ရဟန်းပြုခြင်းအတွက် ဘယ်လိုအကျိုးတွေ ရနိုင်သလဲ?

=================================
ရဟန်းပြုခြင်းအတွက် အကျိုးကျေးဇူး ကြီးမားစွာ ခံစားရပုံကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် တန်ဆောင်မုန်း လပြည့်နေ့ည၌ ဇီဝက၏ သရက်ဥယျာဉ်၌ အဇာတသတ်မင်းအား ဟောကြားတော်မူခဲ့ပါသည်။

ထိုအကျိုးများကို လေ့လာတင်ပြရသည် ရှိသော်...
(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်တို့မှ ကင်းလွတ်သော
        အကျိုးကို ခံစားရ၏။

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်သောအကျိုးကို ခံစားရ၏။

(၃)။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ
        ကင်းဝေးစေသည့်အကျိုးကို ခံစားရ၏။

(၄)။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့်
      ပြည့်စုံခြင်းအကျိုးကို ခံစားရ၏။

(၅)။ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကား အမျိုးမျိုး
       တို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်
        စုံသောအကျိုးကို ခံစားရ၏။

(၆)။ နီဝရဏငါးပါးမှ ကင်းလွတ်ခြင်း အကျိုးကို ခံစားရနိုင်၏။

(၇)။ ဣန္ဒြေ (၆)ပါး၌ အကုသိုလ်မဖြစ်အောင့် စောင့်စည်းနိုင်ခြင်းအကျိုးကို
       ခံစားရ၏။

(၈)။ သတ္တိနှင့် ပြည့်စုံခြင်းအကျိုးကို ခံစားရ၏။

(၉)။ သမ္ဗဇဉ် (ဆင်ခြင်တုံ) တရားနှင့် ပြည့်စုံခြင်းအကျိုးကို ခံစားရ၏။

(၁၀)။ သန္တောသ (ရောင့်ရဲခြင်း) အကျိုးကို ခံစားရ၏။

(၁၁)။    ဈာန်တရားရနိုင်ခြင်းအကျိုးကို ခံစားရ၏။

(၁၂)။ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင် ခြင်းအကျိုးကို ခံစားရ၏။
          စတဲ့ အကျိုးကျေးဇူးများပဲဖြစ်ပါတယ်ခင်ဗျာ။

(အခြေခံသီလ၊ သတ္တိ၊ သမ္ပဇဥ၊ ယန္တဋ္ဌီတရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထဝိပဿနာတရားကို ဆက်လက်အားထုတ်ပါက အောက်ပါအကျိုးများကို လက်တွေ့ခံစားရရှိနိုင်ပါသည်။)

#မင်းသိင်္ခဗေဒင်