" ဓနသိဒ္ဓိကျင့်စဉ် "

============
ဝါတွင်းကာလသို့ ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်များပြီပြီ တရားဘာဝနာပွားများကြမည့်သူများ၊ သီလဆောက်တည်ကြမည့်သူများ၊ ကျင့်စဉ်၊အဓိဋ္ဌာန်တွေ ဝင်ကြမည့်သူများအတွက် "ဓနသိဒ္ဓိကျင့်စဉ်" ဆိုတဲ့ အကျိုးထူးကျင့်စဉ်တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ဝါတွင်းကာလ အတောတွင်းမှာ မိမိအတွက် အကျိုးထူးမဲ့ ကျင့်စဉ်တစ်ခုကို အားထုတ်တော့မည်ဟု ဆုံးဖြတ်ချက်ချထားလျှင် ထိုကျင့်စဉ်ကို ဆက်လက်ဖတ်ရုှဖို့အတွက် တိုက်တွန်းလိုက်ပါရစေခင်ဗျာ။
ဓနသိဒ္ဓိကျင့်စဉ်မှာ ယခုဖော်ပြမည့် ဂါထာ(၃)ပုဒ်ကို ရက်ပေါင်း (၁၀၈)ရက်တိုင်တိုင်မပျက်မကွက် ပူဇော်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ထိုကျင့်စဉ်ကို ကျင့်ကြံအားထုတ်နေစဉ် အတောအတွင်းမှာဆိုရင် မိမိအချိန်အားတိုင်း မေတ္တာဘာဝနာပွားများပေးရမည်ဖြစ်ပါတယ်။ (၁၀၈)ရက် သုံးကြိမ်တိုင်တိုင်ပူဇော်ပြီးပါက မိမိတောင်းတသည့် ဓနသိဒ္ဓိပေါက်ပါလိမ့်မည်။

            ဂါထာ(၁)
အရဟံ ဗဟိ အန္တဇယံ သုဂတံ
အမိတံ ဝိရဇံ လ လိတံ အတုလံ
စရဏံ တိဘဝူပသံမံ ယမကံ
သုခဓံ သရဏံ ပဏာမာမိ ဇိနံ။
{အရဟံ ဗဟိ အန်တဇယံ သုဂတံ
အ-မိတံ ဝိရဇံ လ-လိတံ အ-တုလံ
စရဏံ တိဘဝူပသံမံ ယမကံ
သုခဓံ သရနံ ပနာမာမိ ဇိနံ။}

                       ဂါထာ(2)
"ဦးခန္တီ၏ မေတ္တာဆေးတော်"
တုမှေ စိတ္တံစ ကာယောစ သပ်ဗဒေဝါ မနုဿစ ၊
သီတံ ဥဒကေ က္ကစ္ဆိတံ ပတ္ထိတံ ဟောန္တု မေ မေတ္တံ ။
{တုံမှေ စိတ်တံစ ကာယောစ သပ်ဗဒေဝါ မနုတ်သာစ ၊
သီတံ ဥဒကေ အိတ်စိတံ ပတ်ထိတံ ဟွန်တု မေ မစ်တံ ။}

                       ဂါထာ(၃)
"သူရဿတီဒေဝီဆုတောင်းဂါထာ"
(၁)ဥုံ ဥသျှောင်ပါးနား နုှတ်လျှာဖျားက စောင့်ထ သူရဿတီ၊
အညီမကွာ ပညာဉာဏ်နှင့် အကြံပေးတက် ကိုယ်စောင့်နတ်လည်း
လာဘ်နှင့်မကွာ လိုရာတတိုင်းရစေသော်။
(၂)ငါ၏အသံ တရံကြားက ၊ သားနှင့်အညီ ညီနှင့်အမျှ
နှစ်မအလား ချစ်တွေပွား၍ ၊ စီးပွားချမ်းသာ တည်စေသော် ။
(၃)ဥုံ တာရာ သိဒ္ဓိ ဝန္ဓာမိ ၊ လေးကျွန်း မျက်နှာ
နေ က ငါ့ အဖ ၊ လ က ငါ့ အမိ
သွားလေရာရာ မဟာဂီရိနတ်မင်းကြီးသမီး ၊ ငါ့ကို မစေသော် ၊
စီးပွားချမ်းသာ တည်စေသော် ။ အသက်တစ်ရာ ရှည်စေသော်။
(၄)ဥုံ တုဋ္ဌေဟိ ၊ မမ တုဋ္ဌေဟိ ၊
ပိယေဟိ ၊ မမ ပိယေဟိ
သိန္နေဟံ ၊ မမ သိန္နေဟံ
တုံယှံ တုံယှံ ခိပ္ပသိဒ္ဓိ ခိပ္ပသိဒ္ဓိ
ဓာရေယျ ဓာရေယျ ၊ ဝါရေယျ ဝါရေယျ
ဘဒ္ဒန္တ ဘဒ္ဒန္တ ဒူရေ ဒူရေ
သွာ ဟုံ ဟုံ ။

*** မိမိနေ့စဉ် ပြုနေကျ အာစိဏ္ဏကံများပြုကျင့် သီလခံယူဆောက်တည်ပြီး
ဖော်ပြပါ ဓနသိဒ္ဓိ ဂါထာတော် (၃) ပုဒ်အား အစဉ်အတိုင်း ပူဇော်ရပါမည်။
ပထမဦးစွာ ဂါထာတော်-(၁)ကို ပုတီးပတ်ရေ (၃)ပတ် ပူဇော်ရပါမည်။
ဒုတိယအနေဖြင့် ဂါထာတော်-(၂)ကို (၁၀၈)ခေါက် ပုတီး(၁)ပတ် ပူဇော်ရပါမည်။
တတိယအဆင့်မှာတော့ ဂါထာတော်-(၃)ကို (၂၇)ခေါက် ရွတ်ဖတ်ပူဇော်ရပါမည်။
ဂါထာတော်(၃)ပုဒ်လုံး ပြီးဆုံးသည်အထိ ပူဇော်ရန်အချိန်အားဖြင့် (၁)နာရီ မျှဖြစ်ပါတည်။
ဂါထာတောများ ပူဇော်ပြီးပါက မေတ္တာပို့အမျှဝေခြင်းအမူများ ပြုလုပ်ရာတွင် ရသေ့ကြီးဦးခန္တီနှင့် သူရဿတီမယ်တော်တို့အား
အထူးမေတ္တာပို့အမျှပေးဝေပေးပါ။

****(၁၀၈)ရက် တိုင်တိုင် အဓိဋ္ဌာန် ကျင့်ဆောင်ရန် အခက်ခဲရှိပါကလည်း မိမိအဆင်ပြေသလို နဝင်းကိုက်ပူဇော်နိုင်ပါသည်။
အဓိကအားဖြင့် ထိုဂါထာတော်များအား အနည်းဆုံး ငွေနဝင်းအဖြစ် (၂၇)ခေါက်စီသော်၎င်း ၊
သို့မဟုတ် လာဘ်ပွင့်နဝင်းအဖြစ် ဂါထာ တစ်ပုဒ်စီကို (၄၅)ခေါက်ဖြင့်၎င်း ၊
မိမိတို့အဆင်ပြေသလို နေ့စဉ် အာစိဏ္ဏကံထား၍ အထူးကြိုးစား ဖတ်ရွတ်ပူဇော် နိုင်ပါသည်။

**ကျင့်စဉ်အတွင်းလိုက်နာရမည့်အချက်များ**
(၁)အရက်သေစာမသောက်စားရ။
(၂)အမဲသား၊ ကျွဲသား စသည့် ခြေလေးချောင်းသား ရှောင်ကြဉ်ရမည်။
(၃)အလှူခံပုံးများ၊ နွမ်းပါးသူများအား မိမိတက်အားသရွှေ့ ဒါနပြုလှူဒါန်းရမည်ဖြစ်သည်။
(၄)တစ်လုံးမျှယုတ်ညံ့သည့် စကားမပြောရ။
(၅)မိမိသွားရာ အရပ်တိုင်းကို မေတ္တာ အရင်ပွားများပေးရမည်။
(၆)အယုတ် အလတ် အမြတ်မရွေး တက်နိင်သမျှ ကူညီရမည်ဖြစ်မည်။
(၇)တစ်နေ့တာတွေ့သမျှ လူများကို ညအချိန် တစ်ဦးချင်းမေတ္တာပြန်ပို့ရမည်။
(၈)ခွေး၊ ငှက်၊ ငါး စသည့်တိရိစ္ဆာန် ကလေးများအား တက်နိင်သမျှ အစာရွေးရမည်။
(၉)မိမိအလုပ်ကိုပုံမှန်လုပ်ပါ။ မိမိအတ္တအတွက် ကျင့်ကြံခြင်းဖြစ်သဖြင့် အလုပ်မလုပ်ဘဲ ဂါထာ
ရွတ်ရုံနှင့် လာဘ်မဝင်ပါ။
(၁၀)အဘယ်သို့သော ပုဂ္ဂိုလ်ကိုမှ အပြစ်မမြင်ပါနှင့်။ စေတနာသန့်သန့်ထား၍ ကူညီပါ။
လိုက်နာရန်၊လုပ်ဆောင်ရန်အချက်များမှာ ခက်ခဲမူရှိသော်လည်း ရက်ရှည် အဓိဋ္ဌာန်တစ်ခုဖြစ်သဖြင့် ဇွဲနပဲနှင့် ကျင့်ကြံဖို့ အဓိကဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်သော မင်းသိင်္ခဗေဒင်ရဲ့ ဗေဒင်ဝါသနာရှင်များလည်း ဓနသိဒ္ဓိများပေါက်ရောက်၍ သာသနာ့အကျိုး ၊ ခုနှစ်ရက်သားသမီးအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။