သံဃာတော်များအား သင်္ကန်းပရိက္ခရာကပ်လှူရခြင်း၏ အကျိုးကျေးဇူးများ

======================================================
မင်းသိင်္ခဗေဒင်ရဲ့ချစ်ခင်လေးစားအပ်သော ဗေဒင်ဝါသနာရှင်များအားလုံးအတွက်
မကြာခင်အတောတွင်းမှာဆိုရင် ဝါတွင်းကာလသို့ရောက်ရှိတော့မည်ဖြစ်တဲ့အတွက်ကြောင့် မိမိတို့ရဲ့အလှူဒါနတွေထဲက တစ်ခုဖြစ်တဲ့ သံံဃာ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်း ရခြင်းနှင့်ပတ်သက်ပြီး ရရှိမည့်အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်
ခင်ဗျာ။
#သံံဃာ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းရခြင်းအကျိုးကျေးဇူးများ
(က)ယပ်လှူရခြင်း အကျိုး (၉) မျိုး
(ခ)ထီးလှူရခြင်း အကျိုး (၈) မျိုး
(ဂ)ဖိနပ်လှူရခြင်း အကျိုး (၄) မျိုး
(ဃ)သပိတ်လှူရခြင်း အကျိုး (၈) မျိုး
(င)အဝတ်သင်္ကန်းလှူရကျိုး (၈) မျိုး
(က)ယပ်လှူရခြင်း အကျိုး (၉) မျိုး
၁။ ပူပန်မှုသောကမရှိခြင်း။
၂။ ခန္ဓာကိုယ်အေးမြချမ်းသာခြင်း။
၃။ စိတ်အေးမြချမ်းသာခြင်း။
၄။ ရာဂမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၅။ ဒေါသမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၆။ မောဟမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၇။ ဒိဋ္ဌိမီးပူကင်းရှင်းခြင်း။
၈။ မာနမီးပူကင်းရှင်းခြင်း။
၉။ ရန်သူများကိုအောင်နိုင်ခြင်း။
(ခ)ထီးလှူရခြင်း အကျိုး (၈) မျိုး
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၄။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။
(ဂ)ဖိနပ်လှူရခြင်း အကျိုး (၄) မျိုး
၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။
၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။
၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။
၄။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။
(ဃ)သပိတ်လှူရခြင်း အကျိုး (၈) မျိုး
၁။ ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက်တို့ကို သုံးဆောင်ရခြင်း။
၂။ ဘေးဥပါဒ် မရှိခြင်း။
၃။ ရောဂါရန်မာန်ဒဏ် အမျိုးမျိုးတို့မှ ကင်းရှင်းခြင်း။
၄။ လူနတ်အပေါငးတို့ိ၏ ပူဇော်မြတ်နိုးသည်ကို ခံရခြင်း။
၅။ လာဘ်များခြင်း။
၆။ စည်းစိမ်ချမ်းသာ မပျက်စီးနိုင်ဘဲ တည်ခိုင်ခြင်း။
၇။ စိတ်နှလုံး တည်တံ့ခြင်း။
၈။ ကိလေသာ အာသဝေါ နည်းပါးစွာနှင့် အမြတ်တရားကိုသာ လိုလားခြင်း။
(င)အဝတ်သင်္ကန်းလှူရကျိုး (၈) မျိုး
၁။ ဖြစ်လေရာ ဘုံဘဝတို့၌ ရွှေနှင့်တူသော အဆင်းရှိခြင်း။
၂။ အညစ်အကြေး ကင်းစင်ခြင်း။
၃။ ကိုယ်ရောင် ထွက်ခြင်း။
၄။ နူးညံ့ပျော့ပျောင်းသောကိုယ် ရှိခြင်း။
၅။ ဦးခေါင်းထက်၌ အရောင်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။
၆။ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ဝါထည် အဝတ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။
၇။ မဟာလတာတန်ဆာကို ဝတ်ဆင်ရခြင်း။
၈။ ဧဟိဘိက္ခူ ခေါ်ခံရခြင်း။
စသည့်အကျိုးကျေးဇူးများပဲဖြစ်ပါတယ်ခင်ဗျာ။
(၇)ရက်သားသမီးပေါင်း ကောင်းကျိုးချမ်းသာ ပြည့်ဝကြပါစေခင်ဗျာ။