မိမိအိမ်ရဲ့ဒီလိုအရပ်မျက်နှာတွေမှာ သစ်ပင်ရှိခဲ့ရင် ကံကောင်းပြီလို့သာ မှတ်လိုက်တော့...

သစ်ပင်ပန်းမန်တွေဟာဆိုရင် လူတွေအတွက် အလွန်ကောင်းမွန်တဲ့ အရာတွေပဲဖြစ်ပါတယ်။ သစ်ပင်တွေကြောင့် ရာသီဥတုကို မျှတစေပြီး သတ္တဝါတွေအတွက်လည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ရဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်များစိုက်ပျိုးထားခြင်းဟာဆိုရင် ကိုယ်ရော၊ စိတ်ပါ ရွှင်လန်းစေနိင်ပြီး အရိပ်အာဝါသကိုလည်း ရရှိစေပါတယ်။
ဒါပေမဲ့လို့ ရှေးမြန်မာ့အစဉ်လာအရ စိုက်ပျိုးသင့်သော အပင်များနဲ့ စိုက်ပျိုးရန်မသင့်တော်သော အပင်များဆိုပြီးရှိပါတယ်။ ယခုအခါမှာတော့ မိမိအိမ်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတက်တဲ့ သစ်ပင်အကြောင်းကို ဗဟုသုတ တစ်ခုအနေနဲ့ ပြောပြပေးချင်ပါတယ်ခင်ဗျာ။
မိမိအိမ်ရဲ့ အနောက်မြောက်ဘက်မှာ နှစ်ရှည်သက်ရင့်သစ်ပင်ကြီးရှိခဲ့ရင်တော့.....အလွန်ကောင်းပါတယ်။ အဘယ့်ကြောင့်ဆိုသော် အနောက်မြောက်အရပ်ဟာ သြဇာအာဏာတည်တဲ့အရပ်လို့ ပြောလို့ ရလို့ပဲဖြစ်ပါတယ်။
ထို့ကြောင့် မြေနေရာ၊ မြေကွက် ရဲ့အနောက်မြောက်ဘက်အရပ်မှာ သက်တမ်းရင့်သစ်ပင်ကြီးရှိမယ်ဆိုရင် အိမ်ဆောက်ဖို့အတွက် သင့်တော်ပါတယ်။
ထိုသို့ အနောက်မြောက်အရပ်မှာ သစ်ပင်ရှိတဲ့ အိမ်တွေမှာဆိုရင် အိမ်သားတွေဟာ အစိုးရဝန်ထမ်းအဖြစ် ရာထူးဂုဏ်ကြီးကြီးမားမားတွေကို ရရှိပိုင်ဆိုင်တက်ကြပါတယ်။
ထို့ကြောင့် ယခုသင့်အိမ်ပတ်ဝန်းကျင်ရဲ့ အနောက်မြောက်အရပ်မှာ နှစ်ရှည်သစ်ပင်ရှိခဲ့ရင်တော့ သင်ကံကောင်းပြီလို့သာ မှတ်နိုင်ပါပြီခင်ဗျာ။