မင်္ဂလသုတ်ရွတ်ဖတ်ခြင်းအကျိုး

မင်္ဂလသုတ်ကိုမပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာနေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရန်ကင်းသည်၊ သူတစ်ပါးမကောင်းမကြံနိုင် ၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေပါသည်။
မင်္ဂလသုတ်ပါဠိတော်
၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။
၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။
၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊ ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂဝန္တံ - အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆။ ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ ဗာဟုသစ္စ ဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ။ ဧတံ မင်္ဂလ မုတ္တမံ။
၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿနံ၊
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
မင်္ဂလသုတ်မြန်မာပြန်
===========
ရှေးအခါက မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဉ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ် ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့်လျှောက်၏
၁။ (မြတ်စွာဘုရား) များစွာကုန်သော နတ်လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ (မင်္ဂလာ) တရားတို့ကို ကြံကြကုန်၏။ (အသျှင်ဘုရားသည် ) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။
၂။(နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၃။(နတ်သား) သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊ ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊ မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။
၄။(နတ်သား) အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၅။(နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း, သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း, ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၆။(နတ်သား) အလှူပေးရခြင်းလည်းကောင်း, ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း, ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း, အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၇။(နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း၊ မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း၊ သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း, ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၈။(နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း, (မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း၊ ရောင့်ရဲလွယ်ခြင်းလည်းကောင်း၊ သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း၊ သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း ဤတရားလေးပါးသည်မြင့်မြတ်သော မင်္ဂလာတရားတည်း။
၉။(နတ်သား)သည်းခံခြင်းလည်းကောင်း၊ သူတော်ကောင်းတို့၏ ဆုံးမ စကားကို နာလွယ်ခြင်းလည်းကောင်း၊ ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း၊သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊ ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၁၀။(နတ်သား) (အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း,၊အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၁၁။(နတ်သား) လောကဓံတို့နှင့် တွေ့သော အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် မတုန်လှုပ်၊ စိုးရိမ်ခြင်းမရှိ၊ကိလေသာမြူ ကင်း၏၊ ဘေးရန် မရှိ၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
၁၂။(နတ်သား) မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတို့ကို ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် (တစ်ယောက်မျှ) ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသောအရပ်တို့၌ ကြီးပွါးချမ်းသာခြင်းသို့ ရောက်၏။ ထို့ကြောင့် ထိုတရားသုံးဆယ့်ရှစ်ပါးသည် ထိုနတ်လူတို့၏ မြင့်မြတ်သော မင်္ဂလာတရားမည်၏ဟု (မှတ်လေလော့ဟု မိန့်တော်မူ၏)။
မြတ်စွာဘုရား၏ဟောကြားချက်
======================
၅။ " အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း ၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။
၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း ၊ ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း ၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း ၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း ၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၉။ အို....နတ်သား... အလှူပေးခြင်း ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း ၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် ၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း ၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း ၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း ၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။
၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း ၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ် ၊ မစိုးမရိမ် ၊ ရမ္မက်ကင်း၏ ၊ ဘေးကင်း၏ ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင် ၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။ "ဟုတင်ပြပေးလိုက်ရပါတယ် ခင်ဗျာ။
ပရိတ်ကြီး (၁၁) သုတ်စာရင်းတွင် ပထမနေရာမှ ပါဝင်သည့် မင်္ဂလသုတ်သည်ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းများမှ ဦးစီးဖွင့်လှစ်သည့် သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။ ဗုဒ္ဓ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန်လည်းဖြစ်သည်။
ဗေဒင်ချစ်ပရိသတ်ကြီးလည်း နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ပွားများ အားထုတ်ကြရန် တိုက်တွန်းနိူးဆော်လိုက်ရပါတယ် ခင်ဗျာ။