အလှူခံတစ်ကျိပ်လေးပေးလှူအကျိုး
အလှူခံ တစ်ကျိပ်လေး ၁၄-ယောက်။ ဒါနမှုကိုခံယူထိုက်သူ ၁၄-ပါးဟု အဓိပ္ပာယ်ရပါသည်။ ဒါကြောင့် ဗေဒင်ချစ်ပရိသတ်များ သိရှိအောင် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ဒါနမှုကိုခံယူထိုက်သူ ၁၄-ပါး မှာ........
(၁) တိရိစ္ဆာန် သတ္တဝါတို့အားလှူဒါန်းခြင်း ။
(၂) လူ ဒုဿီလ ခေါ် တံငါ မုဆိုးစသော ဒုစရိုက်မှုပြုလုပ်သူများ၊
သီလမရှိသော လူပုထုဇဉ်များအား လှူဒါန်းခြင်း။
(၃) လူ သီလဝန္တ ခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလ မြဲသူများ၊
သီလရှိသူများ လူပုထုဇဉ်များအား လှူဒါန်းခြင်း။
(၄)သာသနာပအခါ ဈာန် အဘိညာဉ်ရသော ရသေ့ အားလှူဒါန်းခြင်း။
(၅-၈) မဂ္ဂဋ္ဌာန် ခေါ် ဖိုလ်သို့ မျက်မှောက်ပြုရန် မဂ်၌ကျင့်ဆဲ ပုဂ္ဂိုလ်၄-ယောက်။
(၅) သောတပတ္တိမဂ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) သောတပန် ဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်ကြံနေသော
ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၆) သကဒါဂါမိမဂ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) သကဒါဂါမိ ဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်ကြံနေသော
ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၇) အနာဂါမိမဂ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်ကြံနေသော
ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၈) အရဟတ္တမဂ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) အရဟတ္တဖိုလ် ကိုမျက်မှောက်ပြုရန်ကျင့်ကြံနေသော
ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၉-၁၂) ဖလဋ္ဌာန် ခေါ် ဖိုလ်လေးပါး၌တည်နေသော ပုဂ္ဂိုလ် ၄-ယောက်၊
(၉) သောတပတ္တိဖိုလ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) သောတပန် ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၁၀) သကဒါဂါမိ ဖိုလ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) သကဒါဂါမိ ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(၁၁) အနာဂါမိဖိုလ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) အနာဂါမိပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(၁၂) အရဟတ္တဖိုလ် ၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့) ဘုရားတပည့်သား ရဟန္တာ ပုဂ္ဂိုလ်များအား လှူဒါန်းခြင်း
(၁၃) ပစ္စကေဗုဒ္ဓ တို့အား လှူဒါန်းခြင်း။
(၁၄) မြတ်စွာဘုရားရှင်အား လှူဒါန်းခြင်း။
ကို အလှူခံ တစ်ကျိပ်လေး ၁၄-ယောက် ဟုခေါ်တွင်စေပါသည်။
(လင်္ကာ)
ဘုရားမြတ်စွာ ပစ္စေကာ နှင့် ရိယာ ရှစ်ဝ၊ ဈာန်ရ ဗာဟီ၊ နှစ်လီ ပုထုဇဉ် ၊ တိရာစ္ဆာန် လှူခံ တစ်ကျိပ်လေး။
နံပါတ်စဉ် (၁) အလှူခံပုဂ္ဂိုလ်အား စေတနာသုံးတန် ပြဋ္ဌာန်း၍ ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း(၁၀၀) အသက်ရှည်၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ၊ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုး (၅) ပါးကိုရပါသည်။
နံပါတ်စဉ် (၂) အလှူခံပုဂ္ဂိုလ်အား စေတနာသုံးတန် ပြဋ္ဌာန်း၍ ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း(၁၀၀၀) အသက်ရှည်၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ၊ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုး (၅) ပါးကိုရပါသည်။
နံပါတ်စဉ် (၃) (၄) အလှူခံပုဂ္ဂိုလ်အား စေတနာသုံးတန် ပြဋ္ဌာန်း၍ ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း (ကုဋေ တစ်သိန်း ) အသက်ရှည်၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ၊ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုး (၅) ပါးကိုရပါသည်။
နံပါတ်စဉ် (၅) မှ (၁၄)အထိ အလှူခံပုဂ္ဂိုလ်အား စေတနာသုံးတန် ပြဋ္ဌာန်း၍ ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း (အသင်္ချေအနန္တ ) အသက်ရှည်၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ၊ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုး (၅) ပါးကိုရပါသည်။
နံပါတ်စဉ် (၅) မှ (၁၄) ထိသော အလှူခံပုဂ္ဂိုလ်သည် သာသနာတွင်း၌သာ တွေ့နိုင် ရနိုင်၏။
ခုနှစ်ရက်သားသမီးပေါင်း ကောင်းကျိုးချမ်းသာ ပြည့်ဝကြပါစေခင်ဗျာ။
ရည်ညွန်း ဓမ္မဒူတ အရှင်ပညာဇောတ
#အလှူခံတစ်ကျိပ်လေးပေးလှူအကျိုး
#မင်းသိင်္ခဗေဒင်