Terms and Conditions
  • ၁။ လူကြီးမင်းသည် MPT အား လူကြီးမင်း အတည်ပြု ရွေးချယ်ထားသည့် စာရင်းပေးသုံးစွဲမှု အမျိုး အစား ဝန်ဆောင်မှု၊ ပက်ကေ့ချ် နှင့် အဖိုးအခကောက်ခံသည့် အကြိမ်ရေအပေါ်မူတည်၍ အမှန် တကယ်ကျသင့်သည့်နှုန်းထားကို လူကြီးမင်း၏ အကောင့်ထဲမှ အမှန်တကယ် အလိုအလျောက် ဖြတ်တောက် နှုတ်ယူရန် အခွင့်ပေးပါသည်။
  • ၂။ အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ တစ်ကြိမ် (ဥပမာ - သက်တမ်းတိုးမှု မပါ သော သို့မဟုတ် နေ့စဉ် ကောက်ခံမှု မရှိသော) သို့မဟုတ် စဉ်ဆက်မပြတ် (ဥပမာ - နေ့စဉ်/ အပတ်စဉ် / လစဉ် ကောက်ခံမှုရှိသည့် ၃၆၅ ရက် ပက်ကေ့ချ်) ဖြစ်နိုင်ပါသည်။
  • ၃။ စာရင်းပေးသုံးစွဲမှုအမျိုးအစား ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက်ဖြစ်သည်။
  • ၄။ အမှန်တကယ်ကျသင့်သည့် နှုန်းထား ပေးဆောင်ရန် လက်ကျန်ငွေမလုံလောက်လျှင်လည်း လူကြီး မင်းအနေဖြင့် ဝန်ဆောင်မှုကို အသုံးပြုခွင့်ရှိမည်ဖြစ်ပြီး လူကြီးမင်းအား လျှော့ပေါ့နှုန်းထားကို အလိုအလျောက် ကောက်ခံသွားမည်ဖြစ်သည်။ အကယ်၍ လူကြီးမင်းတွင်ရှိသော ငွေလက်ကျန် သည် လျှော့ပေါ့နှုန်းထားထက် လျော့နည်းပါက ငွေကောက်ခံမှုပြုလုပ်မည် မဟုတ်သည့် အပြင် ထိုနေ့ အတွက် ဝန်ဆောင်မှုလဲရရှိမည်မဟုတ်ပါ။
  • ၅။ လူကြီးမင်းတွင် လက်ကျန်ငွေ အလုံအလောက်ရှိပါက လျှော့ပေါ့နှုန်းထားများ အကျိုးသက်ရောက် မည် မဟုတ်ဘဲ အမှန်တကယ်ကျသင့်သည့်နှုန်းထား ကောက်ခံခြင်းကို ပြန်လည်ဆောင်ရွက်မည် ဖြစ်သည်။
  • ၆။ လူကြီးမင်းကို တစ်ဆက်တည်းရက် (၉၀) အတွက် မည်သည့်ငွေပမာဏမှ ငွေကောက်ခံထားခြင်း မရှိပါက ဝန်ဆောင်မှုအတွက် လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှု အလိုလျောက်ရပ်စဲမည်ဖြစ်သည်။
  • ၇။ လူကြီးမင်းကို လျှော့ပေါ့ဈေးနှုန်း ကောက်ခံထားပါက အမှန်တကယ်ကျသင့်သည့် ဈေးနှုန်း သို့မ ဟုတ် လျှော့ပေါ့ဈေးနှုန်းအကြားရှိ ကွာဟခြားနားချက်အပါအဝင် အမှန်တကယ်ကျသင့်သည့် ဈေးနှုန်း သို့မဟုတ် လျှော့ပေါ့ဈေးနှုန်းအတွက် MPT က သင့်အား နောက်ကြောင်းပြန် ကောက်ခံမှု ပြုလုပ်မည် မဟုတ်ပါ။
  • ၈။ လူကြီးမင်း စာရင်းပေးသုံးစွဲမှု ရပ်စဲလိုက်ပါက MPT အနေဖြင့် ဝန်ဆောင်မှုအတွက် လူကြီးမင်းအကောင့်အား မည်သည့် နောက်ထပ်ဖြတ်တောက်မှုများ ပြုလုပ်တော့မည် မဟုတ်ပါ။
  • ၉။ အကယ်၍ဝန်ဆောင်မှုတွင် အခမဲ့စမ်းသပ်အသုံးပြုကာလ ပါရှိပါက လူကြီးမင်းအနေဖြင့် သတ်မှတ် ထားသည့် အခမဲ့စမ်းသပ်အသုံးပြုကာလအတွက်သာ ဝန်ဆောင်မှုကို အခမဲ့ သုံးစွဲနိုင်မည်ဖြစ်သည်။ အခမဲ့စမ်းသပ်အသုံးပြုကာလ ပြီးဆုံးပြီးနောက် လူကြီးမင်းထံတွင် လက်ကျန်ငွေလုံလောက်ပါက ပေးချေမှုကို ကောက်ခံမည်ဖြစ်သည်။
  • ၁၀။ လူကြီးမင်းအနေဖြင့် စာရင်းပေးသုံးစွဲမှုကို ရပ်စဲခြင်း သို့မဟုတ် လူကြီးမင်းကို တစ်ဆက်တည်းရက် (၉၀) အတွက်ငွေကောက်ခံထားခြင်း မရှိ၍ စာရင်းပေးသုံးစွဲမှုကိုရပ်စဲခြင်း အချိန်ထိ အဆိုပါ စည်းကမ်းချက်များသည် တရားဝင်မည်ဖြစ်သည်။ MPT အခပေးချေမှုစည်းမျဉ်းစည်းကမ်းများ အပြည့်အစုံကို ဤတွင် တွေ့ရှိနိုင်ပါသည်။ [ အသေးစိတ် ဖတ်ရှုရန် ]