ယတြာကောင်း၊ ကိန်းတစ်သောင်းကျေ

+++++++++++++++++++++++++++++++

ယတြာအစီအရင် ကောင်းလျှင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် ကိန်းအပေါင်းကို ချေဖျက်နိုင်သည်ဟု ဆိုးရိုးစကားရှိပါသည်။


ယတြာသည် လိုအပ်သောအကျိုး၊ မလိုအပ်သောအကျိုးနှစ်ပါး တို့ကို ကောင်းစွာ ဖြစ်စေတတ်၊ ရောက်စေတတ်သောကြောင့် ယတြာဟု ခေါ်သည်။ မတည်မငြိမ် နေရာရွေ့ပြောင်းခြင်း စသော ကျိန်းချေခြင်းကို ယတြာချေသည်ဟု ခေါ်သည်။

ဆပွတ်၊ ပဉ္စပွတ်၊ စတုရန်း၊ တြိရန်းတို့ကို အကြောင်းပြု၍ ယတြာဆင်ခြင်း၊ ယတြာချေခြင်း၊ ဓာတ်ပြန်ခြင်း၊ အပဓာတ် ယတြာဖြင့် လူနာကို ကုသခြင်း တို့ဖြစ်သည်။

ရှေးမြန်မာမင်းများ လက်ထက်က ယတြာပြုခြင်းကြောင့် အကျိုးပြီးပုံကို သာဓကအဖြစ် ဖော်ပြရလျှင် သက္ကရာဇ် ၉၇၆ ခုနှစ်၌ အင်းဝမြို့သို့ အုပ်စိုးလျက်ရှိသော အနောက်ဘက်လွန် မင်းတရားကြီးသည် တောင်ငူကို တိုက်ခိုက်လိုသဖြင့် မိမိ ကိုးကွယ်သည့် ဗားမဲ့ဆရာတော်အား လျှောက်ထားရာတွင် ဆရာတော်က တောင်ငူကို နိုင်လိုလျှင် ပြောင်းပြန် (ဓာတ်ပြန်) ပြု၍ 'ငူတောင်'နှင့်နံတူဖြစ်သော ခံတက်ပင်ကိုရှာပြီးလျှင် မင်းတရားကြီး၏ နေ့နှင့်ဆိုင်ရာ တေဇအရပ်ရှိ ခံတက်ပင်တွင် မူလအခြေခံသဖွယ် တပ်စခန်းချ၍ လုပ်ကြံလျှင် အောင်မြင် လိမ့်မည်ဟု မိန့်တော်မူလေသည်။

မင်းတရားကြီးသည် စစ်သည်တော် အမြောက်အမြားနှင့် တောင်ငူသို့ ချီတက်သွားပြီးလျှင် မင်းတရားကြီး၏ တေဇ အရပ်တွင် ခံတက်ပင်ကို ရှာဖွေစေသည်။ ရုတ်တရက်တွင် မတွေ့ရသော်လည်း အဆောက်အအုံများ ဆောက်လုပ်ရန်ထား ရှိသော ပျဉ်ပုံကို ရွှေ့လိုက်သောအခါတွင် မင်းတရားကြီး၏ တေဇအရပ်၌ပင် ခံတက်ပင်ကို တွေ့ရှိသဖြင့် ထိုနေရာ၌ပင် တပ်စခန်းကို ချစေလေသည်။

သို့သော် တောင်ငူမြို့ရှိ ဘုရင်မင်းမြတ် ကိုးကွယ်ဆည်းကပ် ထားသော ရှင်မုန်ယို အမည်ရှိသည့် ဆရာတော်ကလည်း ယတြာဆင်ထားသဖြင့် ကျွဲခေါင်းရိုးနှင့် နွားခေါင်းရိုး ပုံ သဏ္ဌာန်များသည် တစ်ဖက် စစ်သည်တော်များဖြစ် သော လူ၊ မြင်းနှင့် ဆင်များကို လိုက်လံ ပစ်ခတ်ကြသဖြင့် မင်းတရားကြီး၏ တပ်သည် မကြာခဏ လန့်ဖျပ်လေသည်။

ထိုကြောင့် မင်းတရားကြီးသည် ဗားမဲ့ဆရာတော်ထံသို့ မြင်းစေ တော်များလွှတ်၍ ထိုအကြောင်းကို လျှောက်စေလေသည်။ ဗားမဲ့ဆရာတော်သည် ထိုအကြောင်းကို သိရသော အခါ မည်သို့မျှ မိန့်ကြားတော်မမူဘဲ ဒေါက်ချာတစ်ခုကို ယူကာ ဦးခေါင်း၌စွပ်၍ အတန်ငယ်ကြာက ဦးခေါင်းမှ ချွတ်ကာ ကြမ်း ပြင်ပေါ်သို့ ပစ်ချပြီးလျှင် ကျက်သရေခန်းတွင်းသို့ ဝင်သွားရာ ပြန်၍ မထွက် တော့ချေ။ မြင်းစေကျော်များသည် တာရှည် မနေဝံ့ကြသဖြင့် အလျင်အမြန် မင်းတရားကြီးထံသို့ ပြန်ကြပြီး လျှင် အကြောင်းစုံကို သံတော်ဦးတင်ကြလေသည်။

ထိုအခါ မင်းတရာကြီးသည် ဘာသာရေး၊ သာသနာရေးနှင့် သက်ဆိုင်၍သာ ဆရာတော်က မိန့်ကြားလိုက်ခြင်း ဖြစ်ရမည် ဟု စဉ်းစားပြီးလျှင် အတိတ်နမိတ်ကို ကောက်ယူတော်မူလေ သည်။ နိမိတ်ကောက်ယူတော်မူပုံမှာ တောင်ငူမြို့နှင့် တစ်ပြိုင် တည်း တည်ခဲ့သော မြတ်စောညီနောင်ဘုရားမှ ထီးတော်ကို ချစေလိုခြင်းဖြစ်ရမည်ဟူ၍ ဖြစ်သည်။ ထိုသို့ ကောက်ယူပြီး သည်နှင့် တစ်ပြိုင်နက် မြတ်စောညီနောင် ဘုရားမှ ထီးတော်ကို ချစေသည်။ ထိုသို့ ချပြီးသည်နှင့် တစ်ပြိုင်နက် ယခင် ကျွဲ ခေါင်းရိုးနှင့် နွားခေါင်းရိုး သဏ္ဌာန်များလည်း ပျောက်ကွယ် ကုန်ကြလေသည်။ ဤသို့ဖြင့် အနောက်ဘက်လွန်မင်းတရားကြီး သည် တောင်ငူကို ဆက်၍ တိုက်ခိုက်ရာ အောင်မြင်ခဲ့လေ သည်။

အထက်ပါဖော်ပြချက်တွေအရ ယတြာသည်ရှေးမြန်မာမင်းများလက်ထပ်ကတည်းက ကျင့်သုံးလာခဲ့တာဖြစ်ပြီး မိမိကံနိမ့်နေတဲ့ အချိန်ကာလများမှာ အရေးတကြီးကိစ္စရပ်တွေ ဆောင်ရွက်ပါက တစ်ဖက်တလမ်းကနေပြီး မိမိ၏ကံတရား ရဲ့အထောက်အပံ့ ရရှိအောင် ယတြာချေခြင်း များကို လည်း ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ဆောင်ရွက်ပါက ကိစ္စ၀၀ အဆင်ပြေချောမွေ့စေအောင် အထောက်အပံ့လုပ်ပေးနိုင်တဲ့အပြင် ဘေးအန္တရယ်ကိန်း အပေါင်းကိုပါ ချေဖျက်ပေးနိုင်ကြောင်း ဗေဒင်ချစ်ပရိသတ်ကြီးသိရှိအောင် မင်းသိင်္ခဗေဒင်မှ မေတ္တာဖြင့်ဖော်ပြပေးလိုက်ပါတယ် ။ ။ ပို