“ကြေးစည်” ဘာကြောင့်တီးရသလဲ ?”

“ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ဟာ
“ရှမ်းပြည်နယ်,သံလွင်မြစ် အရှေ့ခြမ်း” “သုဝဏ္ဏသျှမ်တောင်”မှ “ကန့်ဘလူမြို့နယ်၊”နတ်တလူတောရ”သို့ “(၁၉၉၇)ခုနှစ်၊ဇွန်လ”ထဲမှာ ပြောင်းကြွသီတင်းသုံးတော်မူခဲ့ပါတယ်။
“နတ်တလူတောရ”ဟာ “ကန့်ဘလူမြို့နယ်”ထဲမှာ ပါဝင်ပေမယ့် “ဇီးကုန်း၊ထန်းတပင်မြို့”များနဲ့ ပိုနီးပါတယ်။ “ရွှေဘိုမြို့” ကြီးက တစ်ဆင့်သွားရင်လည်း သွားရလွယ်ပါတယ်။
“နတ်တလူတောရ”ဟာ “ဆရာတော်ဘုရားကြီး”ရဲ့ ဖွားရာဇာတိ “မင်းကုန်းရွာ”ရဲ့အရှေ့ဘက်”နှစ်မိုင်ကျော်”လောက်မှာ ရှိပါတယ်။ “ဇာတိမြေ”ဆီ ပြန်ကြွ”သာသနာပြုတယ်”လို့ဆိုနိုင်ပါတယ်။
“ဆရာတော်ဘုရားကြီး”ဟာ ရောက်လေရာ တောရများမှာ”ဆွမ်းခံတဲ့အကျင့်”ရှိခဲ့တဲ့အတိုင်း “နတ်တလူတောရ”သို့ ကြွရောက်စဉ်မှာပင် ပတ်ဝန်းကျင်ဂေါစဂါမ်ရွာများမှာ “ဆွမ်းခံကြွ”တော်မူ ပါတယ်။
“ဆရာတော်ဘုရားကြီး”-“နတ်တလူတောရ”ကို ပြောင်းကြွလာတဲ့ သတင်းကြားတာနဲ့
ရပ်ဝေးက လိုက်လာတဲ့ တပည့်သာဝကတွေလည်း “ဆရာတော်ဘုရားကြီး”ချွေး မတိတ်မီ အလုအယက် ဖူးမြော်ကြပါတယ်။
“ဆရာတော်ဘုရားကြီး”က”မေတ္တာပြုံး”ဖြင့် အားလုံးကို နှုတ်ဆက်ပြောဟောနေစဉ်…
“ဆရာတော်ဘုရား… ဆွမ်းခံကြွတာ ဘာလိုပါသေးလဲ ဘုရား။
တပည့်တော်တို့က ခုမှ ဆရာတော့်နောက်လိုက်ရတာဆိုတော့ ဘာလိုလို့ လိုမှန်း မသိသေးလို့ပါဘုရား”-လို့
“ဒေသခံလူကြီးတစ်ဦး”က မေးလျှောက်ပါတယ်။
သူမေးတာက စိတ်ဝင်စားစရာကောင်းပါတယ်။
“လိုတာပေါ့ဗျ။ ကြေးစည် လိုတယ်၊ ကြေးစည်”
“ဆရာတော်ဘုရား”အမိန့်ရှိမှ ရပ်ထဲရွာထဲ “ရဟန်းသံဃာနဲ့ ကိုရင်ကလေး”တွေ ဆွမ်းခံကြွလာစဉ် ကြားရလေ့ရှိတဲ့ “ကြေးစည်သံတလွင်လွင်”ကို အောက်မေ့မိနေပါတယ်။
ပြီးတော့ “ကုသိုလ်ကောင်းမှုပြုပြီးတိုင်း “ကြေးစည်”တီးပြီး “မေတ္တာပို့, အမျှေ၀ လေ့ရှိ”တာကိုလည်း သတိရလာပါတယ်။
“ဘာဖြစ်လို့ “ကြေးစည်”လိုတာလဲဗျ။ “ကုသိုလ်ကောင်းမှု”တွေပြု.ပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ”
“ဆရာတော်”အမေးရှိလိုက်ပေပြီ။
ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။ “ဆရာတော် ဘုရားကြီး”က –
“ကြေးစည် သံကြားရင် စိတ် ထဲ အေး မသွားဘူးလား။
ရဟန်းသံံဃာ တွေ ဖူး လိုက်ရရင်ကော အေး မသွားဘူးလား။
တရားနာ လိုက်ရတော့လည်း အေး မသွားဘူးလား။
“ကြေးစည်”ဆိုတာ “အေးတာ”ကို “ကိုယ်စားပြုတာ”… “ကိလေသာအပူမီး”တွေ ဝိုင်းနေတဲ့ လူ တွေကိုအအေးဓါတ်၊ အငြိမ်းဓါတ်၊ နိဗ္ဗာနဓါတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ။
ပြီးတော့ “ကြေး”ဆိုတဲ့ သတ္တုကအလွန်အေးတာ။ ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ “ကြေး”ဖြစ်လာတာ။
ဒါကြောင့် “ကြေးစည်သံများ”မကြားလိုက်နဲ့….. တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။ ဓါတ်ရိုက်တာ၊ဓါတ်ကူးတာပေါ့”-လို့ ရှင်းပြလိုက်တော့မှ အားလုံးသဘောပေါက်သွားပါတယ်။
“ကြေးစည်သံကြားရင် ခွေး ဘာကြောင့်အူရသလဲ” “ဆရာတော်ဘုရားကြီး”က ဆက်ပြီးတော့ မေးပြန်ပါတယ်။
“ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး, ခွေးတွေက ဘာလို့ အူရတာတုန်းဗျာ…”
ကျွန်တော်တို့ မဖြေနိုင်ကြပါ။ “ကြေးစည်-က “အအေး”၊ “ခွေး”က “အပူ”ဗျ။
“ခွေး”များ ဘယ်လောက်”ပူ”တုန်းဆိုရင် “ခွေးသားစားမိသူ”ဟာ ပူလွန်းလို့ ရေချိုး ရေစိမ် လုပ်နေရဆိုပဲဗျ…”
“မှန်ပါဘုရား”
“အလွန်ပူတဲ့ ခွေး ဟာအလွန်အေး တဲ့ ကြေးစည်သံကြားတော့ ခံံစားမှု တစ်မျိုး ဖြစ်ပေါ်လာပြီး အူတော့တာပါပဲဗျာ…”
“ဆရာတော်ဘုရား” ရှင်းပြတာကို ပရိသတ်ဘဝင်ကျသွားပါတယ်။
ဒါလည်း အပူ နဲ့ အအေး ဓါတ်ချင်း ထိခတ်တုံ့ပြန်မှုတစ်မျိုးလို့နားလည် မှတ်သားခဲ့ရပါတယ်။
#Crd_မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအားဦးထိပ်ပန်ဆင်းရင်း