ဂမုန်း
(၆) ဗေဒါ ဂမုန်း
(၇) ဆင်စွယ်ဂမုန်း တို့ဖြစ်ကြပါတယ်။
ရည်ညွှန်း - ဝီကီပီးဒီးယား